အရန်မီးသတ်သမား ၃ ဦးကို အရပ်သားတစ်ဦးက မီးသတ်စခန်းထဲဝင်ပြီး ဓါးနဲ့ဝင်ထိုး

နိုဝင်ဘာ ၂-၂၀၂၀
ဇော်မိုးထက်(VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာမှာ မနေ့က(နိုဝင်ဘာ-၁) ညကိုးနာရီအချိန်ခန့်က အရန်မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး ဓါးထိုးခံခဲ့ရတယ်လို့ ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တွေ မီးသတ်ဌာနအတွင်းမှာ ဂိမ်းကစားနေချိန် ကုဋေကျေးရွာမှာ နေထိုင်တဲ့ ကျော်ခိုင် ဆိုသူက ဓါးနဲ့ဝင်ထိုးခဲ့တာဖြစ်ပြီး မီးသတ် ၃ဦးအပြင် အရပ်သားနှစ်ဦးပါ ထပ်မံအထိုးခံရတယ်လို့ မျက်မြင်တွေ့ရှိသူ ကုဋေကျေးရွာ မီးသတ်ရုံးစာရေးက ပြောပါတယ်။

” မီးသတ်ရုံးထဲကို အော်ကြီးဟစ်ကျယ်နဲ့ဝင်လာတယ် ။ ကျနော်အသံကြားလို့ထွက်ကြည့်တဲ့အချိန်မှာ ငြိမ်နေတယ်။ အပြင်ဘက်က တယောက်တော့ သွားပြီဆိုပြီး ဆူဆူညံအသံတွေကြားလို့ သွားကြည့်တာ မီးသတ်တယောက်လဲကျနေတယ်။ ဘယ်သူရှိသေးလို့လိုက်ကြည့်တော့ မီးသတ် ၃ယောက် ပျောက်နေတယ် ၊ တွေ့သမျှလူ အကုန်လုံးကို ဓါးနဲ့ လိုက်ထိုးနေတယ် ။ နောက်က လိုက်ဆွဲတဲ့ သူတပည့်ကို ဓါးနဲ့ပြန်ထိုးပစ်တယ်၊ ဓါးနဲ့ထိုးတဲ့သူဟာ ကုကျေးရွာက ရေမဆေးလောပန်း ကျော်ခိုင်ဖြစ်တယ်၊ အရန်မီးသတ်တပ်ဖွဲ့ ၃ ဦးနဲ့ အရပ်သားနှစ်ဦးကိုပါ ဓါးနဲ့ထိုးခဲ့တာဖြစ်တယ်”လို့ ” လို့ ကုဋေကျေးရွာ မီးသတ်ရုံးစာရေး ဦးဇော်မိုးကပြောပါတယ်။

အရန်မီးသတ် ၃ ဦးဟာ စိုးရိမ်ဒဏ်ရာတွေ နဲ့ လုံးခင်းတိုက်နယ်ဆေးရုံ၊ ဖားကန့် ဆေးရုံ တွေမှာ အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေရတယ်လို့ ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

အရပ်သားနှစ်ဦးမှာလည်း အရေးပေါ်လူနာအဖြစ် ဆေးကုသမှု ခံယူနေစဉ် ဆေးရုံရောက်ပြီး နှစ်နာရီအကြာမှာ တစ်ဦးသေဆုံးခဲ့ပါတယ် ။ကျန်တစ်ဦးကတော့ အရေးအပေါ်အခြေအနေနဲ့ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရတယ်လို့ ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ် ။

ဓါးနဲ့ထိုးခဲ့တဲ့ ကျော်ခိုင်ဆိုသူကို လုံးခင်းနာ်မြေရဲစခန်းက ချက်ချင်းဖမ်းဆီးခဲ့တယ်လို့ သိရပြီး ကုဋေကျေးရွာ အရန်မီးသတ်တပ်ခွဲ(၃)က တရားလိုလုပ်ပြီး လုံးခင်နယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်တန်းထားတယ်လို့ ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #အရန်မီးသတ် #ဓားနဲ့အထိုးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW