ကဝမှာ ကိုဗစ်ပျောက်ပြီးသား အမျိုးသားကြီးတဦး ကိုဗစ်ထပ်မံကူးစက်ခံရ

ကဝမှာ ကိုဗစ်ပျောက်ပြီးသား အမျိုးသားကြီးတဦး ကိုဗစ်ထပ်မံကူးစက်ခံရ

အောက်တိုဘာ၂၀-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်းဒေသကြီး မြို့နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်‌ေရာဂါ ဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ ကဝမြို့နယ်မှာ အောက်တိုဘာ ၁၉ ရက်နေ့ည ထုတ်ပြန်ချက်အရ ကို‌ဗစ်ရောဂါသက်သာပျောက်ကင်းပြီး သိပ်မကြာသေးတဲ့ အမျိုးသားကြီးတစ်ဦး ရောဂါပိုး ထပ်မံ စစ်ဆေး‌ ေတွ့ရှိခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စုံစမ်းသိရှိရပါတယ်။

ကိုးလပိုင်းမှာ သက္ကလဆေးရုံမှာပေါ့စတစ်လူနာနဲ့ကွန်တက်ရှိလို့စစ်ရာကကိုဗစ်ပိုးတွေ့တယ်။ ကိုးလပိုင်းထဲမှာဆေးရုံကဆင်းရတယ်။အခုတစ်ခါ သူအိမ်မှာနေနေတုန်း အိမ်မှာလူတစ်ဦးရောဂါပိုးတွေ့လို့ ကွန်တက်အနေနဲ့ထပ်စစ်ရတာမှာ မနေ့က ပိုးထပ်တွေ့တာပါ “ လို့ ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမောင်မောင်ချစ်ကပြောပါတယ်။

အဆိုပါအမျိုးသားကြီးမှာ အသက် ၇၃ နှစ်အရွယ်ရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာလပထမအပတ်ခန့်က သက္ကလဆေးရုံကြီးမှာ ကိုဗစ်ပိုးတွေ့လူနာနဲ့ ထိတွေမှု ရှိခဲ့လို့ စစ်ဆေးခဲ့ရာက ရောဂါပိုး ကူးစက်ခံခဲ့ပြီး နှစ်ပတ်ကျော်အကြာမှာ နက်ဂတစ်အဖြေထွက်လို့ဆေးရုံမှဆင်းခွင့်ရခဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဆေးရုံမှ စက်တင်ဘာ နောက်ဆုံးပတ်ခန့်မှာ ဆင်းခွင့်ရရှိခဲ့တဲ့ အဲဒီအမျိုးသားကြီးကို နေအိမ်မှာ အသွား အလာကန့်သတ်ထားရှိပြီး သိပ်မကြာမီ မိသာစုဝင်တစ်ဦး အနံ့မရသဖြင့် ကိုဗစ်ပိုးစစ်ဆေးရာ ရောဂါပိုးတွေ့ရှိခဲ့ရသဖြင့် ထိတွေမှုရှိထားသူ အသက်၇၃နှစ်အရွယ် ကိုဗစ်ပိုးကူးစက်ခံရဘူးသူ
ကို ပြန်လည်စစ်ဆေးရာမှအောက်တိုဘာ ၁၉ ရက်နေ့က ဒုတိယအကြိမ်ကူး စက်ခံခဲ့ရခြင်းဖြစ်တယ်လို့ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရှိရပါတယ်။

ကိုဗစ် ဒုတိယလှိုင်းကာလ ဩဂုတ်လခန့်မှ ယနေ့အထိ ကဝမြို့နယ် သက္ကလစံပြတိုက်နယ်ကျေးရွာ အပါအဝင် ရပ်ကွက်ကျေးရွာများမှာ Covid-19 ရော ဂါပိုးအတည်ပြုလူနာ ၁၉၄ ဦးရှိခဲ့ပြီးလတ်တလော ကုသမှုခံယူနေရသူ ၃၁ ဦးသာရှိတယ်လို့ ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ အချက်လက်တွေအရ သိရပါတယ်။

ကဝမြို့နယ်အတွင်း အောက်တိုဘာလ၁၉ ရက်နေ့က Covid-19 အတည်ပြုလူနာများမှာအတည်ပြုလူနာသစ် ၁၄ ဦးမှာ ရွှေပေါက်ပင်‌ေကျးရွာနေသူ ၈ ဦး၊ သက္ကလစံပြကျေးရွာနေ ၂ ဦး၊ဈေးဖလုံ၊အေးရွာ၊တဲစုနဲ့ခမွန်ကံကြီးတို့မှ ၁ ဦးစီဖြစ်ပြီး ဒုတိယအကြိမ် ရောဂါပိုးထပ်မံကူးစက်ခံရသူ အမျိုးသားကြီးမှာ ခမွန်ကံကြီး ကျေးရွာနေသူ ဖြစ်တယ်လို့ ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရှိရပါတယ်။

#voiceofmyanmar #VOM #ပဲခူးတိုင်းကိုဗစ် #covid19 #ကဝ

Zawgyi

ကဝမွာ ကိုဗစ္ေပ်ာက္ၿပီးသား အမ်ိဳးသားႀကီးတဦး ကိုဗစ္ထပ္မံကူးစက္ခံရ

ေအာက္တိုဘာ၂၀-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္းေဒသႀကီး ၿမိဳ႕နယ္ေတြမွာ ကို႐ိုနာဗိုင္းရပ္စ္‌ေရာဂါ ျဖစ္ပြားမႈ အမ်ားဆုံးျဖစ္တဲ့
ကဝၿမိဳ႕နယ္မွာ ေအာက္တိုဘာ ၁၉ ရက္ေန႔ည ထုတ္ျပန္ခ်က္အရ ကို‌ဗစ္
ေရာဂါသက္သာေပ်ာက္ကင္းၿပီး သိပ္မၾကာေသးတဲ့ အမ်ိဳးသားႀကီးတစ္ဦး ေရာဂါပိုး ထပ္မံ စစ္ေဆး‌ ေတြ႕ရွိခဲ့တယ္လို႔ ေဝါၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ စုံစမ္းသိရွိရပါတယ္။

ကိုးလပိုင္းမွာ သကၠလေဆး႐ုံမွာေပါ့စတစ္လူနာနဲ႔ကြန္တက္ရွိလို႔စစ္ရာကကိုဗစ္ပိုးေတြ႕တယ္။ ကိုးလပိုင္းထဲမွာေဆး႐ုံကဆင္းရတယ္။အခုတစ္ခါ သူအိမ္မွာေနေနတုန္း အိမ္မွာလူတစ္ဦးေရာဂါ
ပိုးေတြ႕လို႔ ကြန္တက္အေနနဲ႔ထပ္စစ္ရတာမွာ မေန႔က ပိုးထပ္ေတြ႕တာပါ “ လို႔ ကဝၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးမႉး ေဒါက္တာေမာင္ေမာင္ခ်စ္ကေျပာပါတယ္။

အဆိုပါအမ်ိဳးသားႀကီးမွာ အသက္ ၇၃ ႏွစ္အ႐ြယ္ရွိၿပီး ၿပီးခဲ့တဲ့ စက္တင္ဘာလ
ပထမအပတ္ခန႔္က သကၠလေဆး႐ုံႀကီးမွာ ကိုဗစ္ပိုးေတြ႕လူနာနဲ႔ ထိေတြမႈ ရွိခဲ့လို႔ စစ္ေဆးခဲ့ရာက ေရာဂါပိုး ကူးစက္ခံခဲ့ၿပီး ႏွစ္ပတ္ေက်ာ္အၾကာမွာ နက္ဂတစ္အေျဖထြက္လို႔ေဆး႐ုံမွဆင္းခြင့္ရ
ခဲ့သူတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။

ေဆး႐ုံမွ စက္တင္ဘာ ေနာက္ဆုံးပတ္ခန႔္မွာ ဆင္းခြင့္ရရွိခဲ့တဲ့ အဲဒီအမ်ိဳးသားႀကီးကို ေနအိမ္မွာ အသြား အလာကန႔္သတ္ထားရွိၿပီး သိပ္မၾကာမီ မိသာစုဝင္တစ္ဦး အနံ႔မရသျဖင့္ ကိုဗစ္ပိုးစစ္ေဆးရာ ေရာဂါပိုးေတြ႕ရွိခဲ့ရသျဖင့္ ထိေတြမႈရွိထားသူ အသက္၇၃ႏွစ္အ႐ြယ္ ကိုဗစ္ပိုးကူးစက္ခံရဘူးသူ
ကို ျပန္လည္စစ္ေဆးရာမွေအာက္တိုဘာ ၁၉ ရက္ေန႔က ဒုတိယအႀကိမ္ကူး စက္ခံခဲ့ရျခင္းျဖစ္တယ္လို႔ကဝၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွသိရွိရပါတယ္။

ကိုဗစ္ ဒုတိယလႈိင္းကာလ ဩဂုတ္လခန႔္မွ ယေန႔အထိ ကဝၿမိဳ႕နယ္ သကၠလ
စံျပတိုက္နယ္ေက်း႐ြာ အပါအဝင္ ရပ္ကြက္ေက်း႐ြာမ်ားမွာ Covid-19 ေရာ ဂါပိုးအတည္ျပဳလူနာ ၁၉၄ ဦးရွိခဲ့ၿပီးလတ္တေလာ ကုသမႈခံယူေနရသူ ၃၁ ဦးသာရွိတယ္လို႔ ပဲခူးတိုင္းေဒသႀကီးက်န္းမာေရးဦးစီးဌာနမွ အခ်က္လက္ေတြအရ သိရပါတယ္။

ကဝၿမိဳ႕နယ္အတြင္း ေအာက္တိုဘာလ၁၉ ရက္ေန႔က Covid-19 အတည္ျပဳ
လူနာမ်ားမွာအတည္ျပဳလူနာသစ္ ၁၄ ဦးမွာ ေ႐ႊေပါက္ပင္‌ေက်း႐ြာေနသူ ၈ ဦး၊ သကၠလစံျပေက်း႐ြာေန ၂ ဦး၊ေဈးဖလုံ၊ေအး႐ြာ၊တဲစုနဲ႔ခမြန္ကံႀကီးတို႔မွ ၁ ဦးစီျဖစ္ၿပီး ဒုတိယအႀကိမ္ ေရာဂါပိုးထပ္မံကူးစက္ခံရသူ အမ်ိဳးသားႀကီးမွာ ခမြန္ကံႀကီး ေက်း႐ြာေနသူ ျဖစ္တယ္လို႔ ကဝၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွသိရွိရပါတယ္။

#voiceofmyanmar #VOM #ပဲခူးတိုင္းကိုဗစ္ #covid19 #ကဝ

 

Related posts

Leave a Comment

VOM News

FREE
VIEW