လမ်းပေါ်မှာစိုက်ထားတဲ့ ပါတီအလံတွေကို ဖြုတ်သိမ်းဖို့ သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်ညွှန်ကြား

အောက်တိုဘာ၂၆-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်အတွင်းက မြို့နယ် (၈) မြို့နယ်က အများပြည်သူ ဝင်ထွက်သွားလာတဲ့လမ်းနယ်နိမိတ်တွေမှာစိုက်ထူထားတဲ့ ပါတီအလံတွေကိုဖြုတ်သိမ်းဖို့အတွက် ညွန်ကြားလိုက်တယ်လို့ ပဲခူးခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးရဲမြင့်က ပြောပါတယ်။ “အရင်က ပါတီတွေနဲ့ အကြိုညှိနိူင်းပြီး သဘောတူထားတာ၊ နေအိမ်ခြံဝန်းနဲ့ မိမိပိုင်မြေပရဝုဏ်တွေစိုက်ထူဖို့ပါ။ အခုပါတီအလံတစ်ချို့က လမ်းနယ်တွေထဲပါလာလို့ သူများအနှောက်ယက်လည်းမဖြစ်အောင် ပါတီအချင်းချင်းလည်း ပြဿနာမဖြစ်အောင် ဖြုတ်ချခိုင်းလိုက်တာပါ”လို့ ဦးရဲမြင့်ကပြောပါတယ်။ အများသူငှာ ဝင်ထွက်သွားလာနေကြတဲ့ လမ်းတွေပေါ်မှာ နိုင်ငံရေးပါတီများရဲ့အလံတိုင်တွေ စိုက်ထူထားတာကို စစ်ဆေးတွေ့ရှိခဲ့ရတာကြောင့် မိမိပိုင်နေရာတွေမှာ စိုက်ထူထားတာကလွဲပြီး အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာ စိုက်ထူထားရင် ပြန်လည်ဖြုတ်သိမ်းကြဖို့အတွက် သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်က ပါတီတွေဆီကို အောက်တိုဘာ၂၃ ရက် ရက်စွဲနဲ့ အကြောင်းကြားစာပေးပို့ခဲ့တာဖြစ်ပါတယ်။ သာယာဝတီခရိုင်၊ သာယာဝတီ နဲ့ လက်ပံတန်းအပါအဝင် မြို့နယ်ပေါင်း ၈ မြို့နယ်ထဲက ရွေးကောက်ပွဲဝင်ယှဉ်ပြိုင်ဖို့ ပါတီပေါင်း ၁၂ ခုက စာရင်းပေးသွင်းထားတာဖြစ်ပါတယ်။ NLD ၊ USDP၊…

Read More

၉ရက်ကြာပျောက်ဆုံးသွားတဲ့ ၄နှစ်အရွယ်မိန်းကလေးကို သေဆုံးလျက်တွေ့ရှိ

အောက်တိုဘာ ၂၆-၂၀၂၀ ဂျန်ကိုးလ်(VOM) ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်က ၉ရက်ကြာပျောက်ဆုံးသွားတဲ့ ၄နှစ်အရွယ် မိန်းကလေးကို ဒီကနေ့နေ့လယ်ပိုင်းက သေဆုံးလျှက်ပြန်တွေ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြည်မြို့လူမှု့ကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကူညီခဲ့တဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုညီသုတကိုဆက်သွယ်ရာမှာတော့ ”ကလေးမိသားစုကပဲ သမီးလေးယတြာချောဖို့ ရွာကနတ်စင်သွားရင်းနဲ့ အနံ့ထွက်တော့သိကြတယ်၊ ကလေးကို စပါးခင်းအစပ်မှာ တွေ့တယ်၊ ကလေးက တော်တော်လေးရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ။အပေါ်ပိုင်းအင်္ကျီမရှိတော့ဘူး၊ ဘောင်းဘီတော့ဝတ်ထားတယ်၊ လည်ပင်းကတော့ပြတ်နေသလား သေချာမသိဘူး၊ တော်တော်လေးတော့ရုပ်ပျက်နေပြီ” လို့ ပြောပါတယ်။ သေဆုံးလျက်ပြန်တွေ့တဲ့ မိန်းကလေးဟာ ရွှေတောင်မြို့နယ်၊ ကျောက်ဖူးကျေးရွာကဖြစ်ပြီး အောက်တိုဘာ ၁၈ရက် ညနေပိုင်းက ကလေးငယ်ချင်းဆော့ကစားနေရာကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ပျောက်ဆုံးသွားတဲ့နေ့ကစပြီး ရဲတပ်ဖွဲ့ နဲ့ပရဟိတအဖွဲ့တွေက နေ့စဉ်ရှာဖွေနေခဲ့တာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ ကျောက်ဖူးကျေးရွာနဲ့ ကန်သုံးဆင့်ကျေးရွာကြားက လယ်ကွင်းမှာသေဆုံးလျက်တွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့မိန်းကလေးရဲ့ရုပ်အလောင်းကို ရွှေတောင်ပြည်သူ့ဆေးရုံကိုသယ်ဆောင်သွားပြီး ရဲတပ်ဖွဲ့ကတော့ အမှုနဲ့ပတ်သက်လို့ ရဲလုပ်ငန်းစဉ်တွေဆောင်ရွက်နေတဲ့အတွက် သတင်းမထုတ်ပြန်နိုင်သေးဘူးလို့ သိရပါတယ်။ Photo – ကျီးသဲနာမှုကူညီရေးအသင်း…

Read More

ဘီလာရုစ်သမ္မတ ရာထူးကဆင်းမပေးလို့ တစ်နိုင်ငံလုံးသပိတ်မှောက်ဖို့ ပြင်ဆင်နေ

မင့်စ်၊ အောက်တိုဘာ-၂၆-၂၀၂၀ မျိုးဆက် (VOM) ဘီလာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှင်ကိုဟာ အောက်တိုဘာ ၂၅ ရက်ညပိုင်း နောက်ဆုံးထားပြီး ရာထူးကနေဆင်းပေးဖို့ အတိုက်အခံတို့ရဲ့ ရာဇသံကို ငြင်းပယ်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်မှောက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို စိန်ခေါ်လိုက်ပါတယ်။ အငြင်းပွားဖွယ်သမ္မတရွေးကောက်ပွဲအပြီး ၁၁ ပတ်အကြာမှာ အတိုက်အခံကိုယ်စားလှယ်လောင်း ဆီဗီယာတာနာ တီခါနိုစခါရာရဲ့ ပြည်သူ့ရာဇသံ သတ်မှတ်ချိန်ကုန်ဆုံးပြီးနောက် ဘီလာရုစ်နိုင်ငံဟာ နိုင်ငံရေးအကြပ်အတည်း အခြေအနေသစ်သို့ ရောက်ရှိနေပါတယ်။ ၂၆ နှစ်ကြာအာဏာရယူထားပြီးနောက် နှုတ်ထွက်ဖို့ငြင်းဆိုထားတဲ့ သမ္မတလူကာရှင်ကိုအနေနဲ့ လူဦးရေ ၉ ဒသမ ၅ သန်းရှိသောနိုင်ငံတစ်ဝန်းရှိ လုပ်ငန်းတွေရပ်ဆိုင်းသွားတဲ့အထိ အတိုက်အခံတို့ကို လူထုကအကြီးအကျယ် ထောက်ခံခြင်းရှိမရှိ စမ်းသပ်လိုပုံရပါတယ်။ သြဂုတ် ၉ ရက်ရွေးကောက်ပွဲပြီးနောက် မိသားစုလုံခြုံရေးအတွက် လစ်သူယေးနီးယားနိုင်ငံသို့ ထွက်ပြေးသွားတဲ့ အတိုက်အခံခေါင်းဆောင် တီခါနိုစခါရာက အောက်တိုဘာ ၂၆ ရက်နေ့မှစပြီး လမ်းတွကို ပိတ်ဆို့ရန်၊ လုပ်ငန်းများပိတ်သိမ်းရန်၊ အစိုးရဈေးဆိုင်တွေ၊ ဝန်ဆောင်မှုတွေကို…

Read More

ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကိစ္စ ဒေါက်တာသက်သက်ခိုင် ဘာပြောလဲ ?

ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကိစ္စ ဒေါက်တာသက်သက်ခိုင် ဘာပြောလဲ ? မန္တလေး-အောက်တိုဘာ ၂၆-၂၀၂၀ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်အနေနဲ့ NLD ပါတီကနေ ဒဂုံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တာဝန်ယူရတဲ့ ကာလတွေအတွင်း ပြည်သူတွေအတွက် ဘာလုပ်ခဲ့သလဲ? လက်ရှိလွှတ်တော်တွေထဲရောက်နေတဲ့ ပြည်သူရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ % ကိစ္စမှာ ဒေါက်တာသက်သက်ခိုင်ရဲ့ သဘောထားဘယ်လိုရှိသလဲ ဆိုတာ Voice Of Myanmar(VOM) ရဲ့ အယ်ဒီတာချုပ် ကိုနေလင်းက ဆက်သွယ်မေးမြန်းထားတဲ့ ရုပ်သံကို ကြည့်ရှုနိုင်ပါပြီ။ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါက်တာသက်သက်ခိုင်ဟာ မရမ်းကုန်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ #voiceofmyanmar #VOM #PPP #ပြည်သူ့ရှေ့ဆောင် #ဒေါက်တာသက်သက်ခိုင် Zawgy ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကိစ္စ ဒေါက်တာသက်သက်ခိုင် ဘာပြောလဲ ? မန္တလေး-အောက်တိုဘာ ၂၆-၂၀၂၀…

Read More

ပဲခူးတိုင်းမှာ ကိုဗစ်ကူးစက်မှုမြင့်တက်နေတဲ့အတွက် လူစုလူဝေးနဲ့ မဲဆွယ်တာတွေမလုပ်ဖို့ တိုင်းကျန်းမာက သတိပေး

အောက်တိုဘာ ၂၅-၂၀၂၀ သိင်္ဂီထွန်း (VOM) ပဲခူးတိုင်းမှာ ကိုဗစ်ကူးစက်မှုမြင့်တက်နေတာကြောင့် လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံရေးလှည့်လည်တာတွေကို မပြုလုပ်ဖို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာရန်နိုင်မောင်က သတိပေးပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲ နီးလာတာနဲ့အတူ ပါတီအောင်နိုင်ရေး လူစုလူဝေးနဲ့လှည့်လည်ကြတာတွေကလည်း မြို့နယ်တိုင်းမှာ နေ့စဉ်ရှိလာနေတဲ့အပေါ် ခုလို သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။ “ဒီအချိန်က ပိုးတွေ့မှုတွေများလာပြီ၊ ရောဂါကူးစက်တာလည်းသေချာတယ်။ ဒါကြောင့် ပဲခူးတိုင်းထဲမှာရှိတဲ့သူတွေအကုန်လုံး ကျန်းမာရေးဝန်ကြီးဌာနက ပြောထားသလိုပဲ တတ်နိုင်သမျှ အိမ်မှာနေ အပြင်မထွက်ကြနဲ့၊ မလိုအပ်ဘဲ အိမ်အပြင်ကိုမထွက်ကြပါနဲ့။ အိမ်ပြင်ထွက်ရင် လူစုလူဝေးရှောင်ပါ။ မက်စ်တပ်ပါ။ လက်ဆေးပါ။ ခပ်ဝေးဝေးနေပါ။ အဓိကက ခုလိုအချိန်မှာ လူစုလူဝေးတွေနဲ့လျှောက်သွားနေကြတာကို မလုပ်ကြပါနဲ့။ ကျနော်တို့ခနခနလည်း မေတ္တာရပ်ခံထားပါတယ်။ အဓိက ဒီအချိန်မှာ ကျန်းမာရေးက တော်တော်လေးကို အရေးကြီးနေတဲ့အချိန်ဖြစ်လို့ ဒါလေးကိုဂရုစိုက်ပေးပါ။ လူစုလူဝေးနဲ့သွားနေတာတွေကို မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ်”လို့ ဒေါက်တာရန်နိုင်မောင်ကပြောပါတယ်။ လက်ရှိ ပဲခူးတိုင်းထဲမှာ အနံ့ပျောက်တဲ့သူတွေများလာသလို ၊ အနံ့လည်းမပျောက်သလို ရောဂါလက္ခဏာလည်း…

Read More

“ကျမတို့ပြောထားတဲ့ ကတိတွေလုပ်နိုင်မလုပ်နိုင်စောင့်ကြည့်ပေးနိုင်ဖို့ ကျမတို့PPPကိုမဲပေးကြပါ”

ပါတီမိတ်ဆက် “ကျမတို့ပြောထားတဲ့ ကတိတွေလုပ်နိုင်မလုပ်နိုင်စောင့်ကြည့်ပေးနိုင်ဖို့ ကျမတို့PPPကိုမဲပေးကြပါ” ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းတွေစီစစ်ပြီးရွေးချယ်တာလဲ? PPP ပါတီဟာ အင်အားကြီးပါတီတွေက ကိုယ်စားလှယ်လောင်းအရေအတွက်နဲ့ယှဉ်ရင် ၅ ပုံတစ်ပုံလောက်သာရှိတာကြောင့် ဘယ်လိုအင်အားနဲ့ ယှဉ်ပြိုင်မှာလဲ? လူထုဘဝအဓိကဆိုတော့ ပါတီက ချမှတ်ထားတဲ့ မူဝါဒ ၆၈ ချက်နဲ့အညီဘယ်လိုတွေ ဆောင်ရွက်ပေးမှာလဲ ? ဆိုတာတွေကို သူ့ရှေ့ဆောင်(PPP) ပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာသက်သက်ခိုင် နဲ့ VOM အယ်ဒီတာချုပ် ဦးနေလင်းက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ #VOM #VoiceofMyanmar #PPP #ပြည်သူ့ရှေ့ဆောင်ပါတီ #ဒေါက်တာသက်သက်ခိုင် Zawgy ပါတီမိတ်ဆက် “ကျမတို့ပြောထားတဲ့ ကတိတွေလုပ်နိုင်မလုပ်နိုင်စောင့်ကြည့်ပေးနိုင်ဖို့ ကျမတို့ကိုမဲပေးကြပါ” ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းတွေစီစစ်ပြီးရွေးချယ်တာလဲ? PPP ပါတီဟာ အင်အားကြီးပါတီတွေက ကိုယ်စားလှယ်လောင်းအရေအတွက်နဲ့ယှဉ်ရင် ၅ ပုံတစ်ပုံလောက်သာရှိတာကြောင့် ဘယ်လိုအင်အားနဲ့ ယှဉ်ပြိုင်မှာလဲ? လူထုဘဝအဓိကဆိုတော့ ပါတီက ချမှတ်ထားတဲ့ မူဝါဒ ၆၈ ချက်နဲ့အညီဘယ်လိုတွေ…

Read More

TNPပါတီအနေနဲ့ မဲဆွယ်စည်းရုံးရာမှာ RCSS/SSAအဖွဲ့ရဲ့ခြိမ်းခြောက်မှုတွေကြောင့် အခက်အခဲရှိနေ

အောက်တိုဘာ ၂၅-၂၀၂၀ အေးချမ်းသူ(VOM) ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်တောက်ပိုင်းမှာ မဲဆွယ်စည်းရုံးရာတွင် သျှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ(RCSS§/SSA)အဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အခက်အခဲရှိနေတယ်လို့ တအာင်း-ပလောင်အမျိုးသားပါတီ(TNP)ဥက္ကဋ္ဌ မိုင်းနုပ်ဟန်က VOMကိုပြောပါတယ်။ “ရွာတွေမှာ မဲဆွယ်လို့မရဘူး။ RCSS/SSAက ရွာသားတွေကိုမှာတယ်။ သူကြီးတွေကိုပြောတယ်။ TPNကို မလာစေနဲ့ မဲမထည့်ဖို့ ဖိအားတွေပေးတယ်၊ လုပ်ရင်တော့ သူတို့အကြောင်းသိမယ်ဆိုပြီးပြောတယ်။ အဲ့ဒီလိုအခက်အခဲတွေကြောင့် မဲဆွယ်လို့မရဘူး”လို့ မိုင်းနုပ်ဟန်ကပြောပါတယ်။ TNPပါတီအနေနဲ့ မိုင်းကိုင်မြို့နယ်မှာ မဲဆွယ်စည်းရုံးတဲ့အခါ ကိုဗစ်ကာလာဖြစ်နေတာနဲ့ RCSS/SSAရဲ့ ခြိမ်းခြောက်ပြောဆိုနေတာတွေကြောင့် ပါတီဝင်တွေ ကြောက်လန့်နေရတဲ့အခါ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုမပြုလုပ်ရဘူးလို့ တအာင်း-ပလောင်အမျိုးသားပါတီဥက္ကဋ္ဌ မိုင်းနုပ်ဟန်က VOMကိုပြောပါတယ်။ “ကိုယ်စားလှယ်လောင်းစာရင်းကျပြီးကတည်းက နှောင့်ယှက်ခြိမ်းခြောက်နေတာ သြဂုတ်လကတည်းကပေါ့၊ ပါတီဝင်တွေကိုခေါ်ပြောတယ် မင်းတို့TNPနဲ့အဆက်အသွယ်လုပ်ရင် မင်းတို့ ဒီထက်ဖိနှိပ်ရမယ်။ ဆိုင်းဘုတ်တွေလည်း ဖျက်သီမ်းပစ်တယ်”လို့ မိုင်းနုပ်ဟန်ကပောပါတယ်။ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ မိုင်းကိုင်မြို့နယ်မပါဝင်ပေမယ့်လည်း ပြန်လည်ကျင်းပပေးဖို့တောင်းဆိုတဲ့ပါတီတွေထဲမှာ TNPပါတီမပါဝင်ရခြင်းဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ကြောင်းကို ယုံကြည်တာကြောင့်ဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌကပြောပါတယ်။ တအာင်း-ပလောင်အမျိုးသားပါတီဟာ လာမယ့်၂၀၂၀အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်၊ပြည်နယ်(၁)(၂)နေရာတို့မှာ…

Read More

အာဖဂန်ရှိ စာသင်ကျောင်းတစ်ခုမှာ အသေခံဗုံးခွဲ ၁၈ ဦးသေဆုံး၊ ဒါဇင်များစွာ ဒဏ်ရာရ

ကဘူး၊ အောက်တိုဘာ-၂၅-၂၀၂၀ မျိုးဆက်(VOM) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးရှိ စာသင်ကျောင်းတစ်ခုပြင်ပမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပေါက်ကွဲမှုဟာ အဆင့်မြင့်ပညာကျောင်းသားတွေကို သင်တန်းပေးနေတဲ့ ပုဂ္ဂလိက စာသင်ကျောင်းတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၄ ရက်မွန်းလွဲပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် လူအများအပြားကို ဆေးရုံတင်ထားရပြီး သေဆုံးသူဦးရေ တိုးမြင့်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒီတိုက်ခိုက်မှုကို နောက်ကွယ်ကနေ လုပ်ဆောင်ခဲ့တာလို့ အိုင်အက်စ်အဖွဲ့က သူတို့ရဲ့ လူမှုကွန်ရက်ကတစ်ဆင့် ထုတ်ပြန်ထားပြီး တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ တာလီဘန်အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ အစောပိုင်းကတည်းက ငြင်းဆိုထားပါတယ်။ အသေခံဗုံးခွဲသမားဟာ စာသင်ကျောင်းအတွင်းထိ ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။ ဒါပေမယ့် လုံခြုံရေးတွေက သူ့ကို သတိထားမိသွားတာကြောင့် စာသင်ကျောင်းပြင်ပမှာဘဲ သယ်ဆောင်လာတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို အသေခံဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ Ref: BBC…

Read More

တနင်္သာရီမြို့နယ်ထဲက ကျေးရွာတစ်ရွာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိ

အောက်တိုဘာ ၂၅-၂၀၂၀ သိင်္ဂီထွန်း(VOM) တနင်္သာရီမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ ရွေးကောက်ပွဲကျင်းပဖို့ အားလုံးဆောင်ရွက်ထားပေမယ့်လည်း ကိုဗစ်ဒုတိယလှိုင်းကြောင့် ဆက်သွယ်ရေးလမ်းကြောင်းအဆင်မပြေတဲ့အတွက် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတော့ဘူးလို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦးကပြောပါတယ်။ ခုလို ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကလည်း ခွင့်ပြုချက်ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။ “ အဲ့ဒီရွာရဲ့ လူမှုစီးပွားအခြေခံကိစ္စတွေကို သူတို့က ယိုးဒယားဘက်ပဲဆင်းလုပ်ကြတာ။အဲ့ဒီမှာက မဲရုံတစ်ရုံထဲရှိတာ။ အဲ့ဒီရွာက သွားချင်လာချင်ရင် ယိုးဒယားဘက်ကို မောတောင်ဆိုတဲ့ border passရှိတဲ့ အဲ့ဒီဘက်ကထွက်ရတယ်။ အဲ့ဒီကနေထွက်ပြီးတော့မှ ယိုးဒယားနိုင်ငံထဲသွားရတယ်၊ သွားပြီးတော့မှ အဲ့ဒီရွာဘက်ကိုသွားရတယ်။ အဲ့ဒီတော့ ပထမအကြိမ်မဲစာရင်းကြေငြာခဲ့တုန်းက ယိုးဒယားထဲကနေ သွားလာခဲ့ရတယ်။ အခုယိုးဒယားက ကိုဗစ်ဒုတိယလှိုင်းမှာပိတ်ထားလိုက်တော့ အဲ့ဒီကိစ္စတွေက သွားဖို့လာဖို့က အဆင်မပြေတော့ဘူး။ အဓိက သွားလာဆက်သွယ်ရေးအရပေါ့”လို့ ဦးထိန်လင်းဦးကပြောပါတယ်။ ရွေးကောက်ပွဲမကျင်းပတော့တဲ့ ကျေးရွာဟာ တနင်္သာရီမြို့နယ်ထဲက အေးမွန်သာရွာဖြစ်ပြီး အဲ့ဒီရွာမှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၇၀၀ ကျော်ရှိတဲ့အပြင် ဆန္ဒမဲပေးခွင့်ရှိသူစာရင်းတွေကိုလည်း ကြေငြာထားပြီးသားရွာဖြစ်တယ်လို့…

Read More

ပါတီမဲဆွယ်ရေးအဖွဲ့နဲ့ ဆိုင်ကယ်ချင်းတိုက်မိချိန် ဆဲဆိုခဲ့တဲ့သူကို သံတူရွင်းနဲ့ရိုက်သတ်

အောက်တိုဘာ၂၅-၂၀၂၀ ကောင်းလက်ျာ(VOM) ‌ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကြူအင်‌းကျေးရွာမှာ မနေ့အောက်တိုဘာ၂၄ ရက် ညနေပိုင်းက ပါတီမဲဆွယ်စည်းရုံးရေးအဖွဲ့ဝင်တစ်ဦးနဲ့ ဆိုင်ကယ်ချင်းတိုက်မိချိန် ဆဲဆိုခဲ့သူတစ်ဦး ကို ဆဲဆိုခံရသူက သံတူရွင်းနဲ့ စောင့်ဆိုင်းရိုက်သတ်ပြီး ထွက်ပြေး‌နေတယ်လို့ တောင်ငူမြို့နယ် အမှတ်(၂)နယ်မြေရဲစခန်းမှူး ရဲအုပ်စိုးသက်မောင်က ပြောပါတယ်။ ” စုံစမ်းသိရှိရသလောက် မနက်ပိုင်းက မဲဆွယ်စည်းရုံးရေးအဖွဲ့နဲ့ဆိုင်ကယ်ချင်းတိုက်မိတုန်းက ဆဲဆိုခဲ့တဲ့လူကို ရွာကဖြတ်သွားချိန် စောင့်ရိုက်တာပါ။ တရားခံက ထွက်ပြေးတိမ်းရှောင်သွားလို့ လိုက်လံစုံစမ်းရှာဖွေနေပါတယ်”လို့ ရဲအုပ်စိုးသက်မောင်ကပြောပါတယ်။ အခင်းဖြစ်တဲ့မနက်ပိုင်းက တောင်ငူမြို့နယ်NLDပါတီ မဲဆွယ်စည်းရုံးရေးအဖွဲ့မှ ရပ်ကျေးအဆင့်ဥက္ကဋ္ဌတစ်ဦးမောင်းလာပြီး အမျိုးသမီးတစ်ဦးလိုက်ပါလာတဲ့ ဆိုင်ကယ်ကို မြပင်ကူးရွာနားမှာ ကြူအင်းဒေသခံ ဇော်ထိုက်ဆိုသူမောင်းလာတဲ့ ဆိုင်ကယ်က နောက်ကနေ ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။ NLD ပါတီစည်းရုံးရေးအဖွဲ့မှ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီး ပြန်သွားချိန် ညနေ၃ နာရီကျော်ခန့်မှာ တောင်ငူမြို့နယ်အနောက်နတ်စင်ကုန်းကျေးရွာနေသူ ဦး ထွန်းနောင်တစ်ဦးတည်းဆိုင်ကယ်ကို မောင်းလာချိန် ကြူအင်းကျေးရွာအနောက်ပိုင်း ကုန်စုံဆိုင်တစ်ဆိုင်ရှေ့မှာ ဇော်ထိုက်ဆိုသူက သံတူရွင်းနဲ့ရိုက်သတ် ထွက်ပြေးသွားတာဖြစ်တယ်လို့…

Read More
VOM News

FREE
VIEW