ရန်ကုန်မြို့က မြို့နယ်အချို့မှာ နိုင်ငံတော်ထောက်ပံ့ကြေးငွေ ၄သောင်းမရတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူစုလူဝေးဖြစ်ပွားခဲ့

ရန်ကုန်၊နိုဝင်ဘာ ၁၄၊၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်တိုင်းအတွင်းက လှိုင်သာယာမြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တို့မှာ နိုင်ငံတော်ကပေးတဲ့ ထောက်ပံ့ကြေးငွေ ကျပ် ၄သောင်းမရရှိတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူစုလူဝေးတွေဖြစ်ပေါ်ခဲ့ပါတယ်။

လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊၂၀ရပ်ကွက်မှာ ဒီကနေ့မနက်ပိုင်းက ထောက်ပံ့ကြေးလေးသောင်းမရရှိသူ လူဦးရေ ၁၅၀ခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ စုဝေးခဲ့တဲ့အတွက် ညှိနှိုင်းဖြေရှင်းခဲ့ရတယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူ ကိုအောင်နိူင်က VOMကိုပြောပါတယ်။

“ထောက်ပံ့ကြေးမရတာက လူတိုင်းနီးပါးပါပဲ၊ အချို့က လေးကြိမ်ပေးတာ နှစ်ကြိမ်ရတာရှိတယ် လေးကြိမ်လုံးမရတာလည်း ရှိတယ်။ ရတာလည်းရှိတယ်”လို့ ကိုအောင်နိုင်ကပြောပါတယ်။

အခုလိုဖြစ်တဲ့ ကိစွနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြတ်မင်းသူကို VOMမှဆက်သွယ်မေးမြန်းရာ အစည်းဝေးပြုလုပ်နေတဲ့အတွက် ပြီးမှပြန်လည်ဆက်သွယ်ပါလို့ ပြောဆိုခဲ့ပါတယ်။

အလားတူ မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက်ကံမြို့သစ်၊၂၂ရပ်ကွက်မှာ မနေ့နိုဝင်ဘာ ၁၃ရက်နေ့က ထောက်ပံ့ကြေးလေးသောင်းမရတဲ့ အိမ်ထောင်စုတွေဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို သွားရောက်တင်ပြခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ၂၂ရပ်
ကွက်မှာနေတဲ့ မသူဇာက VOMကိုပြောပါတယ်။

” ညီမမြို့နယ်မှူးရုံးကိုသွားတော့ လူတွေအများကြီးပဲ၊ မြို့နယ်မှူးကမေးတယ် မရရင် အောက်ခြေမှာရှင်းတဲ့ အောက်ခြေမှာကျတော့ စာရင်းကမပါဘူး”လို့ မသူဇာကရှင်းပြပါတယ်။

မြောက်ဥက္ကလာပမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဇော်လွင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “မြောက်ဥက္ကလာက ဆင်းရဲသားအများစုနေတာလေ အဲ့ဒါကြောင့်စာရင်းမပါဘူး၊ ကျန်ခဲ့တာတို့ဆိုရင် စာရင်းပေးပါ။ အဲ့ဒီစာရင်းတွေပြုစုပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြပြီး ကူညီပေးလို့ရလို့ ကြိုးစားသွားမှာပါ”လို့ VOMကိုပြောခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #နိုင်ငံတော်ထောက်ပံ့ငွေ

Related posts

Leave a Comment

VOM News

FREE
VIEW