မဲမသမာမှုတွေရှိတဲ့အကြောင်း မီဒီယာကိုပြောတဲ့ ကိုယ်စားလှယ် အမှုဖွင့်ခံရသလို မဲရလာဒ်အငြင်းပွားမှုရှိနေဆဲ

နိုဝင်ဘာ-၁၆-၂၀၂၀
ဆွေလင်းထွန်း( VOM)

ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်အတွင်း လှုပ်ရှားနေတဲ့ နမ့်ယွန်းပြည်သူ့စစ်အဖွဲ့ဟာ ရွေးကောက်ပွဲနေ့က မဲဆန္ဒရှင်တွေကို ကားတွေနဲ့ အကြိုအပို့လုပ်ပြီး မဲပေးခိုင်းတာရှိခဲ့တဲ့အတွက် ပြည်နယ်လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကိုယ်စားလှယ်လောင်း ဦးကျဖေ့က သတင်းမီဒီယာကိုပြောခဲ့တဲ့အတွက် ပြည်သူ့စစ်အဖွဲ့က ဆက်သွယ်ရေးပုဒ်မ၆၆(ဃ) နဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။

ဦးကျဖေ့က “ရွေးကောက်ပွဲနေ့က တောင်ပေါ်ဒေသမဲရုံတွေကို ကျနော်ကိုယ်တိုင်သွားကြည့်တော့ ပြည်သူ့စစ်ခေါင်းဆောင်ကိုယ်တိုင်က မဲဆန္ဒရှင်တွေကို ကားနဲ့အကြိုအပို့လုပ်တာ တွေ့ရတယ်။ အဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခေတ်သစ်မီဒီယာက ကျနော့်ကို မေးလာတော့အမှန်အတိုင်း ပြောပြလိုက်တယ်။ အဲ့ဒါကို သူတို့ ပြည်သူ့စစ်ကို အသရေဖျက်တယ်ဆိုလားမသိဘူး အမှုဖွင့်တယ်လို့ ကျနော်ကြားတယ်။ အမှုဖွင့်တဲ့လူကတော့ ပြည်သူ့စစ်ခေါင်းဆောင် ဦးတီကိုရဲ့ သားမက် ရဲမင်းထူးလို့ ရဲစခန်းကသိရတယ်” လို့ ပြောပြပါတယ်။

မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကိုယ်ရေးအရာရှိဟောင်းဖြစ်တဲ့ ဦးလင်းဇော်ထွန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မိုင်းဖြတ်မြို့နယ်အတွင်းက မဲဆန္ဒနယ် ၄ ခုလုံးမှာ USDP ပါတီက အနိုင်ရခဲ့တာပါ။

ဒုတိယမဲအများဆုံးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလည်း မဲမသမာမှုတွေအတွက် တိုင်တန်းသွားဖို့ရှိတဲ့အကြောာင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ဦးအက်စ်မာကမ် ပြောပြတာက
“ပြည်သူတွေကို ဖိအားပေးတာ၊ မဲဆွယ်တဲ့သဘောပေါ့။ ဘယ်ကို မဲပေးဖို့တော့ ပြောတာမဟုတ်ဘူး။ ဒါပေမယ့် ပြည်သူ့စစ်နဲ့ ပြည်ခိုင်ဖြိုးအတူတူပဲလေ။ ခရိုင်ကော်မရှင်ကို ကန့်ကွက်ထားတယ်။ အချက်အလက်တွေစုပြီး တိုင်ဖို့လည်း လုပ်နေပြီ” လို့ VOM ကို ပြောပါတယ်။

ရပ်ကွက်ကော်မရှင်ရုံးက ထုတ်ထားတဲ့ ပုံစံ၁၆ ကို မြို့နယ်ကို ရောက်တဲ့အချိန်မှာ မြို့နယ်ကော်မရှင်အတွင်းရေးမှုးကိုယ်တိုင် ခဲဖျက်နဲ့ပြင်ပြီးတော့ ဖြည့်စွက်တာတွေအပြင် မိုင်းဖြတ်မြို့နယ်အတွင်း မဲမသမာမှု ၂၀ ခန့်ရှိပြီး NLD ပါတီအနေနဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်တာအပြင် ရှေ့နေတွေနဲ့ တိုင်ပင်ပြီး အမှုဖွင့်ဖို့လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မိုင်းဖြတ်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁)မှာ မဲအများဆုံးရတဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ ဒုတိယမဲအများဆုံးရတဲ့ NLD ပါတီတို့ကြား မဲအရေအတွက် ၉၀၀၊ ၁၀၀၀ ခန့်ကွာပြီး ပြည်နယ်လွှတ်တော် အမှတ်(၂)မှာတော့ ၂၀၀ ကနေ ၃၀၀ လောက် ကွာတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲရလာဒ်တွေက တရားမမျှတတဲ့အတွက် တပ်မတော်နဲ့ UEC တို့ပေါင်းပြီး ရွေးကောက်ပွဲပြန်လုပ်ပေးဖို့ ပြည်ခိုင်ဖြိုးပါတီက နိုဝင်ဘာ ၁၁ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲအငြင်းပွားမှုတွေကို ဖြေရှင်းရေးအတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် ဖွဲ့စည်းပြီး ကြိုတင်မဲ ပယ်မဲတွေကို စစ်ဆေးပေးဖို့၊ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပြည်ပထောက်ပံ့ငွေ သုံးစွဲမှုရှိမရှိကို စစ်ဆေးပေးဖို့အချက်တွေကို ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီ ၁၆ ခုက နိုဝင်ဘာ ၁၁ရက်က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတွေကလည်း ရွေးကောက်ပွဲရလာဒ် အလိုမရှိကြောင်း နေပြည်တော်မှာ နိုဝင်ဘာ ၁၁ ရက်နဲ့ ၁၅ ရက်တွေက ဆန္ဒပြခဲ့ကြပါသေးတယ်။

#voiceofmyanmar #VOM #မိုင်းဖြတ် #မဲမသမာမှု

zawgy

မဲမသမာမႈေတြရွိတဲ့အေၾကာင္း မီဒီယာကိုေျပာတဲ့ ကိုယ္စားလွယ္ အမႈဖြင့္ခံရသလို မဲရလာဒ္အျငင္းပြားမႈရွိေနဆဲ

ႏိုဝင္ဘာ-၁၆-၂၀၂၀
ေဆြလင္းထြန္း( VOM)

ရွမ္းျပည္နယ္ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း လႈပ္ရွားေနတဲ့ နမ့္ယြန္းျပည္သူ႔စစ္အဖြဲ႕ဟာ ေ႐ြးေကာက္ပြဲေန႔က မဲဆႏၵရွင္ေတြကို ကားေတြနဲ႔ အႀကိဳအပို႔လုပ္ၿပီး မဲေပးခိုင္းတာရွိခဲ့တဲ့အတြက္ ျပည္နယ္လႊတ္ေတာ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(SNLD) ကိုယ္စားလွယ္ေလာင္း ဦးက်ေဖ့က သတင္းမီဒီယာကိုေျပာခဲ့တဲ့အတြက္ ျပည္သူ႔စစ္အဖြဲ႕က ဆက္သြယ္ေရးပုဒ္မ၆၆(ဃ) နဲ႔ အမႈဖြင့္ထားတယ္လို႔သိရပါတယ္။

ဦးက်ေဖ့က “ေ႐ြးေကာက္ပြဲေန႔က ေတာင္ေပၚေဒသမဲ႐ုံေတြကို က်ေနာ္ကိုယ္တိုင္သြားၾကည့္ေတာ့ ျပည္သူ႔စစ္ေခါင္းေဆာင္ကိုယ္တိုင္က မဲဆႏၵရွင္ေတြကို ကားနဲ႔အႀကိဳအပို႔လုပ္တာ ေတြ႕ရတယ္။ အဲ့ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေခတ္သစ္မီဒီယာက က်ေနာ့္ကို ေမးလာေတာ့အမွန္အတိုင္း ေျပာျပလိုက္တယ္။ အဲ့ဒါကို သူတို႔ ျပည္သူ႔စစ္ကို အသေရဖ်က္တယ္ဆိုလားမသိဘူး အမႈဖြင့္တယ္လို႔ က်ေနာ္ၾကားတယ္။ အမႈဖြင့္တဲ့လူကေတာ့ ျပည္သူ႔စစ္ေခါင္းေဆာင္ ဦးတီကိုရဲ႕ သားမက္ ရဲမင္းထူးလို႔ ရဲစခန္းကသိရတယ္” လို႔ ေျပာျပပါတယ္။

မိုင္းျဖတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္မွာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ရဲ႕ ကိုယ္ေရးအရာရွိေဟာင္းျဖစ္တဲ့ ဦးလင္းေဇာ္ထြန္းက ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP) ကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းက မဲဆႏၵနယ္ ၄ ခုလုံးမွာ USDP ပါတီက အႏိုင္ရခဲ့တာပါ။

ဒုတိယမဲအမ်ားဆုံးျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကလည္း မဲမသမာမႈေတြအတြက္ တိုင္တန္းသြားဖို႔ရွိတဲ့အေၾကာာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ကိုယ္စားလွယ္ေလာင္း ဦးအက္စ္မာကမ္ ေျပာျပတာက
“ျပည္သူေတြကို ဖိအားေပးတာ၊ မဲဆြယ္တဲ့သေဘာေပါ့။ ဘယ္ကို မဲေပးဖို႔ေတာ့ ေျပာတာမဟုတ္ဘူး။ ဒါေပမယ့္ ျပည္သူ႔စစ္နဲ႔ ျပည္ခိုင္ၿဖိဳးအတူတူပဲေလ။ ခ႐ိုင္ေကာ္မရွင္ကို ကန႔္ကြက္ထားတယ္။ အခ်က္အလက္ေတြစုၿပီး တိုင္ဖို႔လည္း လုပ္ေနၿပီ” လို႔ VOM ကို ေျပာပါတယ္။

ရပ္ကြက္ေကာ္မရွင္႐ုံးက ထုတ္ထားတဲ့ ပုံစံ၁၆ ကို ၿမိဳ႕နယ္ကို ေရာက္တဲ့အခ်ိန္မွာ ၿမိဳ႕နယ္ေကာ္မရွင္အတြင္းေရးမႈးကိုယ္တိုင္ ခဲဖ်က္နဲ႔ျပင္ၿပီးေတာ့ ျဖည့္စြက္တာေတြအျပင္ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း မဲမသမာမႈ ၂၀ ခန႔္ရွိၿပီး NLD ပါတီအေနနဲ႔ ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ကန႔္ကြက္တာအျပင္ ေရွ႕ေနေတြနဲ႔ တိုင္ပင္ၿပီး အမႈဖြင့္ဖို႔လည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

မိုင္းျဖတ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ အမွတ္(၁)မွာ မဲအမ်ားဆုံးရတဲ့ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ ဒုတိယမဲအမ်ားဆုံးရတဲ့ NLD ပါတီတို႔ၾကား မဲအေရအတြက္ ၉၀၀၊ ၁၀၀၀ ခန႔္ကြာၿပီး ျပည္နယ္လႊတ္ေတာ္ အမွတ္(၂)မွာေတာ့ ၂၀၀ ကေန ၃၀၀ ေလာက္ ကြာတယ္လို႔ သိရပါတယ္။

ေ႐ြးေကာက္ပြဲရလာဒ္ေတြက တရားမမွ်တတဲ့အတြက္ တပ္မေတာ္နဲ႔ UEC တို႔ေပါင္းၿပီး ေ႐ြးေကာက္ပြဲျပန္လုပ္ေပးဖို႔ ျပည္ခိုင္ၿဖိဳးပါတီက ႏိုဝင္ဘာ ၁၁ရက္ေန႔က သတင္းစာရွင္းလင္းပြဲျပဳလုပ္ၿပီး ေတာင္းဆိုခဲ့ပါတယ္။ ဒါ့အျပင္ ေ႐ြးေကာက္ပြဲအျငင္းပြားမႈေတြကို ေျဖရွင္းေရးအတြက္ လြတ္လပ္ေသာစုံစမ္းစစ္ေဆးေရးေကာ္မရွင္တရပ္ ဖြဲ႕စည္းၿပီး ႀကိဳတင္မဲ ပယ္မဲေတြကို စစ္ေဆးေပးဖို႔၊ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးအတြက္ ျပည္ပေထာက္ပံ့ေငြ သုံးစြဲမႈရွိမရွိကို စစ္ေဆးေပးဖို႔အခ်က္ေတြကို ျပည္ခိုင္ၿဖိဳးပါတီအပါအဝင္ ပါတီ ၁၆ ခုက ႏိုဝင္ဘာ ၁၁ရက္က ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုခဲ့ပါတယ္။ ျပည္ခိုင္ၿဖိဳးပါတီ ဝန္းရံသူေတြကလည္း ေ႐ြးေကာက္ပြဲရလာဒ္ အလိုမရွိေၾကာင္း ေနျပည္ေတာ္မွာ ႏိုဝင္ဘာ ၁၁ ရက္နဲ႔ ၁၅ ရက္ေတြက ဆႏၵျပခဲ့ၾကပါေသးတယ္။

#voiceofmyanmar #VOM #မိုင္းျဖတ္ #မဲမသမာမႈ

 

Related posts

Leave a Comment

VOM News

FREE
VIEW