တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းထုတ်မရလို့ အစိုးရအလုပ်လျှောက်ထားမယ့်သူတွေ အခက်အခဲဖြစ်နေ

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းထုတ်မရလို့ အစိုးရအလုပ်လျှောက်ထားမယ့်သူတွေ အခက်အခဲဖြစ်နေ

အောက်တိုဘာ ၂၀-၂၀၂၀
သိင်္ဂီ (VOM)

ကိုဗစ်ကပ်ရောဂါကူးစက်မှုမြင့်တက်နေတာကြောင့် ဆယ်တန်းအမှတ်စာရင်း တွေကို ထုတ်ပေးတာရပ်ထားလို့ အစိုးရရဲ့ အလုပ်အကိုင်ကိုလျှောက်ထားမယ့် သူတွေမှာ အခက်အခဲတွေဖြစ်နေရတယ်လို့ သိရပါတယ်။

ခုလို ဆယ်တန်းအမှတ်စာရင်းတွေထုတ်ပေးခြင်းမရှိတဲ့အတွက် အခက်အခဲဖြစ်နေတဲ့အကြောင်း သူနာပြုလျှောက်ထားမယ့်သူတစ်ဦးပြောပြတာက

“ အခု ကျန်းမာရေးဝန်ကြီးဌာနက ဆေးဘက်ဆိုင်ရာ အလုပ်တွေခေါ်နေတယ်။သူနာပြုအလုပ်ခေါ်တာရှိတယ်။အဲ့ဒါတွေက ဆယ်တန်းအောင်လက်မှတ်တို့၊ အမှတ်စာရင်းတို့ပြရတာရှိတယ်။ခုကျမတို့မှာ အဲ့ဒါတွေ မထုတ်နိုင်တော့အလုပ်လျှောက်ရတာအခက်အခဲဖြစ်တယ်။ဘယ်လိုလုပ်ရမလဲမသိဘူး။”လို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူ မအေမီကပြောပါတယ်။

အမှတ်စာရင်း ထုတ်ပေးနိုင်မယ့် ကာလကိုလည်း အတိကျ မသိရှိရသေးဘူးလို့ မြန်မာနိုင်ငံစာစစ်ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထိုက်က

“အလုပ်လျှောက်တဲ့အခါ အမှတ်စာရင်းတောင်းတာ၊ အောင်လက်မှ တ်တောင်းတာ တွေအတွက် လိုအပ်ရင်သူတို့လည်း ဆရာတို့ဆီလာပါတယ်။အကုန်လုံး လုပ်ငန်းတွေက လူဝင်လူထွက်တွေပိတ်ထားရတယ်။ ရုံးတွေအားလုံးက ညွှန်ကြားချက်အရလူဝင်လူထွက်ပိတ်ထားတယ်။ ဆရာတို့ စာစစ်ဌာနကအမှတ်စာရင်းထုတ်မပေးဘူးဆိုတာသိပါတယ်။ ခုက ကျန်းမာရေးဝန်ကြီးဌာနက လူစုလူဝေးမလုပ်ရဘူးဆိုတော့လေရပ်ထားတယ်။ကိုဗစ်ကာလမှာအမှတ်စာရင်းထုတ်ရင်လူစုလူဝေးကဖြစ်မှာလေ ၊ ဖြစ်မယ်ဆိုရင် ရောဂါကူးကုန်မှာပေါ့။အဲ့တော့ ရောဂါကူးစက်မှာစိုးရိမ်တဲ့အတွက်အောင်လက်မှတ်တွေထုတ်ပေးဖို့က ဆရာတို့ဘက်က လောလောာဆယ်အခြေအနေပြန်ကြည့်နေရတယ်” လို ပြောပါတယ်။

လက်ရှိမှာ ကိုဗစ်ကူးစက်မှုဟာထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့အတွက် အစိုးရရုံးအချို့ဟာ နှစ်ပတ်နား နှစ်ပတ်ရုံးတက်စနစ်ဖြင့်လုပ်ကိုင်နေကြတာရှိသလို ၊ လူဝင်လူထွက်ပိတ်ထားတဲ့ ရုံးတွေလည်းရှိတာကြောင့် ဆယ်တန်းအောင်လက်မှတ်တွေ ထုတ်ပေးတာကိုလည်း ရပ်နားထားရတာဖြစ်တယ်လို့ သိရပါတယ်။

#Voiceofmyanmar #VOM #တက္ကသိုလ်ဝင်တန်း #အမှတ်စာရင်း

Zawgy

တကၠသိုလ္ဝင္တန္း အမွတ္စာရင္းထုတ္မရလို႔ အစိုးရအလုပ္ေလွ်ာက္ထားမယ့္သူေတြ အခက္အခဲျဖစ္ေန

ေအာက္တိုဘာ ၂၀-၂၀၂၀
သိဂႌ (VOM)

ကိုဗစ္ကပ္ေရာဂါကူးစက္မႈျမင့္တက္ေနတာေၾကာင့္ ဆယ္တန္းအမွတ္စာရင္း ေတြကို ထုတ္ေပးတာရပ္ထားလို႔ အစိုးရရဲ႕ အလုပ္အကိုင္ကိုေလွ်ာက္ထားမယ့္ သူေတြမွာ အခက္အခဲေတြျဖစ္ေနရတယ္လို႔ သိရပါတယ္။

ခုလို ဆယ္တန္းအမွတ္စာရင္းေတြထုတ္ေပးျခင္းမရွိတဲ့အတြက္ အခက္အခဲျဖစ္ေနတဲ့အေၾကာင္း သူနာျပဳေလွ်ာက္ထားမယ့္သူတစ္ဦးေျပာျပတာက

“ အခု က်န္းမာေရးဝန္ႀကီးဌာနက ေဆးဘက္ဆိုင္ရာ အလုပ္ေတြေခၚေနတယ္။သူနာျပဳအလုပ္ေခၚတာရွိတယ္။အဲ့ဒါေတြက ဆယ္တန္းေအာင္လက္မွတ္တို႔၊ အမွတ္စာရင္းတို႔ျပရတာရွိတယ္။ခုက်မတို႔မွာ အဲ့ဒါေတြ မထုတ္ႏိုင္ေတာ့အလုပ္ေလွ်ာက္ရတာအခက္အခဲျဖစ္တယ္။ဘယ္လိုလုပ္ရမလဲမသိဘူး။”လို႔ တကၠသိုလ္ဝင္တန္းေအာင္ျမင္ထားသူ မေအမီကေျပာပါတယ္။

အမွတ္စာရင္း ထုတ္ေပးႏိုင္မယ့္ ကာလကိုလည္း အတိက် မသိရွိရေသးဘူးလို႔ ျမန္မာႏိုင္ငံစာစစ္ဌာနမွ ဒုတိယၫႊန္ၾကားေရးမႉး ဦးေအာင္ထိုက္က

“အလုပ္ေလွ်ာက္တဲ့အခါ အမွတ္စာရင္းေတာင္းတာ၊ ေအာင္လက္မွ တ္ေတာင္းတာ ေတြအတြက္ လိုအပ္ရင္သူတို႔လည္း ဆရာတို႔ဆီလာပါတယ္။အကုန္လုံး လုပ္ငန္းေတြက လူဝင္လူထြက္ေတြပိတ္ထားရတယ္။ ႐ုံးေတြအားလုံးက ၫႊန္ၾကားခ်က္အရလူဝင္လူထြက္ပိတ္ထားတယ္။ ဆရာတို႔ စာစစ္ဌာနကအမွတ္စာရင္းထုတ္မေပးဘူးဆိုတာသိပါတယ္။ ခုက က်န္းမာေရးဝန္ႀကီးဌာနက လူစုလူေဝးမလုပ္ရဘူးဆိုေတာ့ေလရပ္ထားတယ္။ကိုဗစ္ကာလမွာအမွတ္စာရင္းထုတ္ရင္လူစုလူေဝးကျဖစ္မွာေလ ၊ ျဖစ္မယ္ဆိုရင္ ေရာဂါကူးကုန္မွာေပါ့။အဲ့ေတာ့ ေရာဂါကူးစက္မွာစိုးရိမ္တဲ့အတြက္ေအာင္လက္မွတ္ေတြထုတ္ေပးဖို႔က ဆရာတို႔ဘက္က ေလာေလာာဆယ္အေျခအေနျပန္ၾကည့္ေနရတယ္” လို ေျပာပါတယ္။

လက္ရွိမွာ ကိုဗစ္ကူးစက္မႈဟာထိန္းခ်ဳပ္ႏိုင္ျခင္း မရွိေသးတဲ့အတြက္ အစိုးရ႐ုံးအခ်ိဳ႕ဟာ ႏွစ္ပတ္နား ႏွစ္ပတ္႐ုံးတက္စနစ္ျဖင့္လုပ္ကိုင္ေနၾကတာရွိသလို ၊ လူဝင္လူထြက္ပိတ္ထားတဲ့ ႐ုံးေတြလည္းရွိတာေၾကာင့္ ဆယ္တန္းေအာင္လက္မွတ္ေတြ ထုတ္ေပးတာကိုလည္း ရပ္နားထားရတာျဖစ္တယ္လို႔ သိရပါတယ္။

#Voiceofmyanmar #VOM #တကၠသိုလ္ဝင္တန္း #အမွတ္စာရင္း

 

Related posts

Leave a Comment

VOM News

FREE
VIEW