မန္တလေး- အောက်တိုဘာ ၂၈-၂၀၂၀ ဆွေလင်းထွန်း+နေလင်း( VOM) ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၆၀ အလို စက်တင်ဘာ ၆ ရက်နေ့ကစပြီး နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတာတွေ စတင်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တဲ့အချိန်ဟာ ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မို့ နိုင်ငံရေးပါတီတွေ အကြပ်ရိုက်ခဲ့ပါတယ်။ တပါတီနဲ့ တပါတီ သူ့အကဲခတ် ကိုယ့်အကဲခတ် စောင့်ကြည့်ရင်း ပါတီကြီးတချို့ရဲ့ခေါင်းဆောင်တွေ လမ်းပေါ်စထွက်ပြီး သွေးတိုးစမ်းရာကနေ ဝန်းရံသူဆိုတဲ့ လူအုပ်ကြီးတွေ လမ်းပေါ်မှာ အလျှိုလျှိုပေါ်လာခဲ့တာ အားလုံးအမြင်ဖြစ်ပါတယ်။ ဒီလို မဲဆွယ်လိုက်သူတွေထဲက တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့မေးခွန်းလေးတွေမေးကြည့်တော့ သူတို့ကြိုက်တဲ့ပါတီနိုင်စေချင်လို့ လိုက်တာဆိုတဲ့ အဖြေကလွဲပြီး မဲပေးရမယ့်အနေအထားကို လေ့လာမထားသူအများစုနဲ့ သူတို့နယ်က မဲပေးရမယ့် သူတို့ဝန်းရံတဲ့ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ နာမည်ကိုတောင် မသိသူအများစုဖြစ်တာကို ဗီအိုအမ်ကမေးမြန်းတာမှာ တွေ့ရှိရပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ အထွေထွေရွေးကောက်ပွဲ ကျင်းပရာမှာ ကိုဗစ်…
Read MoreMonth: October 2020
မဲရုံပစ္စည်းတွေပို့ဆောင်တဲ့ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို RCSS/SSAက သေနတ်နဲ့ပစ်ခတ်
အောက်တိုဘာ ၂၈-၂၀၂၀ အေးချမ်းသူ(VOM) ရှမ်းပြည်နယ်တောင်ပိုင်း ၊လင်းခေးခရိုင်၊ မိုင်းပြန်မြို့နယ်အတွက် မဲရုံပစ္စည်းတွေလာရောက်ပို့ဆောင်တဲ့ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို RCSS/SSAအဖွဲ့က သေနတ်နဲ့ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးနဲ့ ဌာနခွဲစာရေးတို့ သေနတ်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထင်ကျော်က VOMကိုပြောပါတယ်။ “ဖြစ်တာက နေ့လည် ၁နာရီခွဲလောက်မှာဖြစ်တာဗျ။ နာလောကျေးရွာအုပ်စု၊ ဟွေရှယ်ရွာသစ် အနီးတစ်ဝိုက်မှာ RCSS/SSAအဖွဲ့က ခရိုင်အုပ်ချုပ်ရေးမှူးပါလာတဲ့ကားကို လက်နက်ငယ်နဲ့ အနီးကပ်ပစ်ခတ်ခဲ့တာပါ”လို့ ဦးထင်ကျော်က ပြောပါတယ်။ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ နဲ့ ဌာနခွဲစာရေး ဦးနေမင်းအောင်တို့ဟာ မနေ့ အောက်တိုဘာ ၂၇ရက်နေ့ မနက်ပိုင်းက မိုင်းပန်မြို့နယ်အတွက် မဲရုံပစ္စည်းတွေကို လာရောက်ပို့ဆောင်ပြီး အပြန် မြို့ပြင်ဘက်မှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ရှမ်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထင်ကျော်က VOMကိုရှင်းပြပါတယ်။ အခုလို လက်နက်ငယ်ပစ်ခတ်ခံရမှုကြောင့် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ဘယ်ဘက်ပေါင်ထိမှန်ဒဏ်ရရှိခဲ့ပြီး ဌာနခွဲစာရေး ဦးနေမင်းအောင်ကလည်း ဘယ်ဒူး ကျည်ထိမှန်ခဲ့ကာ မိုင်းပန်ဆေးရုံက တဆင့် တောင်ကြီးစပ်စံထွန်းဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဦးထင်ကျော်ကပြောပါတယ်။…
Read Moreကချင်ပြည်နယ်က မဲရုံစောင့်ဝန်ထမ်း ၄ယောက် ကျန်မာရေးချို့ယွင်းလို့ ရဟတ်ယာဉ်နဲ့ ပြန်ခေါ်ပြီးဆေးကုပေးနေရ
မြစ်ကြီးနား -အောက်တိုဘာ ၂၈-၂၀၂၀ ရန်အောင်ထွန်း (VOM) ကချင်ပြည်နယ် ၊ ခေါင်လန်ဖူးမြို့နယ်ကို မဲရုံစောင့်တာဝန်ကျလို့ သွားတဲ့ပညာရေးဝန်ထမ်း ဆရာ/ဆရာမ ၄ ဦး ကျန်းမာရေး မကောင်းဖြစ်လို့ အောက်တိုဘာ ၂၇ ရက်နေ့မှာ လမ်းတစ်ဝက်ကနေ ရဟတ်ယာဉ်နဲ့ မြစ်ကြီးနားမြို့အထိ ပြန်ပို့လိုက်ရတယ်လို့ ခေါင်လန်ဖူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောပါတယ်။ ပြန်လာရတဲ့ ၄ ယောက်မှာ ဆရာ ၁ ယောက်နဲ့ ဆရာမ ၃ ယောက်ပါဝင်ပါတယ်။ အဲ့ဒီဆရာ/ ဆရာမတွေထဲက တစ်ယောက်က အစာအိမ်ရောဂါရှိပြီး ၊ တစ်ယောက်က အကြောတက်တဲ့ ရောဂါရှိတယ်လို့ သိရပါတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ခရီးပင်ပန်းပြီး ဖျားလို့ခေါင်လန်ဖူးမြို့နဲ့ ၂၁ မိုင် ဝေးတဲ့ ရိန်ဒန်းမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ခေါင်လန်ဖူးမြို့နယ် ပညာရေးမှူး ဦးစိုးနီက ပြောပါတယ်။ ပူတာအိုခရိုင်ရွေကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး…
Read Moreလူငယ်အရေးတွေကို အဓိက ဦးစားပေးလုပ်မယ့် နန်းယမင်း
တောင်ကြီး၊ အောက်တိုဘာ ၂၈-၂၀၂၀ နေနန်းနွယ် (VOM) တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ကနေ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်နန်းယမင်းက လူငယ်တွေအရေး၊ အမျိုးသမီးရေး နဲ့ ဒေသခံ စိုက်ပျိုးတောင်သူတွေအရေး ဆောင်ရွက်ချင်လို့ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်တာပါလို့ဆိုပါတယ်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နန်းယမင်းကို VOM သတင်းထောက် နေနန်းနွယ်က တွေ့ဆုံမေးမြန်းထားပါတယ်။ #voiceofmyanmar #VOM #SNLD #နန်းယမင်း #တောင်ကြီး zawgy လူငယ်အရေးတွေကို အဓိက ဦးစားပေးလုပ်မယ့် နန်းယမင်း တောင်ကြီး၊ အောက်တိုဘာ ၂၈-၂၀၂၀ နေနန်းနွယ် (VOM) တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ကနေ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်နန်းယမင်းက…
Read Moreဖားကန့်တောင်ပြိုရွာမှာ လော့ဒေါင်း ပြန်ဖျက်ပေးဖို့ ဆန္ဒပြ
အောက်တိုဘာ ၂၇-၂၀၂၀ ရန်အောင်ထွန်း (VOM) ဓာတ်ပုံ – နောင်ရိုး ကချင်ပြည်နယ် ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာမှာ လော့ဒေါင်းချထားတာ ပြန်ပြင်ပေးဖို့ လူအင်အား ရာနဲ့ချီတဲ့ ကျေးရွာလူထုဟာ အောက်တိုဘာ ၂၇ မွန်းလွဲပိုင်းက ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ပါတယ်။ ဖားကန့်ဒေသမှာ ပိုးတွေ့လူနာများလာလို့ အောက်တိုဘာ ၂၀ ရက်နေ့မှာ ရောဂါပိုးကူးစက်မှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရေးအတွက် ဖားကန့်နဲ့ မိုးညှင်းနှစ်မြို့နယ်ကို Stay At Home နေထိုင်ကြဖို့ ကျန်းမာရေးနှင့် အားကစာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ တောင်ပြိုကျေးရွာ ကိုတော့ ရောဂါပိုးတွေ့သူများလာလို့ အဲ့ဒီမတိုင်ခင်ကတည်းက အသွားအလာ ကန့်သတ်ထားတာလို့ သိရပါတယ်။ “ ကယ်ဆယ်ရေးက ပေးတော့ပေးတာပေါ့ အာလူးတို့ ဆန် ဆီ ဆားတို့ ပေးတာရှိတယ်။ ပိုက်ဆံကတော့ ဘယ်သူပေးတယ်မသိဘူး တစ်အိမ် ၄၇၀၀၀ ပေးတာ ဆယ်ရက်လာက်ရှိပြီ တစ်ခါတော့ပေးတယ်။ အဲ့ဒီကယ်ဆယ်ရေး…
Read Moreလှေတွေနဲ့ အင်အားပြကြမယ့် အင်းလေးက NLD ဝန်းရံသူတွေ အစီအစဉ်ဖျက်သိမ်း
၂၇ အောက်တိုဘာ၂၇- ၂၀၂၀ နေနန်းနွယ် (VOM) NLD ပါတီ ဝန်းရံသူတွေဟာ အင်းလေးရေပြင်မှာ လှေတွေနဲ့ အင်အားပြ အောင်နိုင်ရေးမဲဆွယ်စည်းရုံးဆင်းမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ “ပဋိပက္ခတွေနဲ့ ပြဿနာတွေ ရှောင်ရအောင်လို့ အစီအစဉ်ကို ဖျက်လိုက်တာပါ။ ဒီရက်ပိုင်းလဲ ပြသနာတွေကြားနေရတော့ မလိုလားအပ်တဲ့ ပြသနာတွေ ထပ်မဖြစ်စေချင်လို့ လှေတွေနဲ့ လှည့်ကြမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်၊ ညောင်ရွှေမြို့ပေါ်မှာတော့ တစ်အိမ်တက်ဆင်းစနစ်နဲ့ ဆင်းကြတော့မယ်လို့ ကြားပါတယ်၊ ဒါကလည်း ဝန်းရံသူတွေက စီစဉ်တာပါ” လ်ို့ ရှမ်းပြည်နယ် NLD အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်စန်းစန်းမော်က ဖြေကြားခဲ့ပါတယ်။ လှေတွေနဲ့ အောင်နိုင်ရေးဆင်းကြမယ့်အစီအစဉ်ကို အောက်တိုဘာလ ၂၈ ရက်နေ့မှာ အင်းရေပြင်မှာ ပြုလုပ်မယ်လို့ မူလက စီစဉ်ထားခဲ့ပေမယ့် မလိုလားအပ်တဲ့ ပြသနာတွေကို ရှောင်ရှားဖို့အတွက် အစီအစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ “အင်းလေးက အစီအစဉ်ကတော့ မလုပ်ဖြစ်တော့ဘူးလို့…
Read Moreကာဘိုးမှာ မဲဆွယ်ရင်းဖြစ်တဲ့ လူသေဆုံးမှုအတွက် ပြည်ခိုင်ဖြိုးပါတီက မသိလိုက်လို့ ဝမ်းနည်းကြောင်း ရှင်းလင်း
မုံရွာ အောက်တိုဘာ ၂၇-၂၀၂၀ ခင်မေစန်း(VOM) စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကာဘိုးကျေးရွာမှာ အောက်တိုဘာ ၂၂နေ့ ကပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးဆင်းစဉ်မှာ အခြားပါတီဝန်းရံသူတွေနဲ့ ထိတွေ့မှုရှိခဲ့သော်လည်း လူသေဆုံးမှုကို မိမိတို့မသိကြောင်း အဲဒီကိစ္စအတွက် ဝမ်းနည်း စိတ်မကောင်းကြောင်း စစ်ကိုင်းတိုင်း ပြည်ခိုင်ဖြိုးပါတီက ဒီကနေ့ရှင်းလင်းပွဲမှာပြောလိုက်တာပါ။ စစ်ကိုင်းတိုင်းပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးက ” ပါတီအနေနဲ့ အဲ့ဒီနေ့ကဘာမှမသိပါဘူး ။၂၄ရက်ကျမှလူတစ်ဦးဒဏ်ရာရပြီးသေဆုံးတယ်ဆိုတာသိရတယ်၊ ကျတော်တို့ ဝမ်းနည်းကြောင်းပြောလိုပါတယ်၊ အလွန်စိတ်မကောင်းဖြစ်ရပါတယ်” လို့ဆိုပါတယ်။ အောက်တိုဘာ ၂၂နေ့က ကန့်ဘလူမြို့နယ် ဇီးကုန်းနှင့် ထန်းကုန်းမှ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ လှည့်လည်ခရီးစဉ်တွင် မိမိတို့ ခရီးစဉ်အား အခြားပါတီကဟန့်တားနှောက်ယှက်ခြင်း ညစ်ညမ်းစွာဆဲရေးမှုပြုမှုကြုံရကြောင်း ခရီးစဉ်ပါ မော်တော်ယာဉ်တစ်စီး ကားနောက်မှန် အုတ်ခဲထုခံရပြီး မှန်ကွဲသွားသဖြင့် ကာဘိုးတွင် တဖက်ဝန်းရံသူများနှင့်ထိတ်တိုက်တွေ့ခဲ့ကြောင်း လူသေဆုံးမှုအားလည်းမိမိတို့မသိတဲ့ ဝမ်းနည်းပါကြောင်း ရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးဆင်းစဉ် အနီရောင်ဝတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝန်းရံသူလို့ယူဆရသူတွေက ဟန့်တားနှောက်ယှက်ကြောင်း၊…
Read MoreNLDပါတီကို အင်းအားပြထောက်ခံမှုပြုလုပ်ခဲ့တဲ့ ရွှေလီရောက် မြန်မာအလုပ်သမားတွေ မဲပေးခွင့်မရဖြစ်နေ
အောက်တိုဘာ ၂၇-၂၀၂၀ အေးချမ်းသူ(VOM) NLD အောင်နိူင်ရေးအတွက် အင်အားပြလှည့်လည်ခဲ့တဲ့ ရွှေလီက မြန်မာအလုပ်သမားတွေကို အလုပ်ရှင်တွေက မဲပေးခွင့်မပြုတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးနေရတယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။ ရွှေလီရောက်မြန်မာတွေ မဲပေးခွင့်ရရှိရေး ချိတ်ဆက်စီစဉ်ခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ဘူးလို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က VOMကို ပြောပါတယ်။ “သူတို့က တရုတ်အစိုးရရယ် အလုပ်ရှင်ရယ် မြန်မာရွှေပြောင်းအလုပ်သမားရယ် ကိုဗစ်ကာလမှာ သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးတာရှိတယ်၊ long time ရှိတယ်၊ ဒီကိုလာပြီး ဟိုဘက်ပြန်သွားလို့မရဘူး”လို့ ဝန်ကြီးဦးစိုးညွန့်လွင်ကရှင်းပြပါတယ်။ အခုလိုဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တာချီလိတ်မြို့နယ်မြန်မာရွှေပြောင်းအလုပ်သမားအရင်းအမြစ်စင်တာမှ တာန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့” တရုတ်ပြည်နယ်က မြန်မာရွှေပြောင်းအလုပ်သမားတွေ မဲပေးခွင့်နဲ့ပတ်သက်ပြီး သိရှိခြင်းမရှိဘူး၊ လက်ရှိအခြေအနေမှာ ခြောက်လခန့်နေသူများသာ မဲပေးခွင့်ရရှိပြီး ကျန်တဲ့အကြောင်းအရာတွေကို ရွေးကောက်ပွဲကော်မရှင်ကိုမေးမြန်းမှသာ သိရှိမှာဖြစ်တယ်”လို့ ပြောပါတယ်။ မြန်မာရွှေ့ပြောင်းလုပ်သား ၉၀၀ ခန့်ဟာ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရရှိဖို့ကြိုးပမ်းတဲ့အနေနဲ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ အောက်တိုဘာ ၈ ရက်နေ့က အင်အားပြလှည့်လည်ခဲ့တာဖြစ်ပါတယ်။…
Read Moreမအူပင်ထောင်မှာ ကိုဗစ်ကူးစက်ခံရသူ (၁၀၀) ကျော်အထိရှိလာ
အောက်တိုဘာ ၂၇-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ မအူပင်မြို့အကျဉ်းထောင်မှာ ဒီကနေ့စစ်ဆေးချက်အရ အကျဉ်းသားနဲ့ဝန်ထမ်း(၁၀၄)ဦးမှာ ကိုဗစ်ရောဂါတွေ့ရှိခဲ့တယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ မနေ့ အောက်တိုဘာ ၂၆ရက်နေ့က ရောဂါတွေ့ရှိသူအကျဉ်းသားရဲ့အဆောင်အတူနေသူတွေနဲ့ ထောင်ဝန်ထမ်းတွေအပါအဝင် လူဦးရေ(၁၅၀)ကို စစ်ဆေးခဲ့ရာမှာတော့(၆၉)ဦးမှာ ရောဂါတွေ့ရှိခဲ့ပြီး ဒီနေ့စစ်ဆေးမှုမှာတော့ (၃၅)ဦးထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ “မအူပင်ထောင်အဆောင်(၆)က အကျဉ်းသား(၉၆)ဦးကိုစစ်ဆေးရာမှာ (၃၁)ဦးမှာရောဂါတွေ့ခဲ့ရပြီး၊ ထောင်ဝန်ထမ်း(၁၀)ဦးထဲက (၄)ဦးမှာရောဂါတွေ့ခဲ့ရတယ်၊ ထောင်အတွင်း ကိုဗစ်ထပ်မံကူးစက်မှုကို တားဆီးဖို့အတွက် မအူပင်မြို့နယ် ကျန်းမာရေးဌာနက ရောဂါတွေ့သူတွေနဲ့ထိတွေ့ခဲ့တဲ့ အကျဉ်းသားတွေ၊ ထောင်ဝန်ထမ်း၊ ထောင်ကအပြင်ထွက်ရမယ့်သူတွေကို ရောဂါရှိမရှိ ထပ်မံစစ်ဆေးသွားမယ်”လို့ ဧရာဝတီတိုင်းကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှုး ဒေါက်တာသန်းထွန်းအောင်ကပြောပါတယ်။ ဒီကနေ့အောက်တိုဘာ ၂၇ရက် မနက်ပိုင်းထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းအတွင်းမှာ ကိုဗစ်အတည်ပြုလူနာ (၉၄၉)ဦးထိရှိလာပြီး မအူပင်မြို့နယ်မှာ ဒီကနေအ့ထိ (၃၀၇)ဦးထိရှိလာနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ(၂၃)ရက်နေ့က အသက်ရူကြပ်နေတဲ့အကျဉ်းသားတစ်ဦးကို မအူပင်ဆေးရုံကို ခေါ်ယူစစ်ဆေးရာကနေ အောက်တိုဘာ(၂၅)ရက်နေ့မှာ ကိုဗစ်ရောဂါတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မအူပင် #အကျဉ်းထောင်…
Read Moreသောင်းစိန် နာရီပြင်ဆဲ
Read More