ကောလဟလနဲ့ သတင်းမှားတွေကို သတိထားဖို့ အချက်များ

” Covid-19 ကာလမှာ ကောလဟလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့ အရမ်းအရေးကြီးပါတယ်..” 🔘 ကိုဗစ် ၁၉ နှင့်ပတ်သက်၍ အများပြည်သူ စိုးရိမ်ထိတ်လန့်စေသည့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုရ (ဒေသန္တရအမိန့်) 🔘 လူမှုကွန်ယက်စာမျက်နှာတွင် လူများ၏ အကြောက်တရားကို အခြေခံပြီး စိတ်ဝင်စားမှု များများရအောင် လုပ်ကြံဖန်တီးဖြန့်ဝေသည့် သတင်းအမှားများ ယခုလို ကပ်ရောဂါဘေးကာလတွင် အများအပြား ရှိနေတာကြောင့် ဖန်တီးဖြန့်ဝေသူများကို အရေးယူနိုင်မည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါသည်။ 🔘 သတင်းမှားများမှ ရောဂါကာကွယ်ရေးအသိလွဲမှားကာ ရောဂါကူးစက်ခံရနိုင်တာကြောင့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုဘဲ မိမိနှင့် ပတ်ဝန်းကျင်ကို COVID 19 ဘေးမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုလျှင် ☑️ သတင်းရေးသူကို စိစစ်ပါ။ ☑️ ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။ ☑️ သတင်းကို အစအဆုံးဖတ်ပါ။ ☑️ သတင်းထုတ်ဝေတဲ့…

Read More

ဗကသကျောင်းသား ၉ ဦးကို ထောင်ဒဏ် ၁ နှစ်နဲ့ ၁လ ချမှတ်

အောက်တိုဘာ ၂၈-၂၀၂၀ ညီသစ်(VOM) မန္တလေးမြို့ စျေးချိုနာရီစင်ရှေ့မှာ ရခိုင်အရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြတဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသား ၉ ဦးကို ပုဒ်မ – ၅၀၅(ခ)၊ ပုဒ်မ ၁၉ တို့နဲ့ ချမ်းအေးသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် ၁နှစ်နဲ့ ၁လစီ ချမှတ်ခဲ့ပါတယ်။ ” ဒီနေ့ ကျောင်းသားတွေအပေါ် စွဲဆိုထားတဲ့ အမှုမှာ အမှု၂ မှု၊ ၇၈၇/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ၅၀၅(ခ) နဲ့စွဲဆိုထားတဲ့အမှုမှာ အောင်ခိုင်မင်း ၊ ကိုလှထွန်းအောင် ၊ ကိုသက်မောင်မောင်၊ ကိုညီညီမင်းထက်ဝေ ၊ ကိုရဲရင့်အောင် ၊ ကိုသုတညီညီ ၊ ကိုကျော်သီဟရဲကျော် ၊ ကိုစိုးလှနိုင် နဲ့ ကိုမျိုးချစ်ဇော် တို့ (၉) ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။ နောက် အမှုနံပါတ် ၈၀၆/၂၀၂၀ အမှုမှာတော့…

Read More

နေပြည်တော်ဒေသခံတွေ ရွေးကောက်ပွဲ စိတ်ဝင်စားကြသလား

နေပြည်တော်-အောက်တိုဘာ ၂၈-၂၀၂၀ ကိုလတ်(VOM) နေပြည်တော်ဒေသခံတွေရဲ့ ရွေးကောက်ပွဲအပေါ် စိတ်၀င်းစားမှုရှိကြသလား၊ ရွေးကောက်ပွဲနဲ့ပတ်သက်တာတွေ ဘယ်လောက်သိထားကြသလဲ ? ဘယ်လို အစိုးရမျိုးကို မျှော်လင့်နေကြတာလဲ ? ဆိုတာတွေကို နေပြည်တော် အခြေစိုက် VOM သတင်းထောက် ကိုလတ်က ရိုက်ကူးတင်ပြထားပါတယ်။ #voiceofmyanmar #VOM #ရွေးကောက်ပွဲပညာပေး #election Zawgy နေပြည်တော်ဒေသခံတွေ ရွေးကောက်ပွဲ စိတ်ဝင်စားကြသလား နေပြည်တော်-အောက်တိုဘာ ၂၈-၂၀၂၀ ကိုလတ်(VOM) နေပြည်တော်ဒေသခံတွေရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်းစားမှုရှိကြသလား၊ ရွေးကောက်ပွဲနဲ့ပတ်သက်တာတွေ ဘယ်လောက်သိထားကြသလဲ ? ဘယ်လို အစိုးရမျိုးကို မျှော်လင့်နေကြတာလဲ ? ဆိုတာတွေကို နေပြည်တော် အခြေစိုက် VOM သတင်းထောက် ကိုလတ်က ရိုက်ကူးတင်ပြထားပါတယ်။ #voiceofmyanmar #VOM #ရွေးကောက်ပွဲပညာပေး #election  

Read More

ကြက်ဝိုင်း ဝင်ဖမ်းချိန် တိုက်ကြက်ခွပ်ခံရလို့ ရဲအရာရှိတစ်ဦးသေဆုံး

မနီလာ၊ အောက်တိုဘာ-၂၈-၂၀၂၀ မျိုးဆက် (VOM) ဖိလစ်ပိုင်နိုင်ငံ၊ မြောက်ဆာမာပြည်နယ်မှာ တရားမဝင်တိုက်ကြက်လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးချိန် ကြက်ခွပ်ခံရလို့ ရဲအရာရှိတစ်ဦးသေဆုံးသွားပါတယ်။ ဒီလိုဝင်ရောက်စီးနင်းစဉ်မှာ ရဲအရာရှိတစ်ဦးဖြစ်သူ ခရစ်စတင်းဘိုလတ်ခ်ဟာ ကြက်ခွပ်ခံခဲ့ရပြီး တိုက်ကြက်ရဲ့ ခြေထောက်တွေမှာ တပ်ဆင်ပေးလေ့ရှိတဲ့ ခွျှန်ထက်တဲ့ ဓါးသွားနဲ့ ထိုးမိခဲ့တာဖြစ်ပါတယ်။ တိုက်ကြက်ခြေထောက်က ဓါးသွားဟာ သူရဲ့ ဘယ်ဘက်ပေါင်ကို ထိုးမိပြီး အဓိကသွေးလွှတ်ကြောကို ဖြတ်တောက်ခဲ့ပါတယ်။ သူ့ကိုချက်ချင်းဆေးရုံတင်ပို့ခဲ့ပေမယ့် ဆေးရုံရောက်ရောက်ချင်းသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ကတည်းက ကြက်တိုက်တာတွေကို တားမြစ်ပိတ်ပင်ထားပါတယ်။ ကပ်ရောဂါမတိုင်ခင်ကတော့ ဒေသတွင်းပွဲတော်တွေမှာ သုံးရက်၊ တနင်္ဂနွေနေ့တိုင်းနဲ့ တရားဝင်အားလပ်ရက်တွေမှာ ကြက်ဝိုင်းတွေကို ခွင့်ပြုပေးထားပါတယ်။ ဒီဖြစ်ရပ်ဟာ ရှင်းမပြနိုင်တဲ့ ကံဆိုးမိုးမှောင်ကျမှုဖြစ်တယ်လို့ ပြည်နယ်ရဲမှူးကြီး Arnel Apud ကအေအက်ဖ်ပီသတင်းဌာနကိုပြောပါတယ်။ ဒီသတင်းကို စပြီးကြားချိန်မှာ မယုံကြည်နိုင်ခဲ့ကြောင်း၊ ဒါဟာ မိမိရဲ့ ရဲလုပ်သက် ၂၅ နှစ်အတွင်းမှာ တိုက်ကြက်တစ်ကောင် အခွပ်ခံရလို့…

Read More

ယာဉ်ထိန်းရဲကိုယ်တိုင် လိုင်စင်မဲ့ကားသယ်လာတာကို ရွှေဘိုမှာဖမ်းမိ

အောက်တိုဘာ ၂၈-၂၀၂၀ ကိုတိုးကြီ (VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၂၆ ရက်က ယာဉ်ထိန်းရဲကိုယ်တိုင် လိုင်စင်မဲ့ကားသယ်လာတာကို ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ” လိုင်စင်မဲ့ကားပေါ်မှာပါလာတဲ့ ယာဉ်ထိန်းရဲက အမှတ်(၁၇) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုက ရဲတပ်သား ဖြစ်ပါတယ်။ ရဲစည်ကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူနိုင်ဖို့ ဆက်လက် လုပ်ကိုင်နေပါတယ်”လို့ နေပြည်တော်အခြေစိုက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ စစ်ဆေးရေးဂိတ်မှာ အစစ်ဆေးမခံပဲ မောင်းနှင်ထွက်ပြေးသွားတဲ့ လိုင်စင်မဲ့ကားတစ်စီးကို တာဝန်ကျယာဉ်ထိန်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးတဲ့အခါ ကားပေါ်ကနေ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ယောက် လိုက်ပါလာတာကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ဖမ်းဆီးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ဖြစ်စဉ်နဲ့ပတ်သက်လို့ ရွှေဘိုမြို့မရဲစခန်းက (ပ) ၆၂၀/၂၀၂၀၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ-၈ အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ရွှေဘို #ယာဉ်ထိန်းရဲ #လိုင်စင်မဲ့ကားဖမ်းမိ

Read More

တမန်တော်မိုဟာမက် ကာတွန်းအပေါ် ပြင်သစ်သမ္မတရဲ့ မှတ်ချက်စကားကြောင့် ဘင်္ဂလားဒေ့ရှ်မှ အကြီးအကျယ်ဆန္ဒပြ

ဒါကာ၊ အောက်တိုဘာ-၂၈-၂၀၂၀ မျိုးဆက်(VOM) အစ္စလာမ်တို့ရဲ့ အယူအဆအပေါ် ပြင်သစ်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒါကာမှာ လူသောင်းချီဆန္ဒပြနေကြပြီး ပြင်သစ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ တောင်းဆိုနေကြပါတယ်။ တမန်တော် မိုဟာမက်ရဲ့ ရုပ်ပြောင်ကာတွန်းရေးဆွဲတာနဲ့ပတ်သက်ပြီး ခုခံကာကွယ်ပြောဆိုခဲ့တဲ့ ပြင်သစ်သမ္မတရဲ့ ပုံကိုလည်း ဆန္ဒပြသူတွေက မီးရှို့ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေ ပြင်သစ်သံရုံးကို ရောက်မလာဖို့ ရဲတပ်ဖွဲ့က ပိတ်ပင်တားမြစ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးဆုံးအစ္စလာမ်ပါတီတစ်ခုက စီစဉ်တဲ့ အဲဒီဆန္ဒပြပွဲမှာ လူလေးသောင်းလောက် ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံရဲ့ သဘောထားကို ကာကွယ်ပြောဆိုပြီးနောက် သမ္မတမာခရိုဟာ မွတ်ဆလင်အများစုရှိတဲ့ နိုင်ငံတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ တမန်တော်မိုဟာမက်ကို သရုပ်ဖော်ထားတဲ့ကာတွန်းကို စာသင်ခန်းထဲမှာ ပြသခဲ့တာကြောင့် အခုလအစောပိုင်းက ပြင်သစ်ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်အသတ်ခံရပြီးနောက် ဒီလိုကာကွန်းရေးဆွဲခွင့်အပေါ် ပြင်သစ်နိုင်ငံ ဆက်လက်ရပ်တည်သွားမယ်လို့ သူက ထုတ်ဖော်ပြောဆိုခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်က ဆန္ဒပြသူတွေဟာ ပြင်သစ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့နဲ့ ပြင်သစ်သမ္မတကို အပြစ်ပေးဖို့…

Read More

ကိုဗစ်ကြောင့် အသွားလာကန့်သတ်ခံထားရတဲ့ စိုင်တီစုကျေးရွာမှာ စားဝတ်နေရေးခက်ခဲလာ

အောက်တိုဘာ၂၈-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်‌း၊ ဝေါမြို့နယ်၊ စိုင်တီစုကျေးရွာအုပ်စုမှာ ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှုနူန်းများပြားလာတာကြောင့် အခုလ၁၆ ရက်နေ့ကတည်းက အသွားအလာကန့်သတ်ခဲ့ပြီးနောက် ထောက်ပံ့မှုမရရှိတဲ့အတွက် စားဝတ်နေရေးခက်ခဲလာတယ်လို့ စိုင်တီစုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းလွင်က ပြောပါတယ်။ ” နှစ်ပတ်နီးပါးရှိလာတာကြောင့် စားဝတ်နေရေးခက်လာတယ်။ အထောက်အပံ့မရှိတာလည်းပါသလို လက်လုပ်လက်စားများတာလည်း တစ်ပိုင်းပါမှာပေါ့။ လိုအပ်တာက မီးဖိုချောင်သုံးပစ္စည်းနဲ့စားသောက်ကုန်ပါ”လို့ ဦးဆန်းလွင်က ပြောပါတယ်။ စိုင်တီစုကျေးရွာအုပ်စု၊ စိုင်တီစုရွာမှာ ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးအထိရှိခဲ့ပြီးနောက်ပိုင်း ကျေးရွာတစ်ခုလုံးကို အသွားအလာကန့်သတ်ထားတာဟာ နှစ်ပတ်နီးပါးရှိလာပြီဖြစ်တယ်လို့ ဝေါမြို့နယ် Covid-19 ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးကော်မတီကနေ သိရပါတယ်။ ” ရွာက အမျိုးသမီးတစ်‌ယောက် အနံ့မရလို့ဆေးရုံမှာသွားစစ်ဆေးတာကနေ ရောဂါပိုးစတွေ့တာ။ သူနဲ့ဆက်စပ်သူတွေပါ Positive ဖြစ်ကုန်တော့ အသွားအလာကန့်သတ်လိုက်တယ်။ ဈေးဝယ်ပြီး လာပို့သူတွေရှိ‌ပေမယ့် ပိုက်ဆံရှိသူတွေပဲ အဆင်ပြေမှာပါ”လို့ ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။ အခုလို အသွားအလာကန့်သတ်ခံထားရပြီး စားဝတ်နေရေးခက်ခဲလာတဲ့ ဝေါမြို့နယ်၊ စိုင်တီစုကျေးရွာက ကျေးရွာသားတွေကိစ္စနဲ့ပတ်သက်ပြီး ဝေါမြို့နယ် အုပ်ချုပ်ရေးမှူး‌ဦးနေဇော်အောင်ကို ဖုန်းနဲ့ဆက်သွယ်စုံစမ်းမေးမြန်းပေမယ့်…

Read More

ဖျက်သိမ်းခံရတဲ့ အမျိုးသားအကျိုးစီးပွားကာကွယ်တဲ့ဥပဒေတွေ ပြန်ပြဋ္ဌာန်းမယ့် USDP

မန္တလေး-အောက်တိုဘာ ၂၈-၂၀၂၀ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) အနေနဲ့ အာဏာပြန်ရရင် NLD လက်ထက်မှာ လွှတ်တော်က ဖျက်သိမ်းခံရတဲ့တိုင်းပြည်နဲ့အမျိုးသားအကျိုးစီးပွားအကာကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြန်လည်ပြဋ္ဌာန်းမယ်လို့ USDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဗီအိုအမ်နဲ့ မေးမြန်းခန်းမှာ ပြောဆိုလိုက်တာပါ။ ဗီအိုအမ်ရဲ့ ပါတီနဲ့ ကိုယ်စားလှယ်လောင်းမိတ်ဆက်အစီအစဉ်မှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုရွေးသလဲ၊ တပ်မတော်အငြိမ်းစားကိုယ်စားလှယ်လောင်း ဘယ်လောက်ပါလဲ၊ ပါတီရဲ့ ကတိကဝတ်တွေက ဘာတွေလဲ ဆိုတဲ့ အကြောင်းတွေကို မေးမြန်းထားတဲ့ ဒေါက်တာနန္ဒာလှမြင့်နဲ့ ဗီအိုအမ် အယ်ဒီတာချုပ် ကိုနေမျိုးလင်းတို့ ဆက်သွယ်မေးမြန်းချက်ရုပ်သံကို တင်ပြလိုက်ပါတယ်။ #voiceofmyanmar #VOM #USDP #ဒေါက်တာနန္ဒာလှမြင့် #ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် Zawgy ဖျက်သိမ်းခံရတဲ့ အမျိုးသားအကျိုးစီးပွားကာကွယ်တဲ့ဥပဒေတွေ ပြန်ပြဋ္ဌာန်းမယ့် USDP မန္တလေး-အောက်တိုဘာ ၂၈-၂၀၂၀ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) အနေနဲ့ အာဏာပြန်ရရင် NLD လက်ထက်မှာ လွှတ်တော်က ဖျက်သိမ်းခံရတဲ့တိုင်းပြည်နဲ့အမျိုးသားအကျိုးစီးပွားအကာကွယ်ပေးထားတဲ့ ဥပဒေတွေကို…

Read More

ပြည်ခိုင်ဖြိုးဝန်းရံသူတွေရဲ့ အောင်နိုင်ရေးယာဉ်တန်း မတော်တဆမှုဖြစ် ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

အောက်တိုဘာ ၂၈-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီးမြို့နယ်ခွဲ၊ မုံရွာ – ရေဦး ကားလမ်းပေါ်မှာ မနေ့ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးယာဉ်တန်းမှာ လိုက်ပါလာတဲ့ ဆိုင်ကယ် ၂ စီး ယာဉ်တိုက်မှုဖြစ်ရာ လူ ၁ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီပဲယင်းမြို့နယ်၊ ခွန်တောင်းကျေးရွာအုပ်စု၊ ပင်စည်ကျေးရွာက ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူ လူအင်အား ၃၅၀၀ ကျော်ဟာ စိုင်ပြင်ကြီးမြို့နယ်ခွဲဘက်ကို အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးလှည့်လည်ချိန် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာလို့ အဲ့ဒီယာဉ်တန်းကိုလိုက်ပါခဲ့တဲ့ ပါတီဝန်းရံသူတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။ ” ပါတီ ဝန်းရံသူ အချင်းချင်း ဆိုင်ကယ်တိုက်မိတာဖြစ်တယ်၊ သေဆုံးသူက ဦးဆေး ဆိုသူဖြစ်တယ် ၊ နောက်ပြီး ကျား ၂ ဦး ၊…

Read More

ခူမီးကောင်စီအနေနဲ့ ပလက်ဝမြို့နယ်ထဲက နယ်မြေ ၁၂ နေရာကို ရွေးကောက်ပွဲကျင်းပဖို့ ခွင့်ပြုပေးစေချင်

အောက်တိုဘာ ၂၈-၂၀၂၀ သိင်္ဂီထွန်း (VOM ) ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်က ကျေးရွာအုပ်စု ၉၄ အုပ်စုကို ရွေးကောက်ပွဲကျင်ပနိုင်ခြင်းမရှိတဲ့နေရာတွေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ UECကထုတ်ပြန်လိုက်တဲ့ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စု ၉၀ ကျော်ထဲက ကျေးရွာအုပ်စု ၁၂ ခုဟာ နယ်မြေအေးချမ်းသလို ၊ အခု ရွေးကောက်ပွဲကျင်းပမယ့် နေရာ ၈ ခုနဲ့လည်း သွားရေးလာရေးအဆင်ပြေတဲ့အတွက် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့စာရင်းကနေ ပယ်ဖျက်ပြီး ကျင်းပခွင့်ပြုပေးစေချင်တယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှီနှိုင်းရေးကောင်စီရဲ့ အလုပ်မှုဆောင်ကော်မတီမှ ညှိနှိုင်ရေးမှူး ဆလိုင်းပိုင်နန်းက ပြောပါတယ်။ ရွေးကောက်ပွဲ ထပ်တိုးကျင်းပပေးဖို့ တောင်းဆိုတဲ့ ကျေးရွာ ၁၂ ခုကတော့ ပလက်ဝမြို့မှာ မဲထည့်လို့ရတဲ့ အုပ်စု ၃ ခု၊ ဆမီးမြို့မှာ မဲထည့်လို့ရမယ့်အုပ်စု ၄ ခု၊ ရှင်းလက်ဝမှာ မဲထည့်လို့ရမယ့်…

Read More
VOM News

FREE
VIEW