ရခိုင်ပြည်နယ်က ဒေသခံပြည်သူတွေအတွက် မြေမြုပ်မိုင်းအန္တရာယ် ပိုမိုခြိမ်းခြောက်လာ

ရခိုင်ပြည်နယ်က ဒေသခံပြည်သူတွေအတွက် မြေမြုပ်မိုင်းအန္တရာယ် ပိုမိုခြိမ်းခြောက်လာ

အောက်တိုဘာ ၁၂- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြည်တွင်းစစ်ပဋိပက္ခတွေ အချိန်ကြာလာတာနဲ့အတူ လက်နက်ကြီး /ငယ်ကျည်ကျပြီး သေဆုံးဒဏ်ရာရသူတွေရှိတဲ့အပြင် မြေမြုပ်မိုင်းကြောင့် ဒေသခံပြည်သူတွေ သေဆုံး၊ ဒဏ်ရာရရှိမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

အခုလို မိုင်းဘေးအန္တရာယ်ကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကနေ ခပ်စိပ်စိပ်တွေ့လာရပြီး ၂၀၁၉ ခုနှစ်လယ်ပိုင်းကနေ လက်ရှိ ၂၀၂၀ ခုနှစ်အထိ မိုင်းဘေးကြောင့် ဒေသခံတွေသေဆုံးဒဏ်ရာရမှုမြင့်တက်လာတာကိုတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မိုင်းပေါက်ကွဲပြီး သေဆုံးဒဏ်ရာရမှုအများစုဟာ လက်ရှိ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရခိုင်မြောက်ပိုင်းမြို့နယ်တွေနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွေမှာ အများဆုံးကြုံတွေ့ရတာဖြစ်ပါတယ်။

မိုင်းဘေးအန္တရာယ်ဟာ မထင်မှတ်ထားတဲ့ နေရာတွေမှာ ပေါက်ကွဲမှုတွေရှိတဲ့အပြင် ကျေးရွာတွေအနီးက လယ်ကွင်းတွေ၊ မြစ်ချောင်းတွေအနီးနဲ့ စားဝတ်နေရေးအတွက် မျှစ်ချိုး၊ ဝါးခုတ် ၊ ဟင်းရှာထွက်တဲ့ ဒေသခံရွာသားတွေဟာ မိုင်းနင်းမိကြပြီး ဒဏ်ရာရသူနဲ့ သေဆုံးမှုတွေလည်းရှိသလို ကိုယ်လက်အင်္ဂါတွေဆုံးရှုံးရမှုတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ နေ့လယ်ပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဗန်းပွီးကျေးရွာက ဒေသခံ (၆) ယောက်ဟာ ကျေးရွာရဲ့အနောက်ဖက်မှာတည်ရှိတဲ့ အထက်မြတ်လေးကျေးရွာအနီး၊ လိပ်ပုတ်တောင်ကို ဖျံဥ သွားတူးချိန် မြေမြုပ်မိုင်းနင်းမိတာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

ဖျံဥ သွားတူရာမှာ ဗန်းပွီးကျေးရွာက ဒေသခံ အမျိုးသမီးလေးဦးနဲ့ အမျိုးသား နှစ်ဦး ပါဝင်ကြောင်းနဲ့ အဲဒီထဲက မဆန်းဆန်းအေး အသက် (၁၉) နှစ်ဟာ ညာဖက်ခြေထောက်ပြတ်တဲ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့ အမျိုးသမီး နှစ်ယောက်ကတော့ ဒေါ်မထွေး အသက်(၂၅) နှစ် ညာဖက်လက်ဒဏ်ရာနဲ့ ဒေါ်လပြည့်မမှာ ခန္ဓာကိုယ်နဲ့ မျက်နှာတွေမှာ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အခုနှစ် မေလ ၂၄ နေ့ ကလည်း ကံသစ်ကျေးရွာက သစ်ခုတ်သွားတဲ့ အမျိုးသားနှစ်ဦးဟာ ပုဏ္ဏားကျွန်းမြို့နဲ့ ၁၀ မိုင်လောက်အကွာအဝေးမှာရှိတဲ့ မင်းမောက်တောင်တန်း အဆင်းမှာ မိုင်းနှစ်လုံးပေါက်ကွဲတာကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ဗန်းပွီးကျေးရွာက ဒေသခံတစ်ဦးပြောတာက” မိုင်းပေါက်တာနဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့ အလွန်တစ်ရာမှ စိုးရိမ်မှုတော့ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ စားဝတ်နေရေးအတွက် မျှစ် တစ်ချောင်းတောင် မရှာလို့ မဖြစ်တော့ဘူး။ နောက်ထပ်သွားရင်လည်း နောက်ထပ်ပေါက်မှာပဲ။ ဘာကြောင့်လည်းဆိုတော့ နှစ်ဖက် စစ်ကြောင်းတွေကိုလည်း အပြစ်တင်လို့မရဘူး။ ကျနော်တို့အနေနဲ့ အဓိကဖြစ်စေချင်တာကတော့ ဒီစစ်ကို ငြိမ်းစေချင်တဲ့ သဘောရှိပါတယ်” လို့ ပြောပါတယ်။

မြေမြုပ်မိုင်းအန္တရာယ်ကြောင့် ရခိုင်မြောက်ပိုင်း မြို့နယ်တွေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာ ဒေသခံတွေ သေဆုံးဒဏ်ရာရရှိမှု အများဆုံးတွေ့ရပြီး ရခိုင်ပြည်နယ်အလယ်ပိုင်း အမ်းမြို့နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွေမှာလည်း အရပ်သားဒေသခံပြည်သူတွေ မြေမြုပ်မိုင်းနင်းမိရာကနေ သေဆုံးဒဏ်ရာရရှိမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် င/တောက်တူချေကျေးရွာက ဒေသခံ ရွာသားတစ်ဦးဟာ မိမိနေအိမ်အနီးက လယ်ကွင်းမှာ နွားကျောင်းနေစဉ် မိုင်းနင်းမိတာကြောင့် သေဆုံးသွားခဲ့ပါတယ်။

ရသေ့တောင်မြို့နယ်အတွင်း မြေမြုပ်မိုင်းအန္တရာယ်ကြောင့် သေဆုံးသူ (၇) ဦးခန့်ရှိကြောင်းနဲ့ ဒဏ်ရာရသူ (၁၀) ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလို ဒဏ်ရာရသေဆုံးသူတွေဟာ မိမိတို့ရဲ့ နေအိမ်ခြံဝင်းတွေ၊ ယာခင်းတွေနဲ့ တောတောင်တွေမှာ သစ်ခုတ်၊ ဝါးခုတ်၊ မျှစ်ချိုးဖို့သွားတဲ့အခါတွေမှာ မိုင်းနင်းမိပြီး ပေါက်ကွဲရာကနေ သေဆုံးဒဏ်ရာရှိမှုတွေရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ကိုဘက္ကာက ပြောပါတယ်။

” မြေမြုပ်မိုင်းအန္တရာယ်က ဒေသခံတွေအတွက် ခြိမ်းခြောက်မှု အများကြီးရှိပါတယ်။ လက်ရှိမှာ ဒေသခံတွေက မိမိတို့ ရပ်ရွာ၊ အိမ်တွေကို စွန့်ပြီးတော့ ထွက်ပြေးနေရတာပေါ့။ သူတို့တွေ အနေနဲ့ဆိုရင် မိမိတို့ရဲ့ ရွာကိုပြန်သွားဖို့အတွက် ခြေလှမ်းတစ်လှမ်းကိုတောင် မလျှောက်ရဲ အဲ့ဒီလိုဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့မှာ သာဓကတွေက အများကြီးရှိတာပေါ့။ ရွာကိုဝင်တာမှာ မိုင်းကွဲလို့သေတာတွေ၊ မိမိတို့ တောင်ယာတွေကို သွားတာမှာ မိုင်းကွဲတာတွေ အဲ့ဒီလို ဖြစ်ရိုးဖြစ်စဉ်တွေ အများကြီးရှိတာကြောင့် စိုးရိမ်မှုကတော့ အများကြီး ရှိတာပေါ့၊ ဟိုနေရာလည်း မသွားရဲ ၊ ဒီနေရာလည်းမသွားရဲ ဆိုတော့ စိုးရိမ်မှုကတော့လွန်ကဲမှု အများအပြားရှိပါတယ်” လို့ ကိုဘက္ကာက ပြောပါတယ်။

အခုလိုမျိုး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသတွေမှာ မိုင်းဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး သီးခြားအသိပညာပေးမှုတွေ ဆောင်ရွက်ဖို့အတွက် အဖွဲ့အစည်းတွေအများကြီးလိုကြောင်းနဲ့ အဲ့ဒီလို လုပ်ဆောင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့ အသင့်ရှိတယ်လို့ ကိုဘက္ကာက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း မင်းပြားမြို့နယ်အတွင်း ရွှေကျင်ကျေးရွာအနီးမှာ မြေမြုပ်မိုင်းတစ်လုံးပေါက်ကွဲတာကြောင့် ကလေး(၃) ယောက်နဲ့ အမျိုးသမီး (၅) ယောက် ဒဏ်ရာရရှိသွားတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးတဲ့အပြင် ၂၀၁၉ ခုနှစ် မေလ ၂၄ ရက်မှာလည်း ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာက အသက် (၁၈) နှစ်အရွယ် လူငယ်တစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရှိသွားတဲ့ ဖြစ်စဉ်တွေရှိဖူးပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့လ ၁၈ ရက်နေ့က မျှစ်ရှာသွားစဉ် မိုင်းနင်းမိပြီး ဒေသခံအမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးပါတယ်။

ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထိုက်ကလည်း မြေမြုပ်မိုင်း နင်းမိတာကြောင့် ပလက်ဝဒေသမှာဒေသခံတွေ ထိခိုက်ဒဏ်ရာရသေဆုံးတာတွေရှိကြောင်းနဲ့ အရေအတွက်အတိအကျကိုတော့ ပြောဖို့ခက်ကြောင်း ပြောပါတယ်။

” မိုင်းတွေက အရင်ကလည်း ထိပြီးတော့ ဆေးရုံရောက်တဲ့ လူနာတွေလည်းရှိတာပေါ့လေ။ အရေအတွက်နဲ့ အတိအကျပြောလို့တော့ မရဘူးပေါ့နော်။ ထိခိုက်ဒဏ်ရာရတာတွေကတော့ ဆေးရုံကိုပို့တာတွေရှိပါတယ်။” လို့ ပလက်ဝမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထိုက်ကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြေမြုပ်မိုင်းအန္တာရယ်ကြောင့် သေဆုံးသူ(၃၂) ယောက်ရှိကြောင်းနဲ့ ဒဏ်ရာရှိသူ (၆၂) ယောက်ရှိကြောင်း ရခိုင်မျိုးနွယ်များအစည်းအရုံး (REC) ရဲ့ စာရင်းတွေအရသိရပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်း မြေမြုပ်မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ဒေသခံတွေကို မသင်္ကာတဲ့နေရာတွေ၊ တောတောင်တွေ၊ ချုံထူထပ်တဲ့နေရာတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကိုတွေ့ရင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ်တာဝန်ရှိသူတွေကို အကြောင်းကြားဖို့ ကို မကြာခဏဆိုသလိုပြောကြားတာတွေရှိတယ်လို့ သိရပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသတွေမှာ တပ်မတော်နဲ့ အေအေတို့ရဲ့ နှစ်ဖက် စစ်ရေးပဋိပက္ခတွေ မြှင့်တက်နေတာကြောင့် သိန်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေနယ်ရပ်စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်တွင်းစစ်ကာလ တစ်နှစ်ကျော်၊ ၂ နှစ်နီးပါးအတွင်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးရှောင် (၂) သိန်း (၂) သောင်းကျော်ထိရှိလာပြီး အရပ်သား သေဆုံးမှုဟာလည်း (၃၀၀) ဝန်းကျင်ရှိကာ ဒဏ်ရာရရှိသူ (၇၀၀) နီးပါရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ်။

ကာလကြာရှည်လာပြီး အရပ်သားထိခိုက်၊ သေဆုံး၊ဒဏ်ရာရရှိမှုတွေများလာနေတဲ့ ပြည်တွင်းစစ်ရေးပဋိပက္ခကို အမြန်ဆုံးရပ်တန့်ပြီး စားပွဲဝိုင်ပေါ်မှာ အဖြေရှာကြဖို့ ဒေသခံပြည်သူတွေ၊ ရခိုင်အရပ်ဖက်အဖွဲ့ အစည်းတွေနဲ့ နိုင်ငံတကာကပါ တောင်းဆိုနေကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရခိုင် #မိုင်းအန္တရာယ်

Zawgyi

ရခိုင္ျပည္နယ္က ေဒသခံျပည္သူေတြအတြက္ ေျမျမဳပ္မိုင္းအႏၲရာယ္ ပိုမိုၿခိမ္းေျခာက္လာ

ေအာက္တိုဘာ ၁၂- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျပည္တြင္းစစ္ပဋိပကၡေတြ အခ်ိန္ၾကာလာတာနဲ႔အတူ လက္နက္ႀကီး /ငယ္က်ည္က်ၿပီး ေသဆုံးဒဏ္ရာရသူေတြရွိတဲ့အျပင္ ေျမျမဳပ္မိုင္းေၾကာင့္ ေဒသခံျပည္သူေတြ ေသဆုံး၊ ဒဏ္ရာရရွိမႈေတြနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနၾကရတာ ျဖစ္ပါတယ္။

အခုလို မိုင္းေဘးအႏၲရာယ္ေၾကာင့္ ေဒသခံေတြ ထိခိုက္ဒဏ္ရာရေသဆုံးမႈေတြဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ႏွစ္ကုန္ပိုင္းေလာက္ကေန ခပ္စိပ္စိပ္ေတြ႕လာရၿပီး ၂၀၁၉ ခုႏွစ္လယ္ပိုင္းကေန လက္ရွိ ၂၀၂၀ ခုႏွစ္အထိ မိုင္းေဘးေၾကာင့္ ေဒသခံေတြေသဆုံးဒဏ္ရာရမႈျမင့္တက္လာတာကိုေတြ႕ရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

မိုင္းေပါက္ကြဲၿပီး ေသဆုံးဒဏ္ရာရမႈအမ်ားစုဟာ လက္ရွိ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈေတြရွိေနတဲ့ ရခိုင္ေျမာက္ပိုင္းၿမိဳ႕နယ္ေတြနဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္ေတြမွာ အမ်ားဆုံးႀကဳံေတြ႕ရတာျဖစ္ပါတယ္။

မိုင္းေဘးအႏၲရာယ္ဟာ မထင္မွတ္ထားတဲ့ ေနရာေတြမွာ ေပါက္ကြဲမႈေတြရွိတဲ့အျပင္ ေက်း႐ြာေတြအနီးက လယ္ကြင္းေတြ၊ ျမစ္ေခ်ာင္းေတြအနီးနဲ႔ စားဝတ္ေနေရးအတြက္ မွ်စ္ခ်ိဳး၊ ဝါးခုတ္ ၊ ဟင္းရွာထြက္တဲ့ ေဒသခံ႐ြာသားေတြဟာ မိုင္းနင္းမိၾကၿပီး ဒဏ္ရာရသူနဲ႔ ေသဆုံးမႈေတြလည္းရွိသလို ကိုယ္လက္အဂၤါေတြဆုံးရႈံးရမႈေတြနဲ႔ ႀကဳံေတြ႕ေနရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၉ ရက္ေန႔ ေန႔လယ္ပိုင္းကလည္း ပုဏၰားကြၽန္းၿမိဳ႕နယ္အတြင္း ဗန္းပြီးေက်း႐ြာက ေဒသခံ (၆) ေယာက္ဟာ ေက်း႐ြာရဲ႕အေနာက္ဖက္မွာတည္ရွိတဲ့ အထက္ျမတ္ေလးေက်း႐ြာအနီး၊ လိပ္ပုတ္ေတာင္ကို ဖ်ံဥ သြားတူးခ်ိန္ ေျမျမဳပ္မိုင္းနင္းမိတာေၾကာင့္ အမ်ိဳးသမီးတစ္ဦးေသဆုံးၿပီး (၂) ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာထားပါတယ္။

ဖ်ံဥ သြားတူရာမွာ ဗန္းပြီးေက်း႐ြာက ေဒသခံ အမ်ိဳးသမီးေလးဦးနဲ႔ အမ်ိဳးသား ႏွစ္ဦး ပါဝင္ေၾကာင္းနဲ႔ အဲဒီထဲက မဆန္းဆန္းေအး အသက္ (၁၉) ႏွစ္ဟာ ညာဖက္ေျခေထာက္ျပတ္တဲ့အျပင္ ခႏၶာကိုယ္တစ္ခုလုံးရတဲ့ဒဏ္ရာေတြနဲ႔ ေသဆုံးခဲ့ၿပီး ဒဏ္ရာရတဲ့ အမ်ိဳးသမီး ႏွစ္ေယာက္ကေတာ့ ေဒၚမေထြး အသက္(၂၅) ႏွစ္ ညာဖက္လက္ဒဏ္ရာနဲ႔ ေဒၚလျပည့္မမွာ ခႏၶာကိုယ္နဲ႔ မ်က္ႏွာေတြမွာ ဒဏ္ရာရရွိသြားတယ္လို႔ သိရပါတယ္။

ပုဏၰားကြၽန္းၿမိဳ႕နယ္အတြင္း အခုႏွစ္ ေမလ ၂၄ ေန႔ ကလည္း ကံသစ္ေက်း႐ြာက သစ္ခုတ္သြားတဲ့ အမ်ိဳးသားႏွစ္ဦးဟာ ပုဏၰားကြၽန္းၿမိဳ႕နဲ႔ ၁၀ မိုင္ေလာက္အကြာအေဝးမွာရွိတဲ့ မင္းေမာက္ေတာင္တန္း အဆင္းမွာ မိုင္းႏွစ္လုံးေပါက္ကြဲတာေၾကာင့္ ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိခဲ့ၾကပါတယ္။

ပုဏၰားကြၽန္းၿမိဳ႕နယ္ ဗန္းပြီးေက်း႐ြာက ေဒသခံတစ္ဦးေျပာတာက” မိုင္းေပါက္တာနဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔အေနနဲ႔ အလြန္တစ္ရာမွ စိုးရိမ္မႈေတာ့ရွိပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔အေနနဲ႔ စားဝတ္ေနေရးအတြက္ မွ်စ္ တစ္ေခ်ာင္းေတာင္ မရွာလို႔ မျဖစ္ေတာ့ဘူး။ ေနာက္ထပ္သြားရင္လည္း ေနာက္ထပ္ေပါက္မွာပဲ။ ဘာေၾကာင့္လည္းဆိုေတာ့ ႏွစ္ဖက္ စစ္ေၾကာင္းေတြကိုလည္း အျပစ္တင္လို႔မရဘူး။ က်ေနာ္တို႔အေနနဲ႔ အဓိကျဖစ္ေစခ်င္တာကေတာ့ ဒီစစ္ကို ၿငိမ္းေစခ်င္တဲ့ သေဘာရွိပါတယ္” လို႔ ေျပာပါတယ္။

ေျမျမဳပ္မိုင္းအႏၲရာယ္ေၾကာင့္ ရခိုင္ေျမာက္ပိုင္း ၿမိဳ႕နယ္ေတြျဖစ္တဲ့ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံ၊ ပုဏၰားကြၽန္း ၿမိဳ႕နယ္ေတြမွာ ေဒသခံေတြ ေသဆုံးဒဏ္ရာရရွိမႈ အမ်ားဆုံးေတြ႕ရၿပီး ရခိုင္ျပည္နယ္အလယ္ပိုင္း အမ္းၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္ေတြမွာလည္း အရပ္သားေဒသခံျပည္သူေတြ ေျမျမဳပ္မိုင္းနင္းမိရာကေန ေသဆုံးဒဏ္ရာရရွိမႈေတြလည္း ရွိေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၉ ရက္ေန႔ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္ င/ေတာက္တူေခ်ေက်း႐ြာက ေဒသခံ ႐ြာသားတစ္ဦးဟာ မိမိေနအိမ္အနီးက လယ္ကြင္းမွာ ႏြားေက်ာင္းေနစဥ္ မိုင္းနင္းမိတာေၾကာင့္ ေသဆုံးသြားခဲ့ပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း ေျမျမဳပ္မိုင္းအႏၲရာယ္ေၾကာင့္ ေသဆုံးသူ (၇) ဦးခန႔္ရွိေၾကာင္းနဲ႔ ဒဏ္ရာရသူ (၁၀) ေက်ာ္ေလာက္ရွိတယ္လို႔ သိရပါတယ္။

အဲ့ဒီလို ဒဏ္ရာရေသဆုံးသူေတြဟာ မိမိတို႔ရဲ႕ ေနအိမ္ၿခံဝင္းေတြ၊ ယာခင္းေတြနဲ႔ ေတာေတာင္ေတြမွာ သစ္ခုတ္၊ ဝါးခုတ္၊ မွ်စ္ခ်ိဳးဖို႔သြားတဲ့အခါေတြမွာ မိုင္းနင္းမိၿပီး ေပါက္ကြဲရာကေန ေသဆုံးဒဏ္ရာရွိမႈေတြရွိတယ္လို႔ စစ္ေဘးေရွာင္ေတြကို ကူညီေနတဲ့ ကိုဘကၠာက ေျပာပါတယ္။

” ေျမျမဳပ္မိုင္းအႏၲရာယ္က ေဒသခံေတြအတြက္ ၿခိမ္းေျခာက္မႈ အမ်ားႀကီးရွိပါတယ္။ လက္ရွိမွာ ေဒသခံေတြက မိမိတို႔ ရပ္႐ြာ၊ အိမ္ေတြကို စြန႔္ၿပီးေတာ့ ထြက္ေျပးေနရတာေပါ့။ သူတို႔ေတြ အေနနဲ႔ဆိုရင္ မိမိတို႔ရဲ႕ ႐ြာကိုျပန္သြားဖို႔အတြက္ ေျခလွမ္းတစ္လွမ္းကိုေတာင္ မေလွ်ာက္ရဲ အဲ့ဒီလိုျဖစ္ေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေရွ႕မွာ သာဓကေတြက အမ်ားႀကီးရွိတာေပါ့။ ႐ြာကိုဝင္တာမွာ မိုင္းကြဲလို႔ေသတာေတြ၊ မိမိတို႔ ေတာင္ယာေတြကို သြားတာမွာ မိုင္းကြဲတာေတြ အဲ့ဒီလို ျဖစ္႐ိုးျဖစ္စဥ္ေတြ အမ်ားႀကီးရွိတာေၾကာင့္ စိုးရိမ္မႈကေတာ့ အမ်ားႀကီး ရွိတာေပါ့၊ ဟိုေနရာလည္း မသြားရဲ ၊ ဒီေနရာလည္းမသြားရဲ ဆိုေတာ့ စိုးရိမ္မႈကေတာ့လြန္ကဲမႈ အမ်ားအျပားရွိပါတယ္” လို႔ ကိုဘကၠာက ေျပာပါတယ္။

အခုလိုမ်ိဳး ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝေဒသေတြမွာ မိုင္းေဘးအႏၲရာယ္ေတြနဲ႔ ပတ္သက္ၿပီး သီးျခားအသိပညာေပးမႈေတြ ေဆာင္႐ြက္ဖို႔အတြက္ အဖြဲ႕အစည္းေတြအမ်ားႀကီးလိုေၾကာင္းနဲ႔ အဲ့ဒီလို လုပ္ေဆာင္ဖို႔အတြက္ ပူးေပါင္းေဆာင္႐ြက္မႈေတြျပဳလုပ္ဖို႔ အသင့္ရွိတယ္လို႔ ကိုဘကၠာက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ ၁၉ ရက္ေန႔ကလည္း မင္းျပားၿမိဳ႕နယ္အတြင္း ေ႐ႊက်င္ေက်း႐ြာအနီးမွာ ေျမျမဳပ္မိုင္းတစ္လုံးေပါက္ကြဲတာေၾကာင့္ ကေလး(၃) ေယာက္နဲ႔ အမ်ိဳးသမီး (၅) ေယာက္ ဒဏ္ရာရရွိသြားတဲ့ ျဖစ္စဥ္ေတြလည္း ရွိခဲ့ဖူးတဲ့အျပင္ ၂၀၁၉ ခုႏွစ္ ေမလ ၂၄ ရက္မွာလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ေခ်ာင္းတူေက်း႐ြာက အသက္ (၁၈) ႏွစ္အ႐ြယ္ လူငယ္တစ္ဦး မိုင္းနင္းမိၿပီး ဒဏ္ရာရွိသြားတဲ့ ျဖစ္စဥ္ေတြရွိဖူးပါတယ္။

ဒါ့အျပင္ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့လ ၁၈ ရက္ေန႔က မွ်စ္ရွာသြားစဥ္ မိုင္းနင္းမိၿပီး ေဒသခံအမ်ိဳးသမီးတစ္ဦး ပြဲခ်င္းၿပီး ေသဆုံးသြားတဲ့ ျဖစ္စဥ္ေတြလည္း ရွိခဲ့ဖူးပါတယ္။

ပလက္ဝၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးမ်ိဳးထိုက္ကလည္း ေျမျမဳပ္မိုင္း နင္းမိတာေၾကာင့္ ပလက္ဝေဒသမွာေဒသခံေတြ ထိခိုက္ဒဏ္ရာရေသဆုံးတာေတြရွိေၾကာင္းနဲ႔ အေရအတြက္အတိအက်ကိုေတာ့ ေျပာဖို႔ခက္ေၾကာင္း ေျပာပါတယ္။

” မိုင္းေတြက အရင္ကလည္း ထိၿပီးေတာ့ ေဆး႐ုံေရာက္တဲ့ လူနာေတြလည္းရွိတာေပါ့ေလ။ အေရအတြက္နဲ႔ အတိအက်ေျပာလို႔ေတာ့ မရဘူးေပါ့ေနာ္။ ထိခိုက္ဒဏ္ရာရတာေတြကေတာ့ ေဆး႐ုံကိုပို႔တာေတြရွိပါတယ္။” လို႔ ပလက္ဝၿမိဳ႕နယ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးမ်ိဳးထိုက္ကေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း ေျမျမဳပ္မိုင္းအႏၲာရယ္ေၾကာင့္ ေသဆုံးသူ(၃၂) ေယာက္ရွိေၾကာင္းနဲ႔ ဒဏ္ရာရွိသူ (၆၂) ေယာက္ရွိေၾကာင္း ရခိုင္မ်ိဳးႏြယ္မ်ားအစည္းအ႐ုံး (REC) ရဲ႕ စာရင္းေတြအရသိရပါတယ္။

အရပ္ဖက္အဖြဲ႕အစည္းေတြအေနနဲ႔ ရခိုင္ျပည္နယ္အတြင္း ေျမျမဳပ္မိုင္းအႏၲရာယ္နဲ႔ ပတ္သက္ၿပီး ေဒသခံေတြကို မသကၤာတဲ့ေနရာေတြ၊ ေတာေတာင္ေတြ၊ ခ်ဳံထူထပ္တဲ့ေနရာေတြနဲ႔ မေပါက္ကြဲေသးတဲ့ လက္နက္ႀကီးက်ည္ေတြကိုေတြ႕ရင္ အရပ္ဖက္အဖြဲ႕အစည္းေတြနဲ႔ သက္ဆိုင္ရာ ေက်း႐ြာ၊ ၿမိဳ႕နယ္တာဝန္ရွိသူေတြကို အေၾကာင္းၾကားဖို႔ ကို မၾကာခဏဆိုသလိုေျပာၾကားတာေတြရွိတယ္လို႔ သိရပါတယ္။

ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝေဒသေတြမွာ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ ႏွစ္ဖက္ စစ္ေရးပဋိပကၡေတြ ျမႇင့္တက္ေနတာေၾကာင့္ သိန္းနဲ႔ခ်ီတဲ့ ေဒသခံျပည္သူေတြနယ္ရပ္စြန႔္ခြာၿပီး စစ္ေဘးေရွာင္စခန္းေတြမွာ ခိုလႈံေနရတာ ျဖစ္ပါတယ္။

ရခိုင္ျပည္တြင္းစစ္ကာလ တစ္ႏွစ္ေက်ာ္၊ ၂ ႏွစ္နီးပါးအတြင္း ေနရပ္စြန႔္ခြာထြက္ေျပးရတဲ့ စစ္ေဘးေရွာင္ (၂) သိန္း (၂) ေသာင္းေက်ာ္ထိရွိလာၿပီး အရပ္သား ေသဆုံးမႈဟာလည္း (၃၀၀) ဝန္းက်င္ရွိကာ ဒဏ္ရာရရွိသူ (၇၀၀) နီးပါရွိေၾကာင္း အရပ္ဖက္အဖြဲ႕အစည္းေတြရဲ႕ ထုတ္ျပန္ထားတဲ့စာရင္းေတြအရ သိရပါတယ္။

ကာလၾကာရွည္လာၿပီး အရပ္သားထိခိုက္၊ ေသဆုံး၊ဒဏ္ရာရရွိမႈေတြမ်ားလာေနတဲ့ ျပည္တြင္းစစ္ေရးပဋိပကၡကို အျမန္ဆုံးရပ္တန႔္ၿပီး စားပြဲဝိုင္ေပၚမွာ အေျဖရွာၾကဖို႔ ေဒသခံျပည္သူေတြ၊ ရခိုင္အရပ္ဖက္အဖြဲ႕ အစည္းေတြနဲ႔ ႏိုင္ငံတကာကပါ ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရခိုင္ #မိုင္းအႏၲရာယ္

Related posts

Leave a Comment

VOM News

FREE
VIEW