တရုတ်ကလာတဲ့ ဖုန်မှုန့်တွေမှာ ဗိုင်းရပ်စ်တွေပါလာနိုင်လို့ မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ အောက်တိုဘာ-၂၄-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံကလာတဲ့ အဝါရောင်ဖုန်မှုန့်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်တွေ ပါဝင်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အိမ်ထဲမှာသာနေကြဖို့ မြောက်ကိုရီးယားအာဏာပိုင်တွေက သတိပေးထားပါတယ်။

အာဏာပိုင်တွေက ဒီလိုသတိပေးလိုက်တာကြောင့် မြို့တော်ပြုံးယမ်းရဲ့လမ်းမတွေပေါ်မှာ လူသွားလူလာတွေ တိတ်ဆိတ်ခြောက်ကပ်သွားပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိဘူးလို့ အခိုင်အမာဆိုထားပေမယ့် နိုင်ငံနယ်စပ်တွေကို ပိတ်သိမ်းတာတွေနဲ့ သွားလာမှုတွေကို ကန့်သတ်တာတွေအပါအဝင် ဇန်နဝါရီလကတည်းက အမြင့်ဆုံးတပ်လှန့်လုပ်ဆောင်ခဲ့ပါတယ်။

တရုတ်နိုင်ငံဘက်ကနေ ရာသီအလိုက်လာလေ့ရှိတဲ့ ဖုန်မှုန့်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ်အကြား ဆက်နွယ်မှုရှိမရှိ သေချာမသိရသေးပါဘူး။

ဒီဖုန်မှုန့်တွေနဲ့ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်တာဟာ မြောက်ကိုရီးယား တစ်နိုင်ငံတည်းတော့မဟုတ်ပါဘူး။

တာ့ခ်မင်နစ္စတန်နိုင်ငံကလည်း ဗိုင်းရပ်စ်တွေပါဝင်လာနိုင်တဲ့ ဖုန်မှုန့်တွေမရှူမိအောင် နိုင်ငံသားတွေအနေနဲ့ ပါးစပ်နဲ့ နှာခေါင်းစည်းတွေ တပ်ဆင်ဖို့ သတိပေးထားပါတယ်။

အဝါရောင်ဖုန်မှုန့်တွေဟာ မွန်ဂိုလီးယားနဲ့ တရုတ်သဲကန္တာရတွေကို ဖြတ်သန်းပြီး တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ကို နှစ်စဉ် ဝင်ရောက်နေခဲ့တာဖြစ်ပြီး ဒီဖုန်မှုန့်တွေကြောင့် နှစ်နိုင်ငံစလုံးမှာ ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ နှစ်အတန်ကြာကတည်းက မြင့်တက်နေပါတယ်။

Ref : BBC
Photo:KCTV
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW