ကိုဗစ်ကာလ ကျူဝင်နေရသူများ စိတ်ပိုင်းဆိုင်ရာအတွက် ဘာတွေသတိပြု လိုက်နာရမလဲ

ကိုဗစ် ၁၉ ကပ်‌ရောဂါကာလအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနများက ကိုဗစ်ကပ်ရောဂါကာလ လိုက်နာရမယ့် အချက်များကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။ ယင်းအနက် ကိုဗစ်ကပ်ရောဂါကာလ ကျူဝင်နေရသူများ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုက်နာရမည့် အချက်များကို စိတ်ကျန်းမာရေး စီမံချက်နှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ မေလဆန်းပိုင်းမှ ထုတ်ပြန်ထားတဲ့ အချက်တွေကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ၁ – ကျူစခန်းဝင်နေ(အသွားအလာကန့်သက်မှုဖြင့်နေ)တဲ့ အချိန်မှာ ဖုန်းနဲ့ဖြစ်စေ၊ အင်တာနက်ဖြင့်ဖြစ်စေ ကိုယ့်ရဲ့မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ပုံမှန် ဆက်သွယ်ပါ။ ၂ – ကိုယ့်ရဲ့ တစ်ကိုယ်ရေ လိုအပ်ချက်၊ ခံစားချက်တွေကို အာရုံစိုက်ပါ။ ၃ – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပန်းပြေစေတဲ့ လှုပ်ရှားဆောင်ရါက်မှုတွေကို လုပ်ပါ။ ၄ – ပုံမှန် လေ့ကျင့်ခန်းတွေလုပ်ပါ။ ၅ – အိပ်ချိန်၊ အိပ်ရာထချိန် မှန်ပါစေ။…

Read More

NLDပါတီ မဲဆွယ်ယာဉ်တန်းကို ကျေးရွာအတွင်း ဝင်ခွင့်မပေးတဲ့ ရာအိမ်မှူးကို အမှုဖွင့် အရေးယူ

အောက်တိုဘာ ၂၉ -၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြိုးကြာကန်ကျေးရွာက ရာအိမ်မှူးတစ်ယောက်ကို NLD ပါတီ အောင်နိုင်ရေး မဲဆွဲယာဉ်တန်း ကျေးရွာအတွင်း ဝင်ခွင့်မပေးတဲ့ကိစ္စနဲ့ပတ်သက်လို့ အမှုဖွင့်အရေးလိုက်တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၇ရက် မနက်ပိုင်းက မုံရွာမြို့နယ် NLD ပါတီအဖွဲ့ဟာ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်အရ မုံရွာမြို့နယ် ၊ ကြိုးကြာကန်ကျေးရွာကို ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး သွားရောက်ခဲ့ချိန် ရွာအဝင်ကနေ ရာအိမ်မှုးတစ်ယောက်က ဝါးလုံးနဲ့ လမ်းကိုပိတ်ပြီး ကျေးရွာအတွင်း ပါတီ မဲဆွယ်စည်းရုံးခွင့်ကို ဟန့်တားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးအရာရှိ ဦးအာကာမြင့်က တရားလိုပြုလုပ်ပြီး လမ်းပိတ်ဟန့်တားခဲ့တဲ့ ရာအိမ်မှူး ဦးမောင်ခိုင်ကို အရေးယူဖို့ တိုင်တန်းခဲ့တာဖြစ်တယ် ” လို့ မုံရွာနယ်မြေရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်ကပြောပါတယ်။ အဲ့ဒီအမှုကို…

Read More

မကွေးမြို့မှာ ပြည်ခိုင်ဖြိုးပါတီမဲဆွယ်ယာဉ်တန်း ခဲနဲ့ပေါက်ခံရပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာရ

အောက်တိုဘာ၂၉-၂၀၂၀ ဂျန်ကိုးလ် (VOM) မကွေးမြို့၊ မြို့ဟောင်းရပ်ကွက်၊ ဘုရားကြီးလမ်းမှာ မနေ့အောက်တိုဘာ၂၈ရက်နေ့က ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေ အင်အားပြလှည့်လည်နေချိန် ပါတီယာဉ်တန်း ခဲနဲ့ပစ်ပေါက်ခံရတဲ့အတွက် လူ၃ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်ကပြောပါတယ်။ ”၃ယောက်ခေါင်းထိတယ်၊ ဆေးရုံမှာချုပ်ရတယ်၊ နစ်နာသူကိုယ်တိုင်အမှုဖွင့်ထားတယ်၊ ဖြစ်စဉ်က၂နေရာ၊ မကွေးနဲ့ ယင်းဆိပ်ရွာနဲ့၁၄မိုင်ဝေးတယ်၊ အဲ့ဒီကိုအပြန်မှာ ကားကိုခဲနဲ့ထုလို့ ဆင်းလိုက်ဖမ်းတော့၂ယောက်မိပါတယ်၊ ယင်းဆိပ်ရဲစခန်းအပ်တယ်”လို့ ဦးဆန်းညွန့်အောင်ကပြောပါတယ်။ မနေ့ အောက်တိုဘာ ၂၈ရက် နေ့လယ်ပိုင်းမှာလည်း ရေနံချောင်းမြို့ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာကြတဲ့NLDဝန်းရံသူတွေနဲ့ မကွေးမြို့ပေါ်မှာလှည့်လည်နေကြတဲ့ USDPပါတီထောက်ခံသူတွေ ထိပ်တိုက်တွေ့ဆုံပြီး ပြဿနာဖြစ်မှာကိုဒေသခံတွေစိုးရိမ်နေချိန် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းရဲတပ်ဖွဲ့မှူးတို့က အချိန်မှီလာရောက်ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ”ဒီလိုလုပ်တဲ့ဝန်းရံသူတွေမှာတော့ စိတ်ခံစားမှုတွေအမျိုးမျိုးရှိကြမှာပေါ့၊ ဒါပေမယ့် အချင်းချင်း ရန်လိုနေအောင်လုပ်ထားတဲ့လူတွေ၊ ပြည်သူကတော့ သူတို့စိတ်ခံစားမှုတွေရှိမှာပေါ့၊ တာဝန်ယူထားတဲ့လူတွေ ပါတီအချင်းချင်းကို မုန်းတီးအောင်လုပ်ထားတဲ့သူတွေ ထိန်းကြောင်းမှုအားနဲတယ်လို့မြင်ပါတယ်”လို မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်ကပြောပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကတော့ “ ကြံ့ခိုင်ရေးက…

Read More

ဝန်းရံအားပေး ဖိုက်တင်ပလေး နှင့် မီးမွှေးကြသူများ

မန္တလေး-အောက်တိုဘာ ၂၉-၂၀၂၀ ဆွေလင်းထွန်း+နေလင်း (VOM) ခွေး၊ခွေးချင်းကိုက်ရင်တောင် ကိုယ့်ခွေးက အနိုင်ရစေချင်တဲ့ လူ့သဘာဝတွေကြောင့် မိမိတို့နှစ်သက်တဲ့ ပါတီ၊ မိမိတို့လိုလားတဲ့ ပါတီကို အုံနဲ့ကျင်းနဲ့ ဝန်းရံအင်အားပြတဲ့ ယဉ်ကျေးမှုအဖြစ် ၂၀၂၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲအကြိုမဲဆွယ်ပွဲတွေမှာ အထင်အရှားတွေ့နေရပါတယ်။ မိမိလိုလားတဲ့ ပါတီမဲဆွယ်ပွဲမှာ လူအင်အားများဖို့ ပါတီခေါင်းဆောင်တွေရဲ့ မေတ္တာရပ်ခံချက်တွေကို လစ်လျူရှုပြီး တီရှပ်အခမဲ့ဝေတာ၊ ရေသန့်ဗူး အခမဲ့ဝေတာ၊ စားသောက်စရာဝေကြတာ စသည်ဖြင့် လူတွေစုလှည့်လည်နေကြပါတယ်။ ဒီလိုကိုဗစ်ကာလ တာမြစ်ချက်တွေကို ချိုးဖေါက်လူစုတာ ရွေးကောက်ပွဲ မဲဆွယ်ကာလမို့လို့ လျှော့တွေးပေးလို့ရပေမယ် သင်္ကြန်မှာလိုလို ၊ တောင်ပြုံးပွဲ ၊ ကူနီပွဲတွေမှာလို လှည့်လည်သူချင်း စနောက်ရာကနေ ရန်ဖြစ်ကြ လူသေကြ ၊ ခေါင်းကွဲကြ ဇာတ်လမ်းတွေ အများအပြားတွေ့နေရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ နာဂစ်ဥပဒေလို့  တချိန်က အတိုက်ခံနိုင်ငံရေးသမားတွေ ဆိုခဲ့ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပတဲ့ သုံးကြိမ်မြောက်…

Read More

ရွှေတောင်မြို့နယ်က အသက် ၄ နှစ်အရွယ်မိန်းကလေးကို သတ်ခဲ့တဲ့တရားခံဖမ်းမိ

အောက်တိုဘာ ၂၈-၂၀၂၀ သိင်္ဂီထွန်း (VOM ) ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မကျီးပေါက်ကုန်းအုပ်စု၊ ကျောက်ဖူးကျေးရွာက အသက်၄ နှစ်အရွယ် မိန်းကလေးကိုသတ်ပြီး အလောင်းကို လယ်ကွင်းထဲမှာထားခဲ့တဲ့ တရားခံကို ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ တရားခံဟာ အသက် ၅၀ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကလေးငယ်ပျောက်ဆုံးပြီး ၂ ရက်လောက်ကတည်းက မသင်္ကာတဲ့အတွက် ရွှေတောင်စခန်းမှာ ခေါ်ယူထိန်းသိမ်းထားတာဖြစ်တယ်လို့ သိရပါတယ်။ “တရားခံကို ပထမထဲက မင်္သကာလို့ စခန်းမှာ ခေါ်ထိန်းသိမ်းထားတာ။ ခု စစ်တာပေါ်တာပေါ့။ ကလေးပျောက်ပြီးထဲက မသင်္ကာတဲ့သူတွေကို ခေါ်ထိန်းသိမ်းထားတာဖြစ်တယ်။ ဘာကြောင့် ကလေးကို သတ်တယ်ဆိုတာကိုတော့ ရဲက စစ်ဆေးတုန်းပဲ။ ဒီနေ့တရားခံကို သရုပ်ပြဖို့ မလုပ်ဖြစ်ခဲ့ပါဘူး။ လူတွေက ဒေါသတွေအရမ်းထွက်နေကြတယ်” လို့ ရွှေတောင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝေက ပြောပါတယ်။ အသက် ၄နှစ်အရွယ်မိန်းကလေးကိုသတ်ခဲ့တဲ့…

Read More

ပြည်သူတွေရဲ့ ထက်သန်တဲ့ဆန္ဒကြောင့် NLD ဟာ အသာစီးရနေတာသာဖြစ်

မန္တလေး-အောက်တိုဘာ ၂၈-၂၀၂၀ NLD ကိုယ်စားလောင်းတွေဟာ ပုဂ္ဂိုလ်ချင်းအလိုက်ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းရှိသူတွေကို စိစစ်ရွေးချယ်တာအပြင် ပြည်သူရဲ့ပါဝင်မှုဟာ ထင်တာထက် အဆပေါင်းများစွာများလာကြောင်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဗီအိုအမ်နဲ့ ဆက်သွယ်စဉ်မှာ ဖြေကြားထားပါတယ်။ ရွေးကောက်ပွဲဟာ စနစ်သစ်ကို ပြောင်းဖို့ အရေးကြီးတဲ့ နောက်အဆင့်မို့ ပြည်သူတွေရဲ့ ထက်သန်တဲ့ ဆန္ဒကြောင့် သူများတွေထက် အသာစီးရနေကြောင်းပြောကြားထားတာအပါအဝင်၊ ဝန်းရံပြည်သူတွေကို အုပ်စုလိုက်လမ်းပေါ်ထွက်တဲ့ကိစ္စတွေ မေတ္တာရပ်ခံကြောင်းနဲ့ ကိုဗစ်ရဲ့အကန့်သတ်ကို အခြားပါတီများနည်းတူခံနေရတဲ့အကြောင်းတွေပြောထားပါတယ်။ ဒေါက်တာမျိုးညွန့်နဲ့ ဗီအိုအမ်အယ်ဒီတာချုပ် ဦးနေမျိုးလင်းတို့ ဆက်သွယ်မေးမြန်းထားတဲ့ ရုပ်သံဖိုင်ကို ရှုစားနိုင်ပါပြီ။ #voiceofmyanmar #VOM #NLD #ဒေါက်တာမျိုးညွန့် #ပါတီမိတ်ဆက် zawgy ပြည်သူတွေရဲ့ ထက်သန်တဲ့ဆန္ဒကြောင့် NLD ဟာ အသာစီးရနေတာသာဖြစ် မန္တလေး-အောက်တိုဘာ ၂၈-၂၀၂၀ NLD ကိုယ်စားလောင်းတွေဟာ ပုဂ္ဂိုလ်ချင်းအလိုက်ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းရှိသူတွေကို စိစစ်ရွေးချယ်တာအပြင် ပြည်သူရဲ့ပါဝင်မှုဟာ ထင်တာထက် အဆပေါင်းများစွာများလာကြောင်း NLD…

Read More

ထောင်တချို့မှာ ကိုဗစ်ကူးစက်လာလို့ အချုပ်သားတွေကို ထောင်ထဲမှာဘဲ ရမာန်ယူ

ရန်ကုန်-အောက်တိုဘာ၂၈-၂၀၂၀ ထက်ခေါင်လင်း (VOM) အကျဉ်းထောင်တချို့မှာ ကိုဗစ်ရောဂါပိုး ကူးစက်မှု ဖြစ်ပွားလာနေတဲ့အတွက် ထောင်ထဲရှိ အချုပ်သားတွေကို အကျဉ်းထောင်ထဲမှာပင် ဗီဒီယိုကွန်းဖရန့်စနစ်နဲ့ ရုံးထုတ်ရမန်ယူကြောင်း အကျဉ်းဦးစီးဌာနက သိရပါတယ်။ တရားရေးဌာနနဲ့ အကျဉ်းဦးစီးဌာနတို့ ညှိနှိုင်းချက်တွေအရ မဖြစ်မနေ ရုံးထုတ်ရမယ့် အရေးကြီး အမှုတွေကိုပဲ ကျန်းမာရေး ဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း PPE ဝတ်စုံနဲ့ ရုံးထုတ်နေပြီး အမှုတော်တော်များများကိုတော့ ထောင်ထဲမှာသာ ရုံးထုတ်ရမန်ယူတယ်လို့ ရန်ကုန်တိုင်း အကျဉ်းဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။ ဦးဇော်ဇော်က “တော်တော်များများကိုတော့ အပြင်ရုံး မထုတ်တော့ဘူး။ တရားသူကြီးနဲ့ အချုပ်တို့ တိုက်ရိုက်တွေ့ဆုံတဲ့ ဗီဒီယို ကွန်းဖရန့်နဲ့ ရမန်ယူတယ်။ အမှုအားလုံးနီးပါးတော့ ဒီအတိုင်းသွားနေတယ်။ အရေးကြီးလို့ တရားသူကြီးက ထုတ်မှ ရမယ်ဆိုတဲ့ အမှုမျိုးကိုပဲ သတ်မှတ်တဲ့အတိုင်း ထုတ်တယ်။ ဘယ်အမှုရယ်လို့တော့ သတ်သတ်မှတ်မှတ် ချမှတ်ထားတာ မရှိပါဘူး။ ဒီလိုလုပ်တော့ ရုံးချိန်းတွေမှာ…

Read More

ပါတီကြီး ၂ခုက အင်အားပြလှည့်လည်ချိန် ပြဿနာမဖြစ်ဖို့ ဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်​ခဲ့

အောက်တိုဘာ၂၈-၂၀၂၀ ဂျန်ကိုးလ် (VOM) မကွေးမြို့မှာ ပြည်ခိုင်ဖြိုးပါတီနဲ့ NLDပါတီ ၀န်းရံသူတွေက ဒီကနေ့နေ့လယ်ပိုင်း အင်အားပြလှည့်လည်နေချိန် ပြဿနာမဖြစ်ဖို့အတွက် မကွေးတိုင်းဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်​ခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ရေနံချောင်းမြို့ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာကြတဲ့NLDဝန်းရံသူတွေနဲ့ မကွေးမြို့ပေါ်မှာလှည့်လည်နေကြတဲ့ USDPပါတီထောက်ခံသူတွေ ထိပ်တိုက်တွေ့ဆုံပြီး ပြဿနာဖြစ်မှာကိုဒေသခံတွေစိုးရိမ်နေချိန် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းရဲတပ်ဖွဲ့မှူးတို့က အချိန်မှီလာရောက်ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ “ ကြံ့ခိုင်ရေးက ဒီမှာသူတို့လှည့်လည်ပြီးတော့စည်းရုံးအင်အားပြတယ်၊ ရေနံချောင်းကလည်း NLDဝန်းရံသူတွေကလည်း စက်လှေတွေနဲ့လာပြီးထောက်ခံအားပေးတယ်၊ အဲ့ဒီ၂ဖွဲ့ကြားမှာပြဿနာမဖြစ်အောင်ထိန်းရတာပါ၊ အေးအေးဆေးဆေး ထိန်းနိုင်တဲ့အတွက်ပြဿနာတစ်စုံတစ်ရာမဖြစ်တာကြောင့် ဝမ်းသာပါတယ်၊ ၂ဖက်လုံးက နင်းကန်တက်ကြွနေကြ​ပြီးစိတ်ကလှုပ်ရှား‌နေကြတော့ တစုံတခုဖြစ်သွားရင်မကောင်းဘူး၊ အဲ့ဒါကြောင့်မလို့ လာတားလိုက်တယ်၊ တားနိုင်လိုက်တော့ ပြဿနာမဖြစ်ပါဘူး၊ တိုင်းရဲမင်းကြီးလည်း ကျေးဇူးတင်ပါတယ်သူပြောလို့သိရတာ” လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လာရောက်ဖြေရှင်းချိန် ပြောဆိုခဲ့တာဖြစ်ပါတယ်။ ရေနံချောင်းကလာတဲ့ စက်လှေအဖွဲ့နဲ့ မြို့ပေါ်မှာလှည့်လည်နေတဲ့ ၀န်းရံနေသူတို့ ကမ်းနားလမ်းမှာ စတင်ဆုံတွေ့ကြတာဖြစ်ပြီး လူအင်အားများပြားလွန်းတဲ့အတွက် ရဲတပ်ဖွဲ့ရဲ့အကူအညီနဲ့လမ်းကြောင်းလွှဲကာ ဝန်ကြီးချုပ်က တားမြစ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ…

Read More

ရှမ်းပြည်နယ်က ကျေးရွာ ၃ ခုကို ရွေးကောက်ပွဲ‌ကျင်းပဖို့ ပြန်လည်ခွင့်ပြုပေမယ့် မိုင်းကိုင်မြို့နယ်မပါဝင်

အောက်တိုဘာ ၂၈-၂၀၂၀ နေနန်းနွယ်(VOM) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ကြေငြာချက်ထဲမှာ ရှမ်းပြည်နယ်ရှိ မြို့နယ် ၃ ခုက ကျေးရွာအုပ်စု ၂ ခုနဲ့ ရပ်ကွက်တစ်ခု ပါဝင်ခဲ့ပေမယ့် မိုင်းကိုင်မြို့နယ်ပါဝင်မှုမရှိဘူးလို့ သိရပါတယ်။ “မနေ့ကကြေညာချက်မှာ မူဆည်၊ လားရှိုးနဲ့ ကွမ်းလုံက ‌ရွာ ၂ ရွာနဲ့ ရပ်ကွက်တစ်ခု ပါတယ်၊ ဒါပေမယ့် သူတို့ မိုင်းကိုင်ကို ပိုပြီးတော့ စဉ်းစားပေးရမှာလေ၊ မိုင်းကိုင်ကိုကျတော့ ဘာမှ မစဉ်းစားပေးဘူးဆိုတော့ ဒီကြေညာချက်ကတော့ ဘာမှ သိပ်ပြီးထူးခြားတယ်လို့ ပြောလို့ မရပါဘူး” လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောပါတယ်။ မိုင်းကိုင်မြို့နယ်လိုမျိုး လုံခြုံရေးပြဿနာ၊ တိုက်ပွဲတွေမရှိတဲ့နေရာကို ရွေးကောက်ပွဲကျင်းပခွင့်မပြုတာကိုတော့ ဘယ်လိုအကြောင်းပြချက်ကြောင့် ခွင့်မပြုဘူးဆိုတာကို UECက တိတိကျကျ ထုတ်ပြန်သင့်တယ်လို့ စိုင်းကျော်ညွန့်က ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က…

Read More

ရသေ့တောင်မှာ ICRC က ကယ်ဆယ်ရေးပေးနေတဲ့ ရေယာဉ်တစ်စီး ပစ်ခတ်ခံရပြီး လူ (၁) ဦးသေဆုံး

အောက်တိုဘာ ၂၈-၂၀၂၀ ထက်အောင်စိုင်း (VOM) ရသေ့တောင်မြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက မေယုမြစ်အတွင်း နိုင်ငံတကာကြက်ခြေနီအသင်း(ICRC) က ဘုတ်(ရေယာဉ်)တစ်စီးပစ်ခတ်ခံရပြီး ရေယာဉ်မှာပါလာတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ပစ်ခတ်ခံရတဲ့ ICRC က ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ဘုတ်(ရေယာဉ်) ဟာ ရသေ့တောင်မြို့နယ်အတွင်း ကယ်ဆယ်ရေးပစ္စည်းတွေထောက်ပံ့ပေးနေတဲ့ ရေယာဉ်ဖြစ်ပြီး ပြိန်းတောကျေးရွာအနီး မေယုမြစ်အတွင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရကာ ရေယာဉ်မီးလောင်း နစ်မြုပ်သွားတယ်လို့ သိရပါတယ်။ အဲ့ဒီ ရေယာဉ်မှာပါလာတဲ့ လူ (၄) ဦးထဲက တစ်ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရရှိသွားကြောင်းနဲ့ သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ချောင်းကျေးရွာက ကိုမောင်ချေ (၁၈) နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ ပုဏ္ဏားကျွန်းမြို့နယ်က တစ်ဦး၊ မြောက်ဦးမြို့နယ်က တစ်ဦးနဲ့ ကျောက်ဖြူမြို့နယ်က တစ်ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကိုဘက္ကာကိုဆက်သွယ်ရာမှာတော့ “…

Read More
VOM News

FREE
VIEW