ကာဘိုးမှာ မဲဆွယ်ရင်းဖြစ်တဲ့ လူသေဆုံးမှုအတွက် ပြည်ခိုင်ဖြိုးပါတီက မသိလိုက်လို့ ဝမ်းနည်းကြောင်း ရှင်းလင်း

 

မုံရွာ အောက်တိုဘာ ၂၇-၂၀၂၀
ခင်မေစန်း(VOM)

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကာဘိုးကျေးရွာမှာ အောက်တိုဘာ ၂၂နေ့ ကပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးဆင်းစဉ်မှာ အခြားပါတီဝန်းရံသူတွေနဲ့ ထိတွေ့မှုရှိခဲ့သော်လည်း လူသေဆုံးမှုကို မိမိတို့မသိကြောင်း အဲဒီကိစ္စအတွက် ဝမ်းနည်း စိတ်မကောင်းကြောင်း စစ်ကိုင်းတိုင်း ပြည်ခိုင်ဖြိုးပါတီက ဒီကနေ့ရှင်းလင်းပွဲမှာပြောလိုက်တာပါ။

စစ်ကိုင်းတိုင်းပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးက ” ပါတီအနေနဲ့ အဲ့ဒီနေ့ကဘာမှမသိပါဘူး ။၂၄ရက်ကျမှလူတစ်ဦးဒဏ်ရာရပြီးသေဆုံးတယ်ဆိုတာသိရတယ်၊ ကျတော်တို့ ဝမ်းနည်းကြောင်းပြောလိုပါတယ်၊ အလွန်စိတ်မကောင်းဖြစ်ရပါတယ်” လို့ဆိုပါတယ်။

အောက်တိုဘာ ၂၂နေ့က ကန့်ဘလူမြို့နယ် ဇီးကုန်းနှင့် ထန်းကုန်းမှ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ လှည့်လည်ခရီးစဉ်တွင် မိမိတို့ ခရီးစဉ်အား အခြားပါတီကဟန့်တားနှောက်ယှက်ခြင်း ညစ်ညမ်းစွာဆဲရေးမှုပြုမှုကြုံရကြောင်း ခရီးစဉ်ပါ မော်တော်ယာဉ်တစ်စီး ကားနောက်မှန် အုတ်ခဲထုခံရပြီး မှန်ကွဲသွားသဖြင့် ကာဘိုးတွင် တဖက်ဝန်းရံသူများနှင့်ထိတ်တိုက်တွေ့ခဲ့ကြောင်း လူသေဆုံးမှုအားလည်းမိမိတို့မသိတဲ့ ဝမ်းနည်းပါကြောင်း ရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးဆင်းစဉ် အနီရောင်ဝတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝန်းရံသူလို့ယူဆရသူတွေက ဟန့်တားနှောက်ယှက်ကြောင်း၊ ပါတီကို အပုပ်ချဆဲရေးခြင်းများရှိခဲ့ကြောင်း အကြိမ်ပေါင်း မရေမတွက်နိုင်ကြောင်း ယင်းနှောက်ယှက်မှုများအား ရွေးကောက်ပွဲကော်မရှင်ထံ အသိပေးတိုင်ကြားသော်လည်း ရှင်းရှင်းလင်းလင်းမသိရသေးကြောင်းနဲ့ ရှင်းလင်းပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှောက်ယှက်တဲ့ ဗွီဒီယိုဖိုင်တွေပြသခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ သူတွေဆေးရုံတက်နေတုန်း စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က လာရောက်ကြည့်ရှုတုန်းကတော့

” အကြမ်းဖက်မှုနှင့်ပတ်သက်၍ မည်သည့်အကြောင်းကြောင့်ဖြစ်စေလုံးဝလက်မခံပါဘူး။ ဖြစ်စဉ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကြည့်ပါ၊ တုတ်တွေ၊ သံပိုက်တွေ၊ ဓားတွေ ကိုင်ဆောင်လာကြတာ ဆိုကတည်းက တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ ပေါ်လွင်ပါတယ်။ ခင်ဗျားတို့ ရဲတပ်ဖွဲ့အနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို တယောက်မကျန်ဖော်ထုတ်စစ်ဆေးပြီး ဥပဒေအရ အမြန်ဆုံးအရေးယူဖို့ လိုအပ်ပါတယ်။ ဒီဖြစ်စဉ်ကို ကျွန်တော်စောင့်ကြည့်အရေးယူသွားပါ့မယ်” ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

ကာဘိုးကဖြစ်စဉ်မှာ သေဆုံးသွားသူဟာ NLD ပါတီ ဝန်းရံသူ ကိုမျိုးဝင်းစိုး အသက် (၂၇)နှစ်ဟာ ဦးခေါင်ဒဏ်ရာရပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကာဘိုး #မဲဆွယ်ပဋိပက္ခ #ပြည်ခိုင်ဖြိုး #NLD #စစ်ကိုင်းတိုင်း

Zawgy

ကာဘိုး မဲဆြယ္ရင္းျဖစ္တဲ့ လူေသဆုံးမႈအတြက္ ျပည္ခိုင္ၿဖိဳးပါတီက မသိလိုက္လို႔ ဝမ္းနည္းေၾကာင္း ရွင္းလင္း

မုံ႐ြာ ေအာက္တိုဘာ ၂၇-၂၀၂၀
ခင္ေမစန္း(VOM)

စစ္ကိုင္းတိုင္း ကန႔္ဘလူခ႐ိုင္ ကာဘိုးေက်း႐ြာမွာ ေအာက္တိုဘာ ၂၂ေန႔ ကျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ စည္း႐ုံးေရးဆင္းစဥ္မွာ အျခားပါတီဝန္းရံသူေတြနဲ႔ ထိေတြ႕မႈရွိခဲ့ေသာ္လည္း လူေသဆုံးမႈကို မိမိတို႔မသိေၾကာင္း အဲဒီကိစၥအတြက္ ဝမ္းနည္း စိတ္မေကာင္းေၾကာင္း စစ္ကိုင္းတိုင္း ျပည္ခိုင္ၿဖိဳးပါတီက ဒီကေန႔ရွင္းလင္းပြဲမွာေျပာလိုက္တာပါ။

စစ္ကိုင္းတိုင္းျပည္ခိုင္ၿဖိဳးပါတီအတြင္းေရးမႉး ဦးေအာင္ေဇာ္ဦးက ” ပါတီအေနနဲ႔ အဲ့ဒီေန႔ကဘာမွမသိပါဘူး ။၂၄ရက္က်မွလူတစ္ဦးဒဏ္ရာရၿပီးေသဆုံးတယ္ဆိုတာသိရတယ္၊ က်ေတာ္တို႔ ဝမ္းနည္းေၾကာင္းေျပာလိုပါတယ္၊ အလြန္စိတ္မေကာင္းျဖစ္ရပါတယ္” လို႔ဆိုပါတယ္။

ေအာက္တိုဘာ ၂၂ေန႔က ကန႔္ဘလူၿမိဳ႕နယ္ ဇီးကုန္းႏွင့္ ထန္းကုန္းမွ ျပည္ခိုင္ၿဖိဳးပါတီဝန္းရံသူမ်ား လွည့္လည္ခရီးစဥ္တြင္ မိမိတို႔ ခရီးစဥ္အား အျခားပါတီကဟန႔္တားေႏွာက္ယွက္ျခင္း ညစ္ညမ္းစြာဆဲေရးမႈျပဳမႈႀကဳံရေၾကာင္း ခရီးစဥ္ပါ ေမာ္ေတာ္ယာဥ္တစ္စီး ကားေနာက္မွန္ အုတ္ခဲထုခံရၿပီး မွန္ကြဲသြားသျဖင့္ ကာဘိုးတြင္ တဖက္ဝန္းရံသူမ်ားႏွင့္ထိတ္တိုက္ေတြ႕ခဲ့ေၾကာင္း လူေသဆုံးမႈအားလည္းမိမိတို႔မသိတဲ့ ဝမ္းနည္းပါေၾကာင္း ရွင္းလင္းပြဲမွာေျပာခဲ့ပါတယ္။

စစ္ကိုင္းတိုင္းအတြင္း ျပည္ခိုင္ၿဖိဳးပါတီ စည္း႐ုံးေရးဆင္းစဥ္ အနီေရာင္ဝတ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဝန္းရံသူလို႔ယူဆရသူေတြက ဟန႔္တားေႏွာက္ယွက္ေၾကာင္း၊ ပါတီကို အပုပ္ခ်ဆဲေရးျခင္းမ်ားရွိခဲ့ေၾကာင္း အႀကိမ္ေပါင္း မေရမတြက္ႏိုင္ေၾကာင္း ယင္းေႏွာက္ယွက္မႈမ်ားအား ေ႐ြးေကာက္ပြဲေကာ္မရွင္ထံ အသိေပးတိုင္ၾကားေသာ္လည္း ရွင္းရွင္းလင္းလင္းမသိရေသးေၾကာင္းနဲ႔ ရွင္းလင္းပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ေႏွာက္ယွက္တဲ့ ဗြီဒီယိုဖိုင္ေတြျပသခဲ့ပါတယ္။

ဒီျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရတဲ့ သူေတြေဆး႐ုံတက္ေနတုန္း
စစ္ကိုင္းတိုင္း ဝန္ႀကီးခ်ဳပ္ေဒါက္တာျမင့္ႏိုင္က လာေရာက္ၾကည့္ရႈတုန္းကေတာ့

” အၾကမ္းဖက္မႈႏွင့္ပတ္သက္၍ မည္သည့္အေၾကာင္းေၾကာင့္ျဖစ္ေစ
လုံးဝလက္မခံပါဘူး။ ျဖစ္စဥ္ပုံေတြ၊ ဗီဒီယိုဖိုင္ေတြၾကည့္ပါ၊ တုတ္ေတြ၊ သံပိုက္ေတြ၊ ဓားေတြ ကိုင္ေဆာင္လာၾကတာ ဆိုကတည္းက တမင္ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္တာ ေပၚလြင္ပါတယ္။ ခင္ဗ်ားတို႔ ရဲတပ္ဖြဲ႕အေနနဲ႔ ျပစ္မႈက်ဴးလြန္သူေတြကို တေယာက္မက်န္ေဖာ္ထုတ္စစ္ေဆးၿပီး ဥပေဒအရ အျမန္ဆုံးအေရးယူဖို႔ လိုအပ္ပါတယ္။ ဒီျဖစ္စဥ္ကို ကြၽန္ေတာ္ေစာင့္ၾကည့္အေရးယူသြားပါ့မယ္” ဝန္ႀကီးခ်ဳပ္က ေျပာခဲ့ပါတယ္။

ကာဘိုးကျဖစ္စဥ္မွာ ေသဆုံးသြားသူဟာ NLD ပါတီ ဝန္းရံသူ ကိုမ်ိဳးဝင္းစိုး အသက္ (၂၇)ႏွစ္ဟာ ဦးေခါင္ဒဏ္ရာရၿပီး ေသဆုံးသြားခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ကာဘိုး #မဲဆြယ္ပဋိပကၡ #ျပည္ခိုင္ၿဖိဳး #NLD #စစ္ကိုင္းတိုင္း

 

Related posts

Leave a Comment

VOM News

FREE
VIEW