ရှမ်းပြည်နယ်က မြို့နယ်အချို့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ကိစ္စ ပါတီအချို့ဝေဖန်မှုတွေရှိနေ

ရှမ်းပြည်နယ်က မြို့နယ်အချို့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ကိစ္စ ပါတီအချို့ဝေဖန်မှုတွေရှိနေ

အောက်တိုဘာ ၁၇-၂၀၂၀
နေနန်းနွယ်(VOM)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပခြင်းမပြုနိုင်တဲ့ နယ်မြေတွေကို မနေ့ အောက်တိုဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ရှမ်းပြည်နယ်ရှိ မြို့နယ် ၆ မြို့နယ်က နယ်မြေအားလုံးနဲ့ မြို့နယ် ၁၇ ခုအတွင်းရှိ ကျေးရွာအုပ်စု ၁၃၃ ခု နှင့် ရပ်ကွက် ၇ ခု ပါဝင်တယ်လို့ သိရပါသည်။

“ရှမ်းပြည်နယ်မှာက အဓိက ၆ မြို့နယ်ပေါ့။ ၆ မြို့နယ်ထဲမှာ ၅ မြို့နယ်ကတော့ အရင်တုန်းက ၂၀၁၅ မှာလည်း မကျင်းပခဲ့နိုင်ဘူး၊ ဟိုး အရင်တုန်းကလည်း မကျင်းပနိုင်ခဲ့ဘူး၊ ၁၉၉၀ လောက်ထဲက မလုပ်ခဲ့နိုင်တဲ့နေရာတွေဖြစ်တယ်။ မိုင်းကိုင်ကိုကျတော့ ဘာအကြောင်းပြချက်မှ သိပ် လောက်လောက်လားလားမတွေ့ဘူး၊ အဲ့ဒါကို ပိတ်တယ်ဆိုတာကိုတော့ ကျွန်တော်တော့ သိပ်နားမလည်နိုင်ဖြစ်တယ်။ မကျင်းပရခြင်းအကြောင်းအရင်းကိုလည်း သူတို့ သေသေချာချာ ထုတ်ပြန်တာမျိုးမရှိသေးဘူး။ ယေဘုယျဆန်တဲ့ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့်ဆိုတာပဲ ပါတယ်။ ဘာအကြောင်းပြချက်လဲ၊ လုံခြုံရေးလား၊ ကျန်းမာရေးလားပေါ့။ လုံခြုံရေးလို့ အကြောင်းပြချက်ပြတယ်ဆိုရင်လည်း မိုင်းကိုင်လိုမျိုးဆို ပြောစရာရှိတယ်။ ဘာလုံခြုံရေးပြဿနာမှမရှိဘူး တိုက်ပွဲလည်း ဖြစ်မနေဘူး။ ဘာဖြစ်လို့လဲပေါ့။ ရခိုင်မှာဆိုလည်း တချို့မြို့နယ်တွေက လုံခြုံရေးပြဿနာရှိမနေဘူးဆိုပြီး ရခိုင်က မိတ်ဆွေတွေဆီက ကြားရတယ်။ လုံခြုံရေးကြောင့်လို့ အကြောင်းပြချက်ပြတယ်ဆိုရင်လည်း ပလက်ဝကျတော့ ဘာလို့ ကျင်းပခွင့်ပြုသလဲ၊ ပလက်ဝကလည်း ကောင်းနေပြီလားပေါ့။ ဝိဝါဒကွဲစရာတွေဖြစ်လာတယ် မေးခွန်းထုတ်စရာတွေလည်း ဖြစ်လာတယ်။ ဒါက လုံခြုံရေးအကြောင်းပြချက်ကြောင့်သာ ဆိုရင်ပေါ့။ တကယ်လို့ ကျန်းမာရေးရှုထောင့်ကနေ ပိတ်တယ်လို့ပြောမယ်ဆိုရင် ရန်ကုန်လိုမျိုးမှာ ဘာလို့၄၄ မြို့နယ်လုံး အကုန်လုံးကျင်းပလဲ။ Stay At Home နဲ့ Lockdown တွေကြောင့် မြို့နယ်တောင် ကျော်လို့မရတဲ့ နေရာတွေမှာလေ။ ပယ်ဖျက်တဲ့ နေရာတွေအကုန်လုံးကို လွှမ်းခြုံပြီး အကုန်လုံးပြောရမယ်ဆိုရင် ပြည်မပါတီတွေ မနိုင်နိုင်တဲ့ နေရာတွေဖြစ်နေတယ်။ မနိုင်နိုင်တဲ့နေရာတွေဖြစ်နေတော့ မပြေးသော် ကန်ရာရှိပေါ့ဗျာ။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားပါတီတွေကို ထိခိုက်အောင်များ လုပ်နေသလားဆိုတဲ့ သံသယက ဗမာမဟုတ်တဲ့ တိုင်းရင်းသားပါတီတွေမှာ အများကြီးဖြစ်နေပြီလေ။ အဲ့ဒါကို ဖြေရှင်းနိုင်ဖို့ဆိုရင်တော့ ဘယ်မြို့နယ်၊ ဘယ်ကျေးရွာတွေကိုတော့ ဘာကြောင့်ပိတ်တယ်ဆိုတဲ့ အကြောင်းအကျိုးအသေးစိတ်ကိုတော့ UEC က ထုတ်ပြန်သင့်တယ်” ဖြစ်တယ်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှုး စိုင်းကျော်ညွန့်ကပြောပါတယ်။

နမ့်ဆမ်၊ ပလောင်ဒေသအုပ်စု အုပ်ချုပ်ရေးမှူးတဦးပြောပြတာကလည်း ” ကျနော်တို့ဒေသမှာ ဘာတိုက်ပွဲ ဘာသေနတ်သံမှ မကြားရဘဲ မဲမပေးရတော့ဘူးဆိုတော့ ကျနော်တို့အခွင့်အရေးဆုံးရှုံးရတယ်၊ ဒီအတွက် ဘယ်အဖွဲ့၊ ဘယ်အစိုးရက တာဝန်ယူပေးကြမလဲ ကျနော်တို့အကြီးကြီးပြင်ထားရတာ”လို့ ပြောပါတယ်

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ရှမ်းပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ RCSS မှ ပြော‌ရေးဆိုခွင့်ရှိသူ စဝ်အုမ်ခေးကလည်း “အခုလောလောဆယ်တော့ သုံးသပ်ချက်တော့ မပေးချင်သေးပါဘူး၊ ပြည်သူလူထုရဲ့အသံကို အရင်နားထောင်ရပါဦးမယ်၊ ပြည်သူလူထုရဲ့ မဲပေးပိုင်ခွင့်ကတော့ နစ်နာဆုံးရှုံးသွားရတာပေါ့၊ မဖြစ်သင့်ဘူးလို့တော့ မှတ်ချက်ပေးချင်ပါတယ်”လို့ ပြောပါတယ်။

ရှမ်းပြည်နယ်ရှိ ရွေးကောက်ပွဲ ကျင်းပခြင်း မပြုလုပ်ရမယ့် မြို့နယ်တွေကတော့ မိုင်းလားမြို့နယ်၊ ပန်ဆန်း (ပန်ခမ်း) မြို့နယ်၊ နားဖန်းမြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်နှင့် မိုင်းကိုင်မြို့နယ်တစ်ခုလုံးနဲ့ ကျောက်မဲမြို့နယ်မှ ကျေးရွာအုပ်စု (၁၂) အုပ်စု၊ နောင်ချိုမြို့နယ်မှ ဆိပ်ဖူး ကျေးရွာအုပ်စု၊ နမ့်ဆန်မြို့နယ်မှ ကျေးရွာအုပ်စု (၃) အုပ်စု၊ မန်တုံမြို့နယ်မှ ကျေးရွာအုပ်စု (၂) အုပ်စု၊ မိုင်းခတ်မြို့နယ်မှ ကျေးရွာအုပ်စု (၄) အုပ်စု၊ မိုင်းယန်းမြို့နယ်မှ ရပ်ကွက် (၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၃) အုပ်စု၊ မိုင်းဖြတ်မြို့နယ်မှ လုံကောင့်ကျေးရွာအုပ်စု၊ မိုင်းယောင်းမြို့နယ်မှ ကျေးရွာအုပ်စု (၈) အုပ်စု၊ ကွတ်ခိုင်မြို့နယ်မှ ကျေးရွာအုပ်စု (၄) အုပ်စု၊ မူဆယ်မြို့နယ်မှ ရပ်ကွက် (၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၉) အုပ်စု၊ မက်မန်းမြို့နယ်မှကျေးရွာအုပ်စု (၁၇) အုပ်စု၊ မိုင်းတုံမြို့နယ်မှ ကျေးရွာအုပ်စု (၃) အုပ်စု၊ တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု (၁၁) အုပ်စု၊ လားရှိုးမြို့နယ်မှ ကျေးရွာအုပ်စု (၆) အုပ်စု၊ ကွမ်းလုံမြို့နယ်မှ မန်ပြိန်းကျေးရွာအုပ်စု၊ ကုန်းကြမ်း မြို့နယ်မှ ဟုံအိုက်ကျေးရွာအုပ်စု၊ ဟိုပန်မြို့နယ်မှ ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၇) အုပ်စုတို့ ဖြစ်တယ်လို့ ကြေညာချက်အမှတ် (၁၉၇/၂၀၂၀)မှာ ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရှမ်းပြည်နယ် #မဲပေးခွင့်မရှိတဲ့နေရာ #ဝေဖန်မှု

Zawgyi

ရွမ္းျပည္နယ္က ၿမိဳ႔နယ္အခ်ိဳ႔ ေရြးေကာက္ပြဲမက်င္းပႏိုင္တဲ့ကိစၥ ပါတီအခ်ိဳ႔ေဝဖန္မႈေတြရွိေန

ေအာက္တိုဘာ ၁၇-၂၀၂၀
ေနနန္းႏြယ္(VOM)

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေ႐ြးေကာက္ပြဲ က်င္းပျခင္းမျပဳႏိုင္တဲ့ နယ္ေျမေတြကို မေန႔ ေအာက္တိုဘာလ ၁၆ ရက္ေန႔က ထုတ္ျပန္ခဲ့ရာ ရွမ္းျပည္နယ္ရွိ ၿမိဳ႕နယ္ ၆ ၿမိဳ႔နယ္က နယ္ေျမအားလံုးနဲ႔ ၿမိဳ႕နယ္ ၁၇ ခုအတြင္းရွိ ေက်း႐ြာအုပ္စု ၁၃၃ ခု ႏွင့္ ရပ္ကြက္ ၇ ခု ပါဝင္တယ္လို႔ သိရပါသည္။

“ရွမ္းျပည္နယ္မွာက အဓိက ၆ ၿမိဳ႕နယ္ေပါ့။ ၆ ၿမိဳ႕နယ္ထဲမွာ ၅ ၿမိဳ႕နယ္ကေတာ့ အရင္တုန္းက ၂၀၁၅ မွာလည္း မက်င္းပခဲ့ႏိုင္ဘူး၊ ဟိုး အရင္တုန္းကလည္း မက်င္းပႏိုင္ခဲ့ဘူး၊ ၁၉၉၀ ေလာက္ထဲက မလုပ္ခဲ့ႏိုင္တဲ့ေနရာေတြျဖစ္တယ္။ မိုင္းကိုင္ကိုက်ေတာ့ ဘာအေၾကာင္းျပခ်က္မွ သိပ္ ေလာက္ေလာက္လားလားမေတြ႕ဘူး၊ အဲ့ဒါကို ပိတ္တယ္ဆိုတာကိုေတာ့ ကြၽန္ေတာ္ေတာ့ သိပ္နားမလည္ႏိုင္ျဖစ္တယ္။ မက်င္းပရျခင္းအေၾကာင္းအရင္းကိုလည္း သူတို႔ ေသေသခ်ာခ်ာ ထုတ္ျပန္တာမ်ိဳးမရွိေသးဘူး။ ေယဘုယ်ဆန္တဲ့ လြတ္လပ္ၿပီး တရားမွ်တေသာ ေ႐ြးေကာက္ပြဲက်င္းပရန္ အေျခအေနမရွိသျဖင့္ဆိုတာပဲ ပါတယ္။ ဘာအေၾကာင္းျပခ်က္လဲ၊ လုံၿခဳံေရးလား၊ က်န္းမာေရးလားေပါ့။ လုံၿခဳံေရးလို႔ အေၾကာင္းျပခ်က္ျပတယ္ဆိုရင္လည္း မိုင္းကိုင္လိုမ်ိဳးဆို ေျပာစရာရွိတယ္။ ဘာလုံၿခဳံေရးျပႆနာမွမရွိဘူး တိုက္ပြဲလည္း ျဖစ္မေနဘူး။ ဘာျဖစ္လို႔လဲေပါ့။ ရခိုင္မွာဆိုလည္း တခ်ိဳ႕ၿမိဳ႕နယ္ေတြက လုံၿခဳံေရးျပႆနာရွိမေနဘူးဆိုၿပီး ရခိုင္က မိတ္ေဆြေတြဆီက ၾကားရတယ္။ လုံၿခဳံေရးေၾကာင့္လို႔ အေၾကာင္းျပခ်က္ျပတယ္ဆိုရင္လည္း ပလက္ဝက်ေတာ့ ဘာလို႔ က်င္းပခြင့္ျပဳသလဲ၊ ပလက္ဝကလည္း ေကာင္းေနၿပီလားေပါ့။ ဝိဝါဒကြဲစရာေတြျဖစ္လာတယ္ ေမးခြန္းထုတ္စရာေတြလည္း ျဖစ္လာတယ္။ ဒါက လုံၿခဳံေရးအေၾကာင္းျပခ်က္ေၾကာင့္သာ ဆိုရင္ေပါ့။ တကယ္လို႔ က်န္းမာေရးရႈေထာင့္ကေန ပိတ္တယ္လို႔ေျပာမယ္ဆိုရင္ ရန္ကုန္လိုမ်ိဳးမွာ ဘာလို႔၄၄ ၿမိဳ႕နယ္လုံး အကုန္လုံးက်င္းပလဲ။ Stay At Home နဲ႔ Lockdown ေတြေၾကာင့္ ၿမိဳ႕နယ္ေတာင္ ေက်ာ္လို႔မရတဲ့ ေနရာေတြမွာေလ။ ပယ္ဖ်က္တဲ့ ေနရာေတြအကုန္လုံးကို လႊမ္းၿခဳံၿပီး အကုန္လုံးေျပာရမယ္ဆိုရင္ ျပည္မပါတီေတြ မႏိုင္ႏိုင္တဲ့ ေနရာေတြျဖစ္ေနတယ္။ မႏိုင္ႏိုင္တဲ့ေနရာေတြျဖစ္ေနေတာ့ မေျပးေသာ္ ကန္ရာရွိေပါ့ဗ်ာ။ ဗမာမဟုတ္တဲ့ တိုင္းရင္းသားပါတီေတြကို ထိခိုက္ေအာင္မ်ား လုပ္ေနသလားဆိုတဲ့ သံသယက ဗမာမဟုတ္တဲ့ တိုင္းရင္းသားပါတီေတြမွာ အမ်ားႀကီးျဖစ္ေနၿပီေလ။ အဲ့ဒါကို ေျဖရွင္းႏိုင္ဖို႔ဆိုရင္ေတာ့ ဘယ္ၿမိဳ႕နယ္၊ ဘယ္ေက်း႐ြာေတြကိုေတာ့ ဘာေၾကာင့္ပိတ္တယ္ဆိုတဲ့ အေၾကာင္းအက်ိဳးအေသးစိတ္ကိုေတာ့ UEC က ထုတ္ျပန္သင့္တယ္” ျဖစ္တယ္ဟု ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) တြဲဖက္အတြင္းေရးမႈး စိုင္းေက်ာ္ၫြန႔္ကေျပာပါတယ္။

နမ့္ဆမ္၊ ပေလာင္ေဒသအုပ္စု အုပ္ခ်ဳပ္ေရးမႉးတဦးေျပာျပတာကလည္း ” က်ေနာ္တို႔ေဒသမွာ ဘာတိုက္ပြဲ ဘာေသနတ္သံမွ မၾကားရဘဲ မဲမေပးရေတာ့ဘူးဆိုေတာ့ က်ေနာ္တို႔အခြင့္အေရးဆုံးရႈံးရတယ္၊ ဒီအတြက္ ဘယ္အဖြဲ႕၊ ဘယ္အစိုးရက တာဝန္ယူေပးၾကမလဲ က်ေနာ္တို႔အႀကီးႀကီးျပင္ထားရတာ”လို႔ ေျပာပါတယ္

ဒီကိစၥနဲ႔ ပတ္သတ္ၿပီး ရွမ္းျပည္နယ္မွ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ RCSS မွ ေျပာ‌ေရးဆိုခြင့္ရွိသူ စဝ္အုမ္ေခးကလည္း “အခုေလာေလာဆယ္ေတာ့ သုံးသပ္ခ်က္ေတာ့ မေပးခ်င္ေသးပါဘူး၊ ျပည္သူလူထုရဲ႕အသံကို အရင္နားေထာင္ရပါဦးမယ္၊ ျပည္သူလူထုရဲ႕ မဲေပးပိုင္ခြင့္ကေတာ့ နစ္နာဆုံးရႈံးသြားရတာေပါ့၊ မျဖစ္သင့္ဘူးလို႔ေတာ့ မွတ္ခ်က္ေပးခ်င္ပါတယ္”လို႔ ေျပာပါတယ္။

ရွမ္းျပည္နယ္ရွိ ေ႐ြးေကာက္ပြဲ က်င္းပျခင္း မျပဳလုပ္ရမယ့္ ၿမိဳ႕နယ္ေတြကေတာ့ မိုင္းလားၿမိဳ႕နယ္၊ ပန္ဆန္း (ပန္ခမ္း) ၿမိဳ႕နယ္၊ နားဖန္းၿမိဳ႕နယ္၊ မိုင္းေမာၿမိဳ႕နယ္၊ ပန္ဝိုင္ၿမိဳ႕နယ္ႏွင့္ မိုင္းကိုင္ၿမိဳ႕နယ္တစ္ခုလုံးနဲ႔ ေက်ာက္မဲၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု (၁၂) အုပ္စု၊ ေနာင္ခ်ိဳၿမိဳ႕နယ္မွ ဆိပ္ဖူး ေက်း႐ြာအုပ္စု၊ နမ့္ဆန္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု (၃) အုပ္စု၊ မန္တုံၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု (၂) အုပ္စု၊ မိုင္းခတ္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု (၄) အုပ္စု၊ မိုင္းယန္းၿမိဳ႕နယ္မွ ရပ္ကြက္ (၂) ရပ္ကြက္၊ ေက်း႐ြာအုပ္စု (၁၃) အုပ္စု၊ မိုင္းျဖတ္ၿမိဳ႕နယ္မွ လုံေကာင့္ေက်း႐ြာအုပ္စု၊ မိုင္းေယာင္းၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု (၈) အုပ္စု၊ ကြတ္ခိုင္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု (၄) အုပ္စု၊ မူဆယ္ၿမိဳ႕နယ္မွ ရပ္ကြက္ (၁) ရပ္ကြက္၊ ေက်း႐ြာအုပ္စု (၉) အုပ္စု၊ မက္မန္းၿမိဳ႕နယ္မွေက်း႐ြာအုပ္စု (၁၇) အုပ္စု၊ မိုင္းတုံၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု (၃) အုပ္စု၊ တန႔္ယန္းၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု (၁၁) အုပ္စု၊ လားရႈိးၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု (၆) အုပ္စု၊ ကြမ္းလုံၿမိဳ႕နယ္မွ မန္ၿပိန္းေက်း႐ြာအုပ္စု၊ ကုန္းၾကမ္း ၿမိဳ႕နယ္မွ ဟုံအိုက္ေက်း႐ြာအုပ္စု၊ ဟိုပန္ၿမိဳ႕နယ္မွ ရပ္ကြက္ (၅) ရပ္ကြက္၊ ေက်း႐ြာအုပ္စု (၃၇) အုပ္စုတို႔ ျဖစ္တယ္လို႔ ေၾကညာခ်က္အမွတ္ (၁၉၇/၂၀၂၀)မွာ ထုတ္ျပန္ေၾကညာထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရွမ္းျပည္နယ္ #မဲေပးခြင့္မရွိတဲ့ေနရာ #ေဝဖန္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW