မဲမသမာမှုရှိတယ်လို့ ဒေါ်နယ်ထရန့်ရဲ့ပြောဆိုချက် အမေရိကန်ရွေးကောက်ပွဲ တာဝန်ရှိသူတွေပယ်ချ

ဝါရှင်တန်၊ နိုဝင်ဘာ-၁၃-၂၀၂၀
မျိုးဆက် (VOM)

၂၀၂၀ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲဟာ အမေရိကန်သမိုင်းမှာ အလုံခြုံဆုံးဖြစ်ကြောင်း အမေရိကန် ရွေးကောက်ပွဲတာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပြီး မဲမသမာမှုတွေရှိတယ်လို့ သမ္မတဒေါ်နယ်ထရန့်ရဲ့ အခိုင်အမာပြောဆိုမှုကို ပယ်ချလိုက်ပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးစနစ်ဖျက်သိမ်းခြင်း၊ မဲပျောက်ဆုံးခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် မဲတွေနဲ့ပတ်သက်၍ ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ ရွေးကောက်ပွဲတာဝန်ရှိသူတွေက ကြေညာပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်က ရွေးကောက်ပွဲမှာ သူ့ကိုပေးတဲ့ မဲအရေအတွက် ၂ ဒဿမ ၇ သန်းကို ထည့်သွင်းရေတွက်ခဲ့ခြင်းမရှိဘူးလို့ ဒေါ်နယ်ထရန့်က အခိုင်အမာပြောဆိုပြီးနောက် အမေရိကန်ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ဒီကိစ္စအပေါ် ပယ်ချလိုက်တာဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုကို ဒေါ်နယ်ထရန့်က လက်ရှိအချိန်ထိ ဝန်ခံပြောကြားခြင်းမရှိသေးပါဘူး။

မိမိတို့ဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အမှားတွေအတွက် အခြေအမြစ်မရှိတဲ့တောင်းဆိုမှုတွေ၊ အခွင့်အရေးယူမှုတွေကို ကြားသိနေရပေမယ့် ရွေးကောက်ပွဲရဲ့ လုံခြုံမှုနဲ့ သမာဓိသိက္ခာအတွက် အပြည်အဝယုံကြည်မှုရှိတယ်ဆိုတာကို မိမိတို့အာမခံနိုင်တယ်လို့ ရွေးကောက်ပွဲမဲပေးစနစ် လုံခြုံရေးကိုလုပ်ဆောင်ခဲ့တဲ့ အမိမြေလုံခြုံရေးဌာနရဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အအုံလုံခြုံရေး အေဂျင်စီတို့က နိုဝင်ဘာ ၁၂ ရက်မှာ ပူးတွဲထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW