သန့်စင်ပြီး ရေဒီယိုသတ္တိကြွရေတွေကို ပင်လယ်အတွင်း စွန့်ထုတ်ဖို့ ဂျပန်အစိုးရစီစဉ်နေ

သန့်စင်ပြီး ရေဒီယိုသတ္တိကြွရေတွေကို ပင်လယ်အတွင်း စွန့်ထုတ်ဖို့ ဂျပန်အစိုးရစီစဉ်နေ

တိုကျို၊ အောက်တိုဘာ-၁၇-၂၀၂၀
မျိုးဆက်(VOM)

ဂျပန်နိုင်ငံဟာ ပျက်စီးသွားတဲ့ ဖူကူရှီးမားနျူကလီးယားစက်ရုံမှ သန့်စင်ပြီး ရေဒီယိုသတ္တိကြွရေတွေကို ပင်လယ်ပြင်အတွင်း စွန့်ပစ်ဖို့ စီစဉ်နေတယ်လို့ ဂျပန်အခြေစိုက်သတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။

၂၀၁၁ ခုနှစ်မှာ ဆူနာမီဒဏ်ကိုအကြီးအကျယ်ခံခဲ့ရပြီး အအေးပေးရာမှာ အသုံးပြုတဲ့ ရေတွေပါဝင်တဲ့ ရေဒီယိုသတ္တိကြွရေတွေကို ဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ အချေအတင်ဆွေးနွေးပြီးနောက် ဂျပန်အစိုးရက အခုလိုစီစဉ်နေတာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေနဲ့ ငါးဖမ်းသမားအုပ်စုတွေကတော့ အဲဒီကိစ္စကို ဆန့်ကျင်နေကြပေမယ့်လည်း သိပ္ပံပညာရှင်အများစုက ဒါဟာအန္တရာယ်ဖြစ်နိုင်ခြေ နည်းပါးကြောင်း ပြောဆိုကြပါတယ်။

ဂျပန်အစိုးရအနေနဲ့ သန့်စင်ပြီး ရေဒီယိုသတ္တိကြွရေတွေကို ပင်လယ်အတွင်းစွန့်ပစ်ရေးကိစ္စ အပြီးသတ်ဆုံးဖြတ်ချက်မချရသေးပါဘူး။

ရေဒီယိုသတ္တိကြွပစ္စည်းတွေကို လျှော့ချဖို့ စစ်ထုတ်ထားတဲ့ ရေတန်ချိန်တစ်သန်းကျော်ကို စွန့်ထုတ်ရေးမှာ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ စတင်နိုင်ဖွယ်ရှိတယ်လို့ ဂျပန်အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

အဆိုပါလုပ်ငန်းစဉ်တစ်ခုလုံးပြီးမြောက်ဖို့ နှစ် ၃၀ ကြာမြင့်နိုင်ကြောင်း ယိုမီယူရီရှင်ဘွန်းသတင်းဌာနက ဖော်ပြထားပြီး အခုလကုန်မှာ တရားဝင်ဆုံးဖြတ်ချက်တစ်ရပ် ထွက်ပေါ်လာနိုင်တယ်လို့ ကျိုဒိုသတင်းဌာနက ဖော်ပြထားပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #တိုကျို

Zawgyi

သန္႔စင္ျပီး ေရဒီယိုသတၱိၾကြေရေတြကို ပင္လယ္အတြင္း စြန္႔ထုတ္ဖို႔ ဂ်ပန္အစိုးရစီစဥ္ေန

တိုက်ိဳ၊ ေအာက္တိုဘာ-၁၇-၂၀၂၀
မ်ိဳးဆက္(VOM)

ဂ်ပန္နိုင္ငံဟာ ပ်က္စီးသြားတဲ႔ ဖူကူရွီးမားန်ဴကလီးယားစက္ရံုမွ သန္႔စင္ျပီး ေရဒီယိုသတိၱၾကြေရေတြကို ပင္လယ္ျပင္အတြင္း စြန္႔ပစ္ဖို႔ စီစဥ္ေနတယ္လို႔ ဂ်ပန္အေျခစိုက္သတင္းဌာနေတြက ေရးသားေဖာ္ျပထားပါတယ္။

၂၀၁၁ ခုနွစ္မွာ ဆူနာမီဒဏ္ကိုအၾကီးအက်ယ္ခံခဲ႔ရျပီး အေအးေပးရာမွာ အသံုးျပဳတဲ႔ ေရေတြပါ၀င္တဲ႔ ေရဒီယိုသတိၱၾကြေရေတြကို ဘယ္လိုစြန္႔ပစ္ရမယ္ဆိုတာနဲ႔ပတ္သက္ျပီး နွစ္ေပါင္းမ်ားစြာ အေခ်အတင္ေဆြးေႏြးျပီးေနာက္ ဂ်ပန္အစိုးရက အခုလိုစီစဥ္ေနတာျဖစ္ပါတယ္။

သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းသူေတြနဲ႔ ငါးဖမ္းသမားအုပ္စုေတြကေတာ႔ အဲဒီကိစၥကို ဆန္႔က်င္ေနၾကေပမယ္႔လည္း သိပၸံပညာရွင္အမ်ားစုက ဒါဟာအႏၱရာယ္ျဖစ္နုိင္ေျခ နည္းပါးေၾကာင္း ေျပာဆိုၾကပါတယ္။

ဂ်ပန္အစိုးရအေနနဲ႔ သန္႔စင္ျပီး ေရဒီယိုသတိၱၾကြေရေတြကို ပင္လယ္အတြင္းစြန္႔ပစ္ေရးကိစၥ အျပီးသတ္ဆံုးျဖတ္ခ်က္မခ်ရေသးပါဘူး။

ေရဒီယိုသတၱိၾကြပစၥည္းေတြကို ေလွ်ာ႔ခ်ဖို႔ စစ္ထုတ္ထားတဲ႔ ေရတန္ခ်ိန္တစ္သန္းေက်ာ္ကို စြန္႔ထုတ္ေရးမွာ ၂၀၂၂ ခုနွစ္ အေစာပိုင္းမွာ စတင္နိုင္ဖြယ္ရိွတယ္လို႔ ဂ်ပန္အေျခစိုက္ သတင္းဌာနေတြက ဆိုပါတယ္။

အဆိုပါလုပ္ငန္းစဥ္တစ္ခုလံုးျပီးေျမာက္ဖို႔ နွစ္ ၃၀ ၾကာျမင္႔နိုင္ေၾကာင္း ယိုမီယူရီရွင္ဘြန္းသတင္းဌာနက ေဖာ္ျပထားျပီး အခုလကုန္မွာ တရား၀င္ဆံုးျဖတ္ခ်က္တစ္ရပ္ ထြက္ေပၚလာနုိင္တယ္လို႔ က်ိဳဒိုသတင္းဌာနက ေဖာ္ျပထားပါတယ္။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #တိုက်ိဳ

Related posts

Leave a Comment

VOM News

FREE
VIEW