မန္တလေးမြို့က နာမည်ကြီး ပေါက်စီဆိုင်ပိုင်ရှင် ကိုဗစ်ပိုးတွေ့၊ ထိစပ်၀န်ထမ်း ၆၀ကျော်ရှိ

နို၀င်ဘာ ၁၃-၂၀၂၀ Voice Of Myanamar မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ထဲက နာမည်ကြီး ပေါက်စီနဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် မနေ့နို၀င်ဘာ ၁၂ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ “ပိုးတွေ့တာက မနေ့ညကပါ၊ ဒီနေ့မှ ၀န်ထမ်း ထိစပ်လူနာ ၆၀ကို ကွာရန်တင်းထားဖို့ခေါ်တာပါ၊ ကျန်တာကတော့ မိသားစု၀င်တွေပါ”လို့ ကွာရန်တင်းပို့ဆောင်ရာမှာပါ၀င်တဲ့ တာ၀န်ရှိသူ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၀င်တစ်ဦးကပြောပါတယ်။ ပေါက်စီဆိုင်ပိုင်ရှင် ကိုဗစ်ပိုးတွေ့တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာ၀န်ရှိသူတွေက စစ်ဆေးနေစဲဖြစ်ပြီး ၀န်ထမ်း ၆၀ကိုလည်း မနေ့နို၀င်ဘာ ၁၂ရက်နေ့ညပိုင်းက ဟုမ်းကွာရန်တင်းထားရှိကာ ဒီကနေ့ နေ့လယ် ၃နာရီကျော်မှာပဲ ဇီးပင်ကြီးကွာရန်တင်းစင်တာကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ မန္တလေးတိုင်းမှာ မနေ့ နို၀င်ဘာ ၁၂ရက်နေ့ ညနေပိုင်းအချိန်ထိ ကိုဗစ်အတည်ပြုလူနာ ၂၇၆၂ဦး၊ သေဆုံးသူ ၁၇ဦးထိရှိပြီ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး

Read More

မွန်ပြည်နယ် လ.ဝ.က ဝန်ကြီးကို USDPကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲဥပဒေတွေနဲ့ အမှုဖွင့်

နိုဝင်ဘာ ၁၃-၂၀၂၀ ကောင်းလက်ျာ(VOM) NLDပါတီကနေဝင်ရောက်ယှဉ်ပြိုင်တဲ့ ပေါင်မြို့ အမှတ်-၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ် အခုလက်ရှိ မွန်ပြည်နယ် လ.ဝ.က ဝန်ကြီးဖြစ်သူကို ပြည်ခိုင်ဖြိုး(USDP)ပါတီကိုယ်စားလှယ်လောင်းက ပေါင်မြို့မရဲစခန်းနဲ့ မုတ္တမနယ်မြေရဲစခန်းတို့မှာ မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေနဲ့ အမှုဖွင့်ထားတယ်လို့ သက်ဆိုင်ရာနယ်မြေရဲစခန်းတွေကနေ သိရပါတယ်။ ပေါင်မြို့နယ် အမှတ်-၁ ပြည်နယ်လွှတ်တော်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ USDP ပါတီကိုယ်စားလှယ်လောင်းဦးကျော်လင်းဦးက ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးထွန်းမင်းအောင်ကို ပေါင်မြို့မရဲစခန်းမှာ ပုဒ်မေ ၄ ခုနဲ့ မုတ္တမနယ်မြေရဲစခန်းမှာ ပုဒ်မ ၄ ခုနဲ့အမှုဖွင့်ထားတာဖြစ်ပါတယ်။ ” ဝန်ကြီးတစ်ဦးရဲ့ မလျော်ဩဇာသုံးပြီး ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ ဝင်ထွက်သွားလာတာတွေအပြင် နိုင်ငံသိထင်ရှားတဲ့ ကြိုတင်မဲသိမ်းဆည်းခဲ့တဲ့ ရပ်ကျေးကော်မရှင်ရုံးမှာ CCTV(စောင့်ကြည့်ကင်မရာ)တပ်ဆင်တဲ့ ကိစ္စတွေကြောင့် အမှုဖွင့်လှစ်ခဲ့တာပါ”လို့ အမှုဖွင့်လှစ်ခဲ့သူ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဦးကျော်လင်းဦးကပြောပါတယ်။ ကိုယ်စားလှယ်လောင်းတစ်ဦးလိုက်နာရမ့် စည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် အခုလို အမှုဖွင့်လှစ်တာဖြစ်တယ်လို့ပေါင်မြို့မရဲစခန်းနဲ့ တိုင်ကြားသူပြောပြချက်အရ…

Read More

UECရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့သူတွေထဲက ၂ ဦးကို အလုပ်နဲ့ ထောင်တစ်လစီချ

နိုဝင်ဘာ ၁၃-၂၀၂၀ ကိုလတ် (VOM) နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့ကို နိုဝင်ဘာလ ၁၁ ရက်နေ့က လာရောက်ဆန္ဒထုတ်ဖော်ခဲ့ကျတဲ့ သူတွေထဲက ၂ ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့တယ်လို့ ဥတ္တရသီရိမြို့နယ်တရားရုံးကနေ သိရပါတယ်။ “နှစ်ယောက်ပေါ့နော် စွပ်စွဲခံရသူနှစ်ယောက်ကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၁၉ အရ အမိန့်ချလိုက်တာပါ”လို့ ဥတ္တရသီရိမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဒေါ်မေစုမွန်ကျော်ကပြောပါတယ်။ အဲ့ဒီရုံးရှေ့ကို လာရောက်ဆန္ဒထုတ်ဖော်ခဲ့သူတွေထဲက ဇော်ဦး(ခ)ဇော်လင်း(ခ) ဇော်ဇော်လင်းနဲ့ ညီညီ(ခ)ဦးညီအောင် တို့ ၂ ဦးကို ဥပဒေအရ အရေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အမှုနဲ့ ပတ်သတ်ပြီးတော့ ဒေါ်မေစုမွန်ကျော် ဆက်ပြောပြတာက “သူတို့ဒီအမှုအမျိုးအစားက သာမန်အမှုအမျိုးအစားဖြစ်တယ်။ သာမန်အမှုအမျိုးအစားဖြစ်တဲ့အတွက်ကြောင့် ဒီစွပ်စွဲခံရတဲ့သူတွေ ရုံးရှေ့ရောက်လာတဲ့အခါကျရင် ကျွန်မတို့က ဒီပြစ်မှုအကြောင်းအရာရှင်းပြပြီးတော့ သူတို့ကို ဒီအပြစ် ရှိ၊ မရှိ မေးမြန်းတယ်။ သူတို့က တကယ်လို့…

Read More

 တိုင်းရင်းသားပါတီတွေကို NLD ပါတီက ပူးပေါင်းဖို့ ဖိတ်ခေါ်တဲ့အပေါ်  တိုင်းရင်းသားတွေက ကြိုဆိုတာရှိသလို သတိနဲ့စောင့်ကြည့်သူအများစုဖြစ်

နိုဝင်ဘာ၊ ၁၃- ၂၀၂၀ နေလင်း+ ရှိုင်းအောင်(VOM)   တိုင်းရင်းသားပါတီတွေရဲ့ ရည်းမှန်းချက်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်တွေနဲ့ တူညီပြီး တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်သွားမှာဖြစ်တာကြောင့် တိုင်းရင်းသားပါတီတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖော်ဆောင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဖို့  တိုင်းရင်းသားပါတီ ၄၀ ကျော်ကို မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က  ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီလို တိုင်းရင်းသားပါတီ ၄၀ ကျော်ကို ဖိတ်ခေါ်လိုက်တဲ့ အပေါ်မှာ တိုင်းရင်းသားပါတီတွေရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာကို VOM သတင်းဌာနက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ရဲ့ သဘောထားကိုသိနိုင်ဖို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကို မေးကြည့်တော့ “ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်တယ်ဆိုတာထက် သူတို့ရဲ့သဘောထားကိုချပြတဲ့အနေအထားကို ကျနော်ကသွားတွေ့ပါတယ်။ အဲဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လုပ်ပုံကိုင်ပုံက ပေါ့ပေါ့တန်တန်ပဲ ရေးသားပြောဆိုပြီးတော့မှ နောက်ဆုံးထုတ်ပြန်တဲ့အခါမှ ကရော်ကမယ်ဘဲ စာအမှတ်မပါ၊ ရက်စွဲမပါထုတ်တယ်၊…

Read More

ရခိုင်မြောက်ပိုင်းမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရေး တပ်နဲ့ အေအေ ထုတ်ပြန်ချက် ANPပါတီ ကြိုဆို

နိုဝင်ဘာ ၁၃-၂၀၂၀ ထက်အောင်းစိုင်း(VOM) ရခိုင်ပြည်နယ်မြောက်ဖက်ပိုင်းက မြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပပေးဖို့ အေအေအဖွဲ့ရဲ့ မေတ္တာရပ်ခံချက်နဲ့ တပ်မတော်က အေအေအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေကို ကြိုဆိုကြောင်း တပ်မတော်တို့ရဲ့ သဘောထားထုတ်ပြန်ချက်တွေကို ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကလည်း လှိုက်လှဲစွာနဲ့ ကြိုဆိုတယ်လို့ ဒီကနေ့ နေ့လယ်ပိုင်းက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက” ကျနော်တို့ ပါတီအနေနဲ့ ဒီလိုမျိုး တပ်မတော်နဲ့ အေအေတို့ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုရတာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလိုစိတ်ရှိတယ်ဆိုတာကို နှစ်ဖက်ထုတ်ပြန်ချက်တွေက ဖော်ပြနေတာပေါ့။ အေအေဖက်ကလည်း ရွေးကောက်ပွဲမကျင်းပနိုင်လိုက်တဲ့ ရခိုင်က မြို့နယ် ၉ ခုမှာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ တောင်းဆိုထုတ်ပြန်တယ်။ တပ်မတော်ကလည်း အေအေရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုတယ်လို့ ထုတ်ပြန်တဲ့အတွက် ကျနော်တို့က ကြိုဆိုကြောင်း အခုလို ထုတ်ပြန်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။…

Read More

မဲရုံတာဝန်ကျ ကျောင်းဆရာ ၁ ယောက်ကို သူတပါးအယောင်ဆောင်ပြီး ဆန္ဒမဲပေးခဲ့လို့ NLD ပါတီဥက္ကဋ္ဌက အမှုဖွင့်

နိုဝင်ဘာ ၁၃-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၊ တလိုင်းဆင်ကျေးရွာက မဲရုံတာဝန်ကျ အလယ်တန်းပြ ကျောင်းဆရာ ၁ ယောက်ကို သူတပါးအယောင်ဆောင်ပြီး ဆန္ဒမဲပေးခဲ့တာကြောင့် မင်းကွန်းကျေးရွာ NLDပါတီဥက္ကဋ္ဌက မနေ့ နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းမှာ အမှုဖွင့် တိုင်တန်းလိုက်တယ်လို့ သိရပါတယ်။ ” နိုဝင်ဘာ ၁ ရက်နေ့က တလိုင်းဆင်ရွာ အသက် ၆၀ ကျော် ကြိုတင်ဆန္ဒမဲပေးရုံ အမှတ် ၂ ရဲ့ လက်မှတ်စစ်ဆေးရေး တာဝန်ကျတဲ့ ဆရာဦးမျိုးဝင်းက သူရဲ့ ကြိုတင်မဲကို ထည့်တယ်၊ နောက်ပြီး အသက် ၈၃ နှစ်အရွယ် သူ့ရဲ့အဖေ ဦးကိုလေးအတွက် ဆန္ဒမဲလက်မှတ်ကို မဲပုံးထဲထည့်တယ်၊ အဲ့ဒီအပြင် သူရဲ့အစ်မ ဒေါ်သန်းနွှဲ့အတွက် ဆန္ဒမဲလက်မှတ် ထုတ်ယူဖို့ အလုပ်မှာ ကျေးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမျိုးက သတိပေးတားမြစ်ခဲ့ပြီး အဲ့ဒီဖြစ်စဉ်ကို…

Read More

မဲမသမာမှုရှိတယ်လို့ ဒေါ်နယ်ထရန့်ရဲ့ပြောဆိုချက် အမေရိကန်ရွေးကောက်ပွဲ တာဝန်ရှိသူတွေပယ်ချ

ဝါရှင်တန်၊ နိုဝင်ဘာ-၁၃-၂၀၂၀ မျိုးဆက် (VOM) ၂၀၂၀ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲဟာ အမေရိကန်သမိုင်းမှာ အလုံခြုံဆုံးဖြစ်ကြောင်း အမေရိကန် ရွေးကောက်ပွဲတာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပြီး မဲမသမာမှုတွေရှိတယ်လို့ သမ္မတဒေါ်နယ်ထရန့်ရဲ့ အခိုင်အမာပြောဆိုမှုကို ပယ်ချလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးစနစ်ဖျက်သိမ်းခြင်း၊ မဲပျောက်ဆုံးခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် မဲတွေနဲ့ပတ်သက်၍ ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ ရွေးကောက်ပွဲတာဝန်ရှိသူတွေက ကြေညာပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်က ရွေးကောက်ပွဲမှာ သူ့ကိုပေးတဲ့ မဲအရေအတွက် ၂ ဒဿမ ၇ သန်းကို ထည့်သွင်းရေတွက်ခဲ့ခြင်းမရှိဘူးလို့ ဒေါ်နယ်ထရန့်က အခိုင်အမာပြောဆိုပြီးနောက် အမေရိကန်ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ဒီကိစ္စအပေါ် ပယ်ချလိုက်တာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုကို ဒေါ်နယ်ထရန့်က လက်ရှိအချိန်ထိ ဝန်ခံပြောကြားခြင်းမရှိသေးပါဘူး။ မိမိတို့ဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အမှားတွေအတွက် အခြေအမြစ်မရှိတဲ့တောင်းဆိုမှုတွေ၊ အခွင့်အရေးယူမှုတွေကို ကြားသိနေရပေမယ့် ရွေးကောက်ပွဲရဲ့ လုံခြုံမှုနဲ့ သမာဓိသိက္ခာအတွက် အပြည်အဝယုံကြည်မှုရှိတယ်ဆိုတာကို…

Read More

ဆန္ဒမဲပေးဖို့ အမည်စာရင်းမပါသူ ၁၀ ယောက်က ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးကို အမှုဖွင့်

နိုဝင်ဘာ ၁၃-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယင်းယိမ်ကျေးရွာအုပ်စု၊ သစ်ခက်ကျေးရွာက မဲဆန္ဒရှင် ၁၀ ယောက်ဟာ ဆန္ဒမဲပေးဖို့အတွက် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးကို မဲဆန္ဒရှင်အမည်စာရင်း လျှောက်ထားခဲ့ပေမယ့် ရွေးကောက်ပွဲနေ့မှာ အမည်စာရင်းပါမလာတာကြောင့် နိုင်ငံသားအခွင့်အရေးဆုံးရှုံးတယ်ဆိုပြီး ကျေးရွာရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးကို မနေ့ နိုဝင်ဘာ ၁၂ ရက်က ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းလိုက်တယ်လို့ သိရပါတယ်။ ” မဲဆန္ဒရှင် အမည်စာရင်းတွေ ကြေငြာတော့ သွားကြည့်တယ်၊ အမည်စာရင်းက ပါမလာဘူး၊ အဲ့ဒါကြောင့် ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဆန်ပိုသိုက် ကို အမည်စာရင်းထည့်ပေးဖို့ ပြောခဲ့တယ်၊ အဲ့ဒီနောက် အောက်တိုဘာ ၂၀ ရက်မှာ ဦးဆန်ပိုသိုက် ကို နောက်တကြိမ် ထပ်ပြောတယ် ၊ သူက ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ကိုစိုးမင်းထွန်းဆီ ပြောထားပြီးလို့ ဖြေတယ်၊ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာ…

Read More
VOM News

FREE
VIEW