အသက် ၆နှစ်အရွယ်မိန်းကလေးကို အဓမ္မကျင့် သတ်ဖြတ်ခဲ့သူကို ဖမ်းမိ

နိုဝင်ဘာ၂၉-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ လက်ပံတန်းမြို့ နယ်၊ သာရဝေါမြို့၊ ပျဉ်းကတိုးကုန်းအုပ်စု၊ ဦးတိုကျေးရွာက အသက် ၆ နှစ်ရွယ် မိန်းကလေးကို နိုဝင်ဘာလ၂၇ ရက်နေ့ညနေပိုင်းက အဓမ္မကျင့်သတ်ဖြတ်ခဲ့ပြီး နားကပ်ချွတ်ယူသွားသူကို အခင်းဖြစ်ပြီးနောက်တစ်နေ့မှာပဲ ပြန်လည်ဖမ်းဆီးရ
မိခဲ့တယ်လို့ သာရဝေါနယ်မြေရဲစခန်းက ပြောပါတယ်။

” ကလေးမလေးကို ပုဆိုးဖြဲပြီး ခြေနဲ့ပါးစပ်တွေကို တုပ်နှောင် မုဒိမ်းကျင့်ပြီးမှ သတ်ဖြတ်ခဲ့တာပါ။ သက်သေခံပစ္စည်းတွေ သိမ်းဆည်းနေပြီး ပြစ်မှုကျူးလွန်သူကို အလောင်းတွေ့ပြီး သိပ်မကြာခင် ဥတိုနေအိမ်ကပဲ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်”လို့ သာရဝေါနယ်မြေရဲစခန်းက ရဲအရာရှိတစ်ဦးကပြောပါတယ်။

နိုဝင်ဘာ၂၇ ရက် နေ့လယ်ပိုင်းက အသက် ၆နှစ်အရွယ် မိန်းကလေးဟာ အိမ်အနီးရှိ အိမ်နီးနားချင်းကလေးတွေနဲ့ဆော့ကစားနေချိန် ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ပြီးနောက်တစ်နေ့ နိုဝင်ဘာ ၂၈ရက်နေ့ မနက်ပိုင်းမှာ ခြံအလွတ်တစ်ခုကခြုံထဲမှာ သေဆုံးလျက်အနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ပြန်လည်တွေ့ရှိချိန်မှာတော့ နားမှာပန်ထားတဲ့ ရွှေနှားကပ်တစ်ရံလည်း ပျောက်ဆုံးခဲ့တာ
ဖြစ်တယ်လို့ ပျဉ်းကတိုးကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

အခုလို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သာရ‌ဝေါနယ်မြေရဲစခန်းမှာ (ပ)၁၂၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂/၃၇၆/၃၇၉ တို့နဲ့ဖမ်းဆီးအမှုဖွင့်စစ်ဆေး‌နေတယ်လို့ သိရပါတယ်။

Photo-သက်ခိုင်
#voiceofmyanmar #VOM #သာရဝေါ #အဓမ္မကျင့်သတ်သူ #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW