လက်နက်ကြီးကျလို့ ရသေ့တောင်နဲ့ မြောက်ဦးမှာ ၂ဦးသေဆုံး

လက်နက်ကြီးကျလို့ ရသေ့တောင်နဲ့ မြောက်ဦးမှာ ၂ဦးသေဆုံး

 

စစ်တွေ၊ အောက်တိုဘာ ၂၀- ၂၀၂၀

ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ရသေ့တောင်မြို့နယ်မှာ မနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ရွာသစ်ကေကျေးရွာက အစိုးရဝန်ထမ်းကျောင်းဆရာတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

 

ရသေ့တောင်မြို့နယ်အတွင်းက စစ်ဘေးရှောင်တွေနဲ့ ဒဏ်ရာရလူနာတွေကို ကူညီပေးနေတဲ့ ကိုဘက္ကာပြောတာက” ရသေ့တောင်မြို့ပေါ်တပ်ရင်းတစ်ခုက ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ပေါက်ကွဲမှုဒဏ်ကြောင့် ဘယ်ဘက်မျက်လုံးထွက်သွားပြီးတော့ ဦးနှောက်ကို ကျည်စတွေဖောက်သွားတယ်။ အဲဒီ ဒဏ်ရာပြင်းထန်လို့ ရသေ့တောင်ဆေးရုံကနေ စစ်တွေဆေးရုံကို ပို့ဖို့လုပ်တာမှာ သေပါတယ်။” လို့ပြောပါတယ်။

 

မနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းက မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်မှာရှိတဲ့ နေအိမ်ခြံဝင်းတစ်ခုထဲကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦးနဲ့ ကလေးရဲ့ ဖခင်ဖြစ်သူနဲ့ အိမ်နီးနားချင်း အမျိုးသမီး တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရပါတယ်။

 

မနေ့က မြောက်ဦးမြို့ပေါ်ကို လက်နက်ကြီးကျည်ကျပြီး သေဆုံး၊ ဒဏ်ရာရှိသူတွေဟာ မောင်မျိုးအောင်ဌေး အသက်(၈) နှစ် နေရာတွင်ပင်ပွဲချင်းပြီးသေသွားတယ်။ ဖခင်ဖြစ်သူ အသက် (၄၄) အရွယ် ဦးကျန်မြင့်မှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရှိပြီးပြင်းထန်ကာ  အိမ်နားနီးချင်း ဒေါ်ဦးသန်းယဉ်အသက်(၅၀) တို့မှာ ဒဏ်ရာရရှိသွားတဲ့အကြောင်း မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသာစိန်က ပြောပါတယ်။

 

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ပြောတာက” ဒီလိုမျိုး ဒေသခံတွေ သေပျောက်ဒဏ်ရာရမှုတွေများလာတဲ့အတွက် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုအများကြီးမြင့်တက်နေပါတယ်။မိမိအိမ်မှာ နေရပေမယ့် ကိုယ့်ကိုကိုယ် လုံခြုံမှုမရှိသလို ခံစားနေရတယ်။ လို့ ပြောပါတယ်။

မနေ့က တစ်ရက်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်းက ဒေသခံတွေ သေပျောက်ဒဏ်ရာရမှုတွေများခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က ကျောက်တော်မြို့နယ်၊ ဆင်အိုးချိုင်ကျေးရွာကဒေသခံ လင်မယားနှစ်ဦးဟာ မြောက်ဦးမြို့နယ်ကနေ မိမိတို့ရွာသို့ အပြန်လမ်းမှာ ဆိုင်ကယ်နဲ့ လာစဉ် လမ်းခုလတ်မှာ မိုင်းထိမှန်ပြီး ဒဏ်ရာရှိခဲ့ကြောင်းသိရပါတယ်။

#voiceofmyanmar #VOM #ရသေ့တောင် #မြောက်ဦး  #လက်နက်ကြီးကျည်ကျ

ဓါတ်ပုံ ဘက္ကာ

zawgy

လက္နက္ႀကီးက်လို႔ ရေသ့ေတာင္နဲ႔ ေျမာက္ဦးမွာ ၂ဦးေသဆုံး

စစ္ေတြ၊ ေအာက္တိုဘာ ၂၀- ၂၀၂၀
ထက္ေအာင္စိုင္း(VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသက ရေသ့ေတာင္ၿမိဳ႕နယ္မွာ မေန႔ ေအာက္တိုဘာလ ၁၉ ရက္ေန႔ ေန႔လယ္ပိုင္းက လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲၿပီး ႐ြာသစ္ေကေက်း႐ြာက အစိုးရဝန္ထမ္း ေက်ာင္းဆရာတစ္ဦး ေသဆုံးခဲ့ေၾကာင္း ေဒသခံေတြဆီက သိရပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းက စစ္ေဘးေရွာင္ေတြနဲ႔ ဒဏ္ရာရလူနာေတြကို ကူညီေပးေနတဲ့ ကိုဘကၠာေျပာတာက” ရေသ့ေတာင္ၿမိဳ႕ေပၚတပ္ရင္းတစ္ခုက ကပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးက်ည္ေပါက္ကြဲမႈဒဏ္ေၾကာင့္ ဘယ္ဘက္မ်က္လုံးထြက္သြားၿပီးေတာ့ ဦးေႏွာက္ကို က်ည္စေတြေဖာက္သြားတယ္။ အဲဒီ ဒဏ္ရာျပင္းထန္လို႔ ရေသ့ေတာင္ေဆး႐ုံကေန စစ္ေတြေဆး႐ုံကို ပို႔ဖို႔လုပ္တာမွာ ေသပါတယ္။” လို႔ေျပာပါတယ္။

မေန႔ ေအာက္တိုဘာလ ၁၉ ရက္ေန႔ ညေနပိုင္းက ေျမာက္ဦးခ႐ိုင္၊ ေျမာက္ဦးၿမိဳ႕ ထမၼရာဇ္ရပ္ကြက္မွာရွိတဲ့ ေနအိမ္ၿခံဝင္းတစ္ခုထဲကို လက္နက္ႀကီးက်ည္တစ္လုံး က်ေရာက္ေပါက္ကြဲခဲ့ၿပီး ကေလးငယ္တစ္ဦးနဲ႔ ကေလးရဲ႕ ဖခင္ျဖစ္သူနဲ႔ အိမ္နီးနားခ်င္း အမ်ိဳးသမီး တစ္ဦးတို႔ ထိခိုက္ဒဏ္ရာရရွိသြားေၾကာင္းသိရပါတယ္။

မေန႔က ေျမာက္ဦးၿမိဳ႕ေပၚကို လက္နက္ႀကီးက်ည္က်ၿပီး ေသဆုံး၊ ဒဏ္ရာရွိသူေတြဟာ ေမာင္မ်ိဳးေအာင္ေဌး အသက္(၈) ႏွစ္ ေနရာတြင္ပင္ပြဲခ်င္းၿပီးေသသြားတယ္။ ဖခင္ျဖစ္သူ အသက္ (၄၄) အ႐ြယ္ ဦးက်န္ျမင့္မွာ ခႏၶာကိုယ္အႏွံ႔ ဒဏ္ရာရွိၿပီးျပင္းထန္ကာ အိမ္နားနီးခ်င္း ေဒၚဦးသန္းယဥ္ အသက္(၅၀) တို႔မွာ ဒဏ္ရာရရွိသြားတဲ့အေၾကာင္း ေျမာက္ဦးၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးထြန္းသာစိန္က ေျပာပါတယ္။

ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္ေျပာတာက” ဒီလိုမ်ိဳး ေဒသခံေတြ ေသေပ်ာက္ဒဏ္ရာရမႈေတြမ်ားလာတဲ့အတြက္ ေဒသခံေတြအေနနဲ႔ စိုးရိမ္မႈအမ်ားႀကီးျမင့္တက္ေနပါတယ္။ မိမိအိမ္မွာ ေနရေပမယ့္ ကိုယ့္ကိုကိုယ္ လုံၿခဳံမႈမရွိသလို ခံစားေနရတယ္။ လို႔ ေျပာပါတယ္။

မေန႔က တစ္ရက္တည္းမွာပဲ ရခိုင္ျပည္နယ္အတြင္းက ေဒသခံေတြ ေသေပ်ာက္ဒဏ္ရာရမႈေတြမ်ားခဲ့ၿပီး ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁၈ ရက္ေန႔က ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ဆင္အိုးခ်ိဳင္ေက်း႐ြာက ေဒသခံ လင္မယားႏွစ္ဦးဟာ ေျမာက္ဦးၿမိဳ႕နယ္ကေန မိမိတို႔႐ြာသို႔ အျပန္လမ္းမွာ ဆိုင္ကယ္နဲ႔ လာစဥ္ လမ္းခုလတ္မွာ မိုင္းထိမွန္ၿပီး ဒဏ္ရာရွိခဲ့ေၾကာင္းသိရပါတယ္။
#voiceofmyanmar #VOM #ရေသ့ေတာင္ #ေျမာက္ဦး #လက္နက္ႀကီးက်ည္က်

 

Related posts

Leave a Comment

VOM News

FREE
VIEW