ရွာငံရှိ ကွာရန်တင်းစင်တာတစ်ခုမှာ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

နိုဝင်ဘာ ၅-၂၀၂၀
ကောင်းလက်ျာ(VOM)

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဈေးတန်းရပ်ကွက်၊ မြို့ပြနဲ့အိမ်ယာ ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာ ကွာရန်တင်းစင်တာမှာ မနေ့ နိုဝင်ဘာ ၄ ရက်‌ညနေပိုင်းက အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးခဲ့တယ်လို့ ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

” သူက စိတ်ကျန်းမာရေး သိပ်မကောင်းဘူး။ ကျောက်ပန်းတောင်ဘက်ကပြန်လာလို့ ရွာမှာ ကွာရန်တင်းထားရာက ဆူပူသောင်းကျန်းလို့ အခုစခန်းကိုရွေ့ထားသူပါ။ သူ့ရဲ့ ကပ္ပယ်အိတ်နှစ်လုံးက ‌အောက်ကိုပြုတ်ကျနေပြီး လက်နဲ့ဆွဲညှစ်ထားပုံရတယ်”လို့ ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇေယျာစိုးက ပြောပါတယ်။

သေဆုံးသူဟာ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာမှာနေတဲ့ နေမျိုးဦး(၃၅ နှစ်)ဆိုသူဖြစ်ပြီး အောက်တိုဘာ ၃၀ ရက် နေ့က ကျောက်ပန်‌းတောင်းမြို့နယ်ကနေပြန်လာတဲ့အတွက် မြိုင် အ-ထ-ကမှာဖွင့်ထားတဲ့ ကွာရန်တင်းစင်တာမှာထားရှိရာ ဆူပူသောင်းကျန်းနေတာ‌ကြောင့် ရွာငံရှိ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာဝန်ထမ်းအိမ်ယာ ကွာရန်တင်းစင်တာကို ရွေ့ပြောင်းထားရတာဖြစ်ပါတယ်။

ကွာရန်တင်းစင်တာရဲ့ အပေါ်ထပ် အိမ်သာလက်ဆေးစင်ဘေး ပြတင်းပေါက်သံတိုင်မှာပုဆိုးကိုသုံးပြီး ကြိုးဆွဲချ သေဆုံးနေတာဖြစ်တဲ့အပြင် သေဆုံးသူရဲ့ အမျိုးသား ကပ္ပယ်နှစ်လုံး ‌အောက်ကိုပြုတ်ကျနေတယ်လို့ ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

လူသေဆုံးမှုနဲ့ပတ်သက်ပြီး ရွာငံ မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၉/၂၀၂၀ နဲ့အမှုဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Photo – KWL
#voiceofmyanmar #VOM #ရွာငံ #ကွာရန်တင်းစင်တာ #ဆွဲကြိုးချသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW