ရာထူးကနေ ဆင်းပေးဖို့ ဒေါ်နယ်ထရန့် အရိပ်အယောင်ပြ

ဝါရှင်တန်၊ နိုဝင်ဘာ-၂၇-၂၀၂၀
မျိုးဆက်(VOM)

ဂျိုးဘိုင်ဒင်ကို ပြည်နယ်ကိုယ်စားပြုမဲတွေအရ နောက်တက်မယ့်သမ္မတအဖြစ် တရားဝင်အတည်ပြုပြီးပြီဆိုရင် အိမ်ဖြူတော်ကနေ ထွက်ခွာသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒေါ်နယ်ထရန့်ဟာ နိုဝင်ဘာ ၃ ရက်မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံဖို့ ငြင်းဆန်ထားပြီး အရှုံးကိုလက်ခံဖို့ ခဲယဉ်းမယ်လို့ နိုဝင်ဘာ ၂၆ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်ဆိုပြီး သက်သေအထောက်အထားမဲ့ ကြိမ်ဖန်များစွာ ထရန့်ကပြောဆိုခဲ့ပါတယ်။

မစ္စတာဘိုင်ဒင်ဟာ အမေရိကန်သမ္မတရွေးကောက်တင်မြောက်တဲ့ ပြည်နယ်ကိုယ်စားပြုမဲအရ မစ္စတာထရန့်ကို ၃၀၆ မဲ ၂၃၂ မဲနဲ့ အနိုင်ရရှိထားပါတယ်။

အဲ့ဒီမဲအရေအတွက်ဟာ သမ္မတအဖြစ်အနိုင်ရရှိဖို့လိုအပ်တဲ့ မဲ၂၇၀ ထက်များစွာ သာလွန်နေပြီး မစ္စတာဘိုင်ဒင်ဟာ ပေါ်ပြူလာမဲအရေအတွက်မှာလည်း ဒေါ်နယ်ထရန့်ထက် ခြောက်သန်းကျော် ပိုမိုရရှိထားပါတယ်။

သမ္မတအဖြစ်ယှဉ်ပြိုင်သူနှစ်ဦးဟာ တရားဝင်မဲရလဒ်အတည်ပြုမယ့် လာမယ့်လမှာ တွေ့ဆုံကြဖို့ရှိနေပြီး ဒီမိုကရက်တစ်ကိုယ်စားပြုယှဉ်ပြိုင်တဲ့ ဂျိုးဘိုင်ဒင်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကြိမ်ဆိုရမှာဖြစ်ပါတယ်။

လက်ရှိသမ္မတဒေါ်နယ်ထရန့်နဲ့ သူ့ကိုထောက်ခံသူတွေကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ တရားရင်ဆိုင်မှုတွေပြုလုပ်ခဲ့ကြပေမယ့် အများစုကတော့ ပယ်ချခံခဲ့ရပါတယ်။

Ref : BBC
Photo: AFP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW