တောင်ငူမှာ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူအဓမ္မကျင့်

တောင်ငူမှာ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူအဓမ္မကျင့်

တောင်ငူ- အောက်တိုဘာ၂၀-၂၀၂၀
ကောင်းလက်ျာ(VOM)

အောက်တိုဘာ ၁၉ ရက်နေ့က ပဲခူးတိုင်း တောင်ငူမြို့နယ် အမှတ်၂၂ ရပ်ကွက် (မင်းကြီးညိုရပ်)မှာရှိတဲ့ဘုန်း‌ကြီးကျောင်း တစ်ခုအနီးမှာ အသက် ၇ နှစ်ကျော်အရွယ်ရှိတဲ့ မိန်းကလေးကို အသက် ၅၁နှစ်အရွယ်ရှိသူ အမျိုးသားက ခိုးယူအဓမ္မပြုကျင့်ခဲ့တယ်လို့ တောင်ငူမြို့မ ရဲစခန်းကသိရပါတယ်။

“ ကလေးပျောက်သွားလို့ မိသားစုဝင်တချို့လိုက်ရှာတော့ အခင်းဖြစ်ဘုန်းကြီး‌
ကျောင်းနားမှာ ပြန်မိတယ်။ကလေးကိုလက်ဆွဲပြီး ပြန်ခေါ်လာချိန်။ တာဝန်ရှိသူစစ်ဆေးတော့ ကလေးကိုမုဒိမ်းကျင့်ခဲ့တာပေါ်ပေါက်တယ် “ လို့ တောင်ငူမြို့မရဲစခန်းမှူးဒုရဲမှူး ကျော်ကျော်ဦးကပြောပါတယ်။

အောက်တိုဘာ ၁၉ရက် မွန်းလွဲ၂ နာရီခန့်ကအသက်
(၇)နှစ်ကျော် အရွယ် မိန်းကလေးငယ်တစ်ဦး နေအိမ်မှာမရှိဘဲ ပျောက်ဆုံးနေ
တာကြောင့် အတူနေ ဘွားအေဖြစ်သူနဲ့မိဘတွေက မင်းကြီးညိုရပ်ကွက်ထဲကို
လိုက်လံရှာဖွေရာမှာ ရေဖြူကင်းကျေးရွာနေ အသက် ၅၁ နှစ်အရွယ် ဦးဇော်ဇော် ဆိုသူနဲ့တွေ့ရှိခဲ့ပါတယ်။ တာဝန်ရှိသူတွေ စစ်ဆေးမေးမြန်းတော့
ပေါက်လှကြီးလမ်းဆုံ ဘုန်းတော်ကြီးကျောင်း တစ်ခုအနီးမှာရှိတဲ့ ခြုံပုတ်တစ်ခုသို့ခေါ်ဆောင်ကာ မုဒိမ်းကျင့်ခဲ့တယ်လို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းကနေ သိရပါတယ်။

မျက်မြင်တွေ့ရှိသူခေါင်းရွက်ဗျတ်ထိုးဈေးသည် ဒေါ်နန်းက “
ကလေးကိုလက်ဆွဲပြီး ထွက်လာတာ ကျွန်မက မြင်လိုက်ရတယ်။‌ သားအဖလို့ထင်မိတာ။ အတော်နေမှ လူအုပ်ကြီးလိုက်လာပြီး ကလေးသူခိုး ဆိုပြီး ဖမ်းဆီး ရိုက်နှက်ကြမှသိတာ။ အခင်းဖြစ်တဲ့နေရာက ထွက်လာတော့‌လည်း ခပ်အေးအေးနဲ့ကလေး လက်ဆွဲလာတာပါ”
လို့ ပြောပြပါတယ်။

အရွယ်မရောက်သေးတဲ့ မိန်းကလေးကို ခိုးယူခေါ်ဆောင်ပြီး မုဒိမ်းကျင့်
ခဲ့တယ်ဆိုတဲ့ ဇော်ဇော် ကို တောင်ငူမြို့မရဲစခန်းမှ(ပ)၄၉၇ /၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ( မုဒိမ်းမှု ) ၃၆၃ ( လူခိုးမှု) ပုဒ်မတွေနဲ့ အမှုဖွင့်လှစ် အရေးယူ‌ေဆာင်ရွက်ထားတယ်လို့ ရဲစခန်းကနေ သိရှိရပါတယ်။

#Voiceofmyanmar #VOM #လူခိုးမှု #မုဒိမ်းမှု #တောင်ငူ

Zawgy

ေတာင္ငူမွာ အသက္ ၇ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ကို ခိုးယူအဓမၼက်င့္

ေတာင္ငူ- ေအာက္တိုဘာ၂၀-၂၀၂၀
ေကာင္းလက္်ာ(VOM)

ေအာက္တိုဘာ ၁၉ ရက္ေန႔က ပဲခူးတိုင္း ေတာင္ငူၿမိဳ႕နယ္ အမွတ္၂၂ ရပ္ကြက္ (မင္းႀကီးညိဳရပ္)မွာရွိတဲ့ဘုန္း‌ႀကီးေက်ာင္း တစ္ခုအနီးမွာ အသက္ ၇ ႏွစ္ေက်ာ္အ႐ြယ္ရွိတဲ့ မိန္းကေလးကို အသက္ ၅၁ႏွစ္အ႐ြယ္ရွိသူ အမ်ိဳးသားက ခိုးယူအဓမၼျပဳက်င့္ခဲ့တယ္လို႔ ေတာင္ငူၿမိဳ႕မ ရဲစခန္းကသိရပါတယ္။

“ ကေလးေပ်ာက္သြားလို႔ မိသားစုဝင္တခ်ိဳ႕လိုက္ရွာေတာ့ အခင္းျဖစ္ဘုန္းႀကီး‌
ေက်ာင္းနားမွာ ျပန္မိတယ္။ကေလးကိုလက္ဆြဲၿပီး ျပန္ေခၚလာခ်ိန္။ တာဝန္ရွိသူစစ္ေဆးေတာ့ ကေလးကိုမုဒိမ္းက်င့္ခဲ့တာေပၚေပါက္တယ္ “ လို႔ ေတာင္ငူၿမိဳ႕မရဲစခန္းမႉးဒုရဲမႉး ေက်ာ္ေက်ာ္ဦးကေျပာပါတယ္။

ေအာက္တိုဘာ ၁၉ရက္ မြန္းလြဲ၂ နာရီခန႔္ကအသက္
(၇)ႏွစ္ေက်ာ္ အ႐ြယ္ မိန္းကေလးငယ္တစ္ဦး ေနအိမ္မွာမရွိဘဲ ေပ်ာက္ဆုံးေန
တာေၾကာင့္ အတူေန ဘြားေအျဖစ္သူနဲ႔မိဘေတြက မင္းႀကီးညိဳရပ္ကြက္ထဲကို
လိုက္လံရွာေဖြရာမွာ ေရျဖဴကင္းေက်း႐ြာေန အသက္ ၅၁ ႏွစ္အ႐ြယ္ ဦးေဇာ္ေဇာ္ ဆိုသူနဲ႔ေတြ႕ရွိခဲ့ပါတယ္။ တာဝန္ရွိသူေတြ စစ္ေဆးေမးျမန္းေတာ့
ေပါက္လွႀကီးလမ္းဆုံ ဘုန္းေတာ္ႀကီးေက်ာင္း တစ္ခုအနီးမွာရွိတဲ့ ၿခဳံပုတ္တစ္ခုသို႔ေခၚေဆာင္ကာ မုဒိမ္းက်င့္ခဲ့တယ္လို စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း ေတာင္ငူၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

မ်က္ျမင္ေတြ႕ရွိသူေခါင္း႐ြက္ဗ်တ္ထိုးေဈးသည္ ေဒၚနန္းက “
ကေလးကိုလက္ဆြဲၿပီး ထြက္လာတာ ကြၽန္မက ျမင္လိုက္ရတယ္။‌ သားအဖလို႔ထင္မိတာ။ အေတာ္ေနမွ လူအုပ္ႀကီးလိုက္လာၿပီး ကေလးသူခိုး ဆိုၿပီး ဖမ္းဆီး ႐ိုက္ႏွက္ၾကမွသိတာ။ အခင္းျဖစ္တဲ့ေနရာက ထြက္လာေတာ့‌လည္း ခပ္ေအးေအးနဲ႔ကေလး လက္ဆြဲလာတာပါ”
လို႔ ေျပာျပပါတယ္။

အ႐ြယ္မေရာက္ေသးတဲ့ မိန္းကေလးကို ခိုးယူေခၚေဆာင္ၿပီး မုဒိမ္းက်င့္
ခဲ့တယ္ဆိုတဲ့ ေဇာ္ေဇာ္ ကို ေတာင္ငူၿမိဳ႕မရဲစခန္းမွ(ပ)၄၉၇ /၂၀၂၀ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆ ( မုဒိမ္းမႈ ) ၃၆၃ ( လူခိုးမႈ) ပုဒ္မေတြနဲ႔ အမႈဖြင့္လွစ္ အေရးယူ‌ေဆာင္႐ြက္ထားတယ္လို႔ ရဲစခန္းကေန သိရွိရပါတယ္။

#Voiceofmyanmar #VOM #လူခိုးမႈ #မုဒိမ္းမႈ #ေတာင္ငူ

 

Related posts

Leave a Comment

VOM News

FREE
VIEW