တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းထုတ်မရလို့ အစိုးရအလုပ်လျှောက်ထားမယ့်သူတွေ အခက်အခဲဖြစ်နေ

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းထုတ်မရလို့ အစိုးရအလုပ်လျှောက်ထားမယ့်သူတွေ အခက်အခဲဖြစ်နေ အောက်တိုဘာ ၂၀-၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ်ကပ်ရောဂါကူးစက်မှုမြင့်တက်နေတာကြောင့် ဆယ်တန်းအမှတ်စာရင်း တွေကို ထုတ်ပေးတာရပ်ထားလို့ အစိုးရရဲ့ အလုပ်အကိုင်ကိုလျှောက်ထားမယ့် သူတွေမှာ အခက်အခဲတွေဖြစ်နေရတယ်လို့ သိရပါတယ်။ ခုလို ဆယ်တန်းအမှတ်စာရင်းတွေထုတ်ပေးခြင်းမရှိတဲ့အတွက် အခက်အခဲဖြစ်နေတဲ့အကြောင်း သူနာပြုလျှောက်ထားမယ့်သူတစ်ဦးပြောပြတာက “ အခု ကျန်းမာရေးဝန်ကြီးဌာနက ဆေးဘက်ဆိုင်ရာ အလုပ်တွေခေါ်နေတယ်။သူနာပြုအလုပ်ခေါ်တာရှိတယ်။အဲ့ဒါတွေက ဆယ်တန်းအောင်လက်မှတ်တို့၊ အမှတ်စာရင်းတို့ပြရတာရှိတယ်။ခုကျမတို့မှာ အဲ့ဒါတွေ မထုတ်နိုင်တော့အလုပ်လျှောက်ရတာအခက်အခဲဖြစ်တယ်။ဘယ်လိုလုပ်ရမလဲမသိဘူး။”လို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူ မအေမီကပြောပါတယ်။ အမှတ်စာရင်း ထုတ်ပေးနိုင်မယ့် ကာလကိုလည်း အတိကျ မသိရှိရသေးဘူးလို့ မြန်မာနိုင်ငံစာစစ်ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထိုက်က “အလုပ်လျှောက်တဲ့အခါ အမှတ်စာရင်းတောင်းတာ၊ အောင်လက်မှ တ်တောင်းတာ တွေအတွက် လိုအပ်ရင်သူတို့လည်း ဆရာတို့ဆီလာပါတယ်။အကုန်လုံး လုပ်ငန်းတွေက လူဝင်လူထွက်တွေပိတ်ထားရတယ်။ ရုံးတွေအားလုံးက ညွှန်ကြားချက်အရလူဝင်လူထွက်ပိတ်ထားတယ်။ ဆရာတို့ စာစစ်ဌာနကအမှတ်စာရင်းထုတ်မပေးဘူးဆိုတာသိပါတယ်။ ခုက ကျန်းမာရေးဝန်ကြီးဌာနက လူစုလူဝေးမလုပ်ရဘူးဆိုတော့လေရပ်ထားတယ်။ကိုဗစ်ကာလမှာအမှတ်စာရင်းထုတ်ရင်လူစုလူဝေးကဖြစ်မှာလေ ၊ ဖြစ်မယ်ဆိုရင် ရောဂါကူးကုန်မှာပေါ့။အဲ့တော့ ရောဂါကူးစက်မှာစိုးရိမ်တဲ့အတွက်အောင်လက်မှတ်တွေထုတ်ပေးဖို့က…

Read More

ဦးကျော်မြင့်က အပြစ်မရှိကြောင်း တရားရုံးမှာငြင်းချက်ထွက်ဆို

ဦးကျော်မြင့်က အပြစ်မရှိကြောင်း တရားရုံးမှာငြင်းချက်ထွက်ဆို အောက်တိုဘာ ၂၀-၂၀၂၀ ဟိန်းကို(VOM) ဓာတ်ပုံ- ညီသစ်(VOM) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းလိုက်တဲ့ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီကနေ့မနက်ပိုင်းကနေ ညနေပိုင်းအထိ ရုံးထုတ်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ရုံးထုတ်စစ်ဆေးရာမှာ အတည်ပြုရရှိတဲ့ လိုပြသက်သေ ၅ဦးကို စစ်ဆေးခဲ့ပြီး တရားရုံးကနေ ဦးကျော်မြင့်ကို ပုဒ်မ-၂၂၄အရ စွဲချက်တင်ကာ အပြစ်ရှိမရှိ မေးမြန်းရာမှာတော့ အပြစ်မရှိဘူးလို့ ဦးကျော်မြင့်က ငြင်းချက်ထွက်ဆိုခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့တရားရုံးအနေနဲ့ ဦးကျော်မြင့်သည် မန္တလေးအကျဉ်းထောင်ကနေပြီးတော့ ဆေးရုံတက်နေစဉ်မှာ မန္တလေးဆေးရုံကြီး ဖျားနာဆောင် ၃ကနေ ထွက်ပြေးလွှတ်မြောက်သွားကြောင်း ပေါ်ပေါက်တဲ့အချက်အလက်တွေရှိတဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၂၄ ကျွန်တော်တိုစွဲချက်တင်ခဲ့ပါတယ်။ စွဲချက်တင်ပြီးတော့ အပြစ်ရှိ၊မရှိ မေးမြန်းပါတယ်၊ မေးမြန်းတဲ့အခါ ဦးကျော်မြင့်ကနေ အပြစ်မရှိကြောင်း ငြင်းဆိုထုချေခဲ့ပါတယ်”လို့ ချမ်းအေးသာစံမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းကပြောပါတယ်။ အဲ့ဒီလိုအပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး ပြန်ခေါ်သက်သေမရှိတဲ့အတွက် ဦးကျော်မြင့်ရဲ့ရှေ့နေက ကျန်ရှိနေတဲ့သက်သေတွေကို ပယ်ထားမယ်လို့တင်ပြတာကြောင့်…

Read More

တောင်ငူမှာ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူအဓမ္မကျင့်

တောင်ငူမှာ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူအဓမ္မကျင့် တောင်ငူ- အောက်တိုဘာ၂၀-၂၀၂၀ ကောင်းလက်ျာ(VOM) အောက်တိုဘာ ၁၉ ရက်နေ့က ပဲခူးတိုင်း တောင်ငူမြို့နယ် အမှတ်၂၂ ရပ်ကွက် (မင်းကြီးညိုရပ်)မှာရှိတဲ့ဘုန်း‌ကြီးကျောင်း တစ်ခုအနီးမှာ အသက် ၇ နှစ်ကျော်အရွယ်ရှိတဲ့ မိန်းကလေးကို အသက် ၅၁နှစ်အရွယ်ရှိသူ အမျိုးသားက ခိုးယူအဓမ္မပြုကျင့်ခဲ့တယ်လို့ တောင်ငူမြို့မ ရဲစခန်းကသိရပါတယ်။ “ ကလေးပျောက်သွားလို့ မိသားစုဝင်တချို့လိုက်ရှာတော့ အခင်းဖြစ်ဘုန်းကြီး‌ ကျောင်းနားမှာ ပြန်မိတယ်။ကလေးကိုလက်ဆွဲပြီး ပြန်ခေါ်လာချိန်။ တာဝန်ရှိသူစစ်ဆေးတော့ ကလေးကိုမုဒိမ်းကျင့်ခဲ့တာပေါ်ပေါက်တယ် “ လို့ တောင်ငူမြို့မရဲစခန်းမှူးဒုရဲမှူး ကျော်ကျော်ဦးကပြောပါတယ်။ အောက်တိုဘာ ၁၉ရက် မွန်းလွဲ၂ နာရီခန့်ကအသက် (၇)နှစ်ကျော် အရွယ် မိန်းကလေးငယ်တစ်ဦး နေအိမ်မှာမရှိဘဲ ပျောက်ဆုံးနေ တာကြောင့် အတူနေ ဘွားအေဖြစ်သူနဲ့မိဘတွေက မင်းကြီးညိုရပ်ကွက်ထဲကို လိုက်လံရှာဖွေရာမှာ ရေဖြူကင်းကျေးရွာနေ အသက် ၅၁ နှစ်အရွယ် ဦးဇော်ဇော်…

Read More

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ

ပါတီမိတ်ဆက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ မန္တလေး၊ အောက်တိုဘာ- ၂၀- ၂၀၂၀ (VOICE OF MYANMAR) ကိုယ်စားလှယ်လောင်း ၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ရဲ့ မူဝါဒနဲ့ လက်ရှိရွေးကောက်ပွဲကာလမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အင်အားကြီးပါတီတွေနဲ့ ဘယ်လိုယှဉ်ပြိုင်မလဲ ဆိုတာကို ပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ် ကော့မှူးမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဒေဗစ်လှမြင့် ကို VOM အယ်ဒီတာချုပ် ဦးနေမျိုးလင်းက အင်တာနက်ကနေတစ်ဆင့် တိုက်ရိုက်ဆက်သွယ်မေးမြန်းထားတာကို တင်ဆက်ပေးထားတာဖြစ်ပါတယ်။ #VOM #VoiceofMyanmar #UNDP #ပါတီမိတ်ဆက် #ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ    

Read More

ကဝမှာ ကိုဗစ်ပျောက်ပြီးသား အမျိုးသားကြီးတဦး ကိုဗစ်ထပ်မံကူးစက်ခံရ

ကဝမှာ ကိုဗစ်ပျောက်ပြီးသား အမျိုးသားကြီးတဦး ကိုဗစ်ထပ်မံကူးစက်ခံရ အောက်တိုဘာ၂၀-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်းဒေသကြီး မြို့နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်‌ေရာဂါ ဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ ကဝမြို့နယ်မှာ အောက်တိုဘာ ၁၉ ရက်နေ့ည ထုတ်ပြန်ချက်အရ ကို‌ဗစ်ရောဂါသက်သာပျောက်ကင်းပြီး သိပ်မကြာသေးတဲ့ အမျိုးသားကြီးတစ်ဦး ရောဂါပိုး ထပ်မံ စစ်ဆေး‌ ေတွ့ရှိခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စုံစမ်းသိရှိရပါတယ်။ ကိုးလပိုင်းမှာ သက္ကလဆေးရုံမှာပေါ့စတစ်လူနာနဲ့ကွန်တက်ရှိလို့စစ်ရာကကိုဗစ်ပိုးတွေ့တယ်။ ကိုးလပိုင်းထဲမှာဆေးရုံကဆင်းရတယ်။အခုတစ်ခါ သူအိမ်မှာနေနေတုန်း အိမ်မှာလူတစ်ဦးရောဂါပိုးတွေ့လို့ ကွန်တက်အနေနဲ့ထပ်စစ်ရတာမှာ မနေ့က ပိုးထပ်တွေ့တာပါ “ လို့ ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမောင်မောင်ချစ်ကပြောပါတယ်။ အဆိုပါအမျိုးသားကြီးမှာ အသက် ၇၃ နှစ်အရွယ်ရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာလပထမအပတ်ခန့်က သက္ကလဆေးရုံကြီးမှာ ကိုဗစ်ပိုးတွေ့လူနာနဲ့ ထိတွေမှု ရှိခဲ့လို့ စစ်ဆေးခဲ့ရာက ရောဂါပိုး ကူးစက်ခံခဲ့ပြီး နှစ်ပတ်ကျော်အကြာမှာ နက်ဂတစ်အဖြေထွက်လို့ဆေးရုံမှဆင်းခွင့်ရခဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဆေးရုံမှ စက်တင်ဘာ နောက်ဆုံးပတ်ခန့်မှာ ဆင်းခွင့်ရရှိခဲ့တဲ့ အဲဒီအမျိုးသားကြီးကို နေအိမ်မှာ…

Read More

လက်နက်ကြီးကျလို့ ရသေ့တောင်နဲ့ မြောက်ဦးမှာ ၂ဦးသေဆုံး

လက်နက်ကြီးကျလို့ ရသေ့တောင်နဲ့ မြောက်ဦးမှာ ၂ဦးသေဆုံး   စစ်တွေ၊ အောက်တိုဘာ ၂၀- ၂၀၂၀ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ရသေ့တောင်မြို့နယ်မှာ မနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ရွာသစ်ကေကျေးရွာက အစိုးရဝန်ထမ်းကျောင်းဆရာတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။   ရသေ့တောင်မြို့နယ်အတွင်းက စစ်ဘေးရှောင်တွေနဲ့ ဒဏ်ရာရလူနာတွေကို ကူညီပေးနေတဲ့ ကိုဘက္ကာပြောတာက” ရသေ့တောင်မြို့ပေါ်တပ်ရင်းတစ်ခုက ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ပေါက်ကွဲမှုဒဏ်ကြောင့် ဘယ်ဘက်မျက်လုံးထွက်သွားပြီးတော့ ဦးနှောက်ကို ကျည်စတွေဖောက်သွားတယ်။ အဲဒီ ဒဏ်ရာပြင်းထန်လို့ ရသေ့တောင်ဆေးရုံကနေ စစ်တွေဆေးရုံကို ပို့ဖို့လုပ်တာမှာ သေပါတယ်။” လို့ပြောပါတယ်။   မနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းက မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်မှာရှိတဲ့ နေအိမ်ခြံဝင်းတစ်ခုထဲကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦးနဲ့ ကလေးရဲ့ ဖခင်ဖြစ်သူနဲ့ အိမ်နီးနားချင်း အမျိုးသမီး တစ်ဦးတို့…

Read More
VOM News

FREE
VIEW