နိုဝင်ဘာ ၂၈-၂၀၂၀ သိင်္ဂီထွန်း (VOM) ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ RDT Test Kit နဲ့ စစ်ဆေးချိန် Negative တွေ့ရှိထားသူ ၂ဦးကို နောက်တစ်ကြိမ် swabယူပြီး NHL ပို့ စစ်ဆေးတဲ့အခါမှာတော့ ကိုဗစ်ပိုးရှိနေတာကို သိရှိရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁ ပတ်ကျော်လောက်က RDT နဲ့စစ်ဆေးခဲ့ချိန် Negative ထွက်ထားတဲ့ ၂ ဦးကို နိုဝင်ဘာ ၂၄ ရက်မှာ PCR နဲ့ စစ်ဆေးဖို့ ရန်ကုန်ကိုပေးပို့ခဲ့ရာမှာတော့ ကိုဗစ်ပိုးရှိနေကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့မှာ သိရှိခဲ့ရတာကြောင့် မနေ့ကချက်ခြင်း ပေါက်ခေါင်းဆေးရုံကိုပို့ဆောင်ပြီး ကျန်းမာရေးကုသမှုပေးနေရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် RDT Test Kit နဲ့ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးမှုဟာ စိတ်ချရမှုမရှိတဲ့အခြေအနေဖြစ်နေတာလား၊ ဒါမှမဟုတ် စစ်ဆေးမှုတွေ နည်းစနစ်မကျဖြစ်နေတာလားဆိုတဲ့ ပြည်သူတွေရဲ့ စိုးရိမ်စိတ်အပေါ်…
Read MoreMonth: November 2020
ပျောက်ဆုံးသွားတဲ့ ၆နှစ်အရွယ် မိန်းကလေး အသတ်ခံထားရတဲ့ လက္ခဏာတွေနဲ့ ပြန်တွေ့
နိုဝင်ဘာ ၂၈-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သာရဝေါမြို့၊ ပျဉ်းကတိုးကုန်းအုပ်စု၊ ဦးတိုကျေးရွာမှာနေတဲ့ ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး မနေ့ နိုဝင်ဘာ ၂၇ရက်နေ့ နေလယ်ပိုင်းကပျောက်ဆုံးခဲ့ပြီး ဒီကနေ့မနက်ပိုင်းက အသတ်ခံထားရတဲ့ လက္ခဏာတွေနဲ့ ပြန်တွေ့ခဲ့ရတယ်လို့ ကူညီရှာဖွေပေးနေကြသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ” မနက်က ကလေးအလောင်းပြန်တွေ့ခဲ့ချိန် လည်းပင်းနဲ့နှာခေါင်းနေရာတွေမှာ ကြိုးနဲ့ရစ်ပတ်ချည်နှောင်ထားတဲ့ အနေအထားမျိုးတွေ့ရတယ်။ လက်ရှိ သာရဝေါစခန်းမှာ လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်”လို့ လိုက်လံကူညီပေးနေသူတစ်ဦးက ပြောပြပါတယ်။ မနေ့ နိုဝင်ဘာ၂၇ ရက်နေ့က ပျောက်ဆုံးသွားတဲ့ အသက် ၆ နှစ်အရွယ်မိန်းကလေးကို ဒီကနေ့ မနက် ၉ နာရီခန့်က သူနေထိုင်ရာ နေအိမ်ခြံအနီး ခြံအလွတ်တစ်ခုမှာ သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ပြန်လည်တွေ့ရှိချိန်မှာတော့ ၆နှစ်အရွယ် အမျိုးသမီး ပန်ထားတဲ့ ရွှေနှားကပ်တစ်ရံလည်း ပျောက်ဆုံးနေတယ်လို့ ပျဉ်းကတိုးကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ ” လက်တလောမှာ…
Read Moreဆောင်းသီးနှံထုတ်ချေးမှုမှာ လယ်သမားအချို့ ချေးငွေမရတဲ့အတွက် စိုက်ပျိုးစရိတ်အခက်အခဲဖြစ်နေ
နိုဝင်ဘာ ၂၈-၂၀၂၀ သိင်္ဂီထွန်း (VOM) တောင်သူတွေကို ဆောင်းသီးနှံချေးငွေ ထုတ်ချေးရာမှာ အမှန်တကယ်သီးနှံစိုက်ပျိုးတဲ့ လယ်သမားတချို့ ချေးငွေမရရှိတာကြောင့် စိုက်ပျိုးစရိတ် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်အတွက် ဆောင်းသီးနှံ ချေးငွေ ထုတ်ချေးမှုကို အရင်၂၀၁၉ ခုနှစ်က ထုတ်ချေးခဲ့တဲ့ လယ်ဧကတွေအတိုင်းသာ တိုင်းအဆင့်က ရံပုံငွေ ချထားပေးတာကြောင့် အရင်နှစ်ကတည်းက ချေးငွေမရှိခဲ့လို့ ထပ်တိုးတင်ပြလာတဲ့ တောင်သူတချို့ဟာ အခုနှစ်မှာလည်း ချေးငွရရှိဖို့ မသေချာဘူးလို့ သိရပါတယ်။ ” ပဲတွေ စလုပ်ရပြီဆိုတဲ့ အချိန်ထဲက မတ်ပဲစိုက်လာတာ အခုထိပဲ။ ဆောင်းသီးနှံ ချေးငွေမရဖူးဘူး။ မနှစ်ကမရတော့ ဒီနှစ်မှာ ချေးငွေရဖို့ ပြောထားတယ်။ ဒါကို ပြီးခဲ့တဲ့ တန်ခူးလမှာ သူ့ကိုထပ်လာပြောဖို့ပြောပြီး ကြားထဲမှာ ဘာမှထပ်မပြောတော့ အဆင်ပြေပြီထင်ခဲ့တာ။ အခု ပိုက်ဆံထုတ်ချေးမယ်ဆိုတော့မှ နာမည်က ပါမလာပြန်ဘူး။ သူပြောတဲ့ တန်ခူးလမှာ သွားပြီးမပြောဖြစ်တဲ့အချက်ပဲရှိတယ်။ အားလုံးကပြောပြီးသား။…
Read Moreထိုင်ဝမ်ပါလီမန်မှာ လွှတ်တော်အမတ်တွေအကြား ဝက်အူ၊ ဝက်သည်းတွေနဲ့ ပစ်ပေါက်ပြီး ရိုက်နှက်မှုတွေဖြစ်
တိုင်ပေ၊ နိုဝင်ဘာ-၂၈-၂၀၂၀ မျိုးဆက် (VOM) ထိုင်ဝမ်သို့ အမေရိကန်က ဝက်သားတင်သွင်းမှုကို ဖြေလျှော့ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး တင်းမာမှုတွေရှိနေချိန်မှာ ပါလီမန်မှာဆွေးနွေးကြရင်း လွှတ်တော်အမတ်တွေအကြား ဝက်အူ၊ ဝက်သည်းတွေနဲ့ပစ်ပေါက်ပြီး အပြန်အလှန် ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့ကြပါတယ်။ ထိုင်ဝမ်နဲ့ ဥရောပသမဂ္ဂတို့မှာ ရာကုပ်တမင်းအသုံးပြုထားတဲ့ ဝက်သားတွေကို ပိတ်ပင်တားမြစ်ထားရာကနေ ပြန်လည်ခွင့်ပြုလိုက်တဲ့ ထိုင်ဝမ်အစိုးရရဲ့ မကြာသေးမီက ဆုံးဖြတ်ချက်ဟာ ကျန်းမာရေးအပေါ် ခြိမ်းခြောက်မှုတစ်ရပ်လို့ အတိုက်အခံလွှတ်တော်အမတ်တွေက ပြောပါတယ်။ အဲဒီစွပ်စွဲချက်တွေကို အာဏာရပါတီကတော့ ငြင်းဆိုလိုက်ပြီး ဆင်ခြင်တုံတရားရှိရှိ ဆွေးနွေးငြင်းခုံကြဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ထိုင်ဝမ်ပါလီမန်မှာတော့ လွှတ်တော်အမတ်တွေအကြား ဒီလိုအချင်းများမှုတွေဟာ အထူးအဆန်းတော့ မဟုတ်လှပါဘူး။ သောကြာနေ့မှာတော့ ဝန်ကြီးချုပ် ဆုဆိန်ချန်း ပါလီမန်မှာ မေးခွန်းတွေလာ ရောက်ဖြေကြား တာမပြုလုပ်နိုင်အောင်လို့ ထိုင်ဝမ်အဓိက အတိုက်အခံ ကူမင်တန်ပါတီက လွှတ်တော်အမတ်တွေက ဝက်အူတွေနဲ့ ပစ်ပေါက် တားဆီးခဲ့ပါတယ်။ ကူမင်တန်ပါတီက လွှတ်တော်အမတ်တွေနဲ့ အခြားပါတီငယ်တစ်ခုမှ လွှတ်တော ်အမတ် တစ်ဦးတို့အကြားမှာလည်း…
Read Moreကုန်တင်ရေယာဉ်တွေ ခရီးသည်တင်ပြီး ပြေးဆွဲရင် ရှောင်တခင်စစ်ဆေးပြီး ဖမ်းမယ်
နိုဝင်ဘာ ၂၈-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ပြေးဆွဲနေတဲ့ ကုန်တင်ရေယာဉ်တွေဟာ ကုန်ပစ္စည်းတွေအပြင် ခရီးသည်တွေကိုပါ တင်ဆောင်ပြေးဆွဲနေတာကြောင့် ရေယာဉ်စီစစ်ရေးအဖွဲ့က ရှောင်တခင် လိုက်လံစစ်ဆေးပြီး ဖမ်းဆီးအရေးယူတော့မှာဖြစ်တယ်လို့ ကလေးဝမြို့ ပုဂ္ဂလိကပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ(ရစက)ဆီကနေ သိရပါတယ်။ ” ကုန်တင်ရေယာဉ်တွေဟာ ခရီးသည် တင်ဆောင်ပြေးဆွဲလို့ မရဘူး၊ ဥပဒေကလည်း ခွင့်ပြုမထားဘူး၊ ခရီးသည်တင် ရေယာဉ်တွေဟာလည်း ခရီးသည်နဲ့အတူ ကုန်စည်တွေ တင်ဆောင်ပြေးဆွဲလို့ မရဘူး၊ ရေယာဉ်တွေကို ရှောင်တခင် လိုက်လံစစ်ဆေးပြီး စည်းကမ်းပျက်တာတွေ့ရင် ရဲစခန်းမှာ အမှုဖွင့်အရေးယူမှာဖြစ်တယ်”လို့ ရေယာဉ်စစ်ဆေးရေး အဖွဲ့ဝင် ဦးဇော်လင်းထိုက်က ပြောပါတယ်။ မြင်းကောင်ရေ ၂၀ စက်တပ်ရေယာဉ် ကုန်တင် ၂ စီးဟာ ခရီးသည်တွေ တင်ဆောင်ပြေးဆွဲလာတာကို မနေ့ နိုဝင်ဘာ ၂၇ ရက်က ရေယာဉ်စစ်ဆေးရေးအဖွဲ့က တွေ့ခဲ့ရလို့ ရေယာဉ်ပိုင်ရှင်တွေကို…
Read Moreကမ္ဘာပေါ်မှာ ပထမဆုံးစူဠာမဏိပတ္တမြားစေတီ ကရင်ပြည်နယ်မှာ တည်ထားကိုးကွယ်မယ်
နိုဝင်ဘာ ၂၈-၂၀၂၀ သူရိန်(VOM) ကမ္ဘာပေါ်မှာ ပထမဆုံးစူဠာမဏိပတ္တမြားစေတီကို ကရင်ပြည်နယ်မှာ တည်ထားကိုးကွယ်မယ်လို့ ကမ္ဘာလုံးကျောင်းတိုက် အနန္တမေတ္တာအခမဲ့ဆေးခန်း ဦးဆောင်ဆရာတော် ဥုးဝါသေဌက မိန့်ကြားပါတယ်။ ” ဦးဇင်း ကရင်ပြည်နယ်မှာ ပတ္တမြားစေတီတည်မှာပါ၊ အကောင်အထည်စဖော်တာကတော့၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၀ ရက်ကတည်းကပါ။ အခုဆိုရင်တစ်ဆယ်မှာဆိုရင် နှစ်ရာခိုင်နှုန်းလောက်တော့ပြီးနေပြီ၊ သူက အသေးစိတ်လက်ဝင်တာကိုး၊ အခုတော့ တော်တော်များများ မတည်ထားတယ်။ ကျောက်တွေကတော့ စေတီတစ်ဆူစာ ပြည့်စုံသလောက်ဖြစ်နေပြီ။ ပတ္တမြားစေတီကတော့ ကမ္ဘာမှာ ဒီတစ်ဆူပဲရှိမယ်၊ မန္တလေးမှာတော့ကျောက်စိမ်းစေတီရှိတယ်။ ကျောက်တွေကို နားကပ်ပုံစံမျိူးလုပ်ပြီးတော့ စေတီမှာစွန့်မယ်၊ ဦးဇင်းတို့ရွှေတိဂုံဘုရားမှာရွှေဆိုင်းကပ်သလို အဲ့ဒီလိုမျိူး နားကပ်တို့ လက်ကောက်တို့ လက်စွပ်တို့လုပ်ပြီးတော့မှ စေတီမှာကပ်မှာလေ”လို့ ကမ္ဘာလုံးကျာင်းတိုက်အနန္တမေတ္တာအခမဲ့ဆေးခန်းဦးဆောင်ဆရာတော် ဥုးဝါသေဌက ကမိန့်ကြားပါတယ်။ စူဠာမဏိပတ္တမြားစေတီကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရတနာဒီပ အမှတ်-၉ ရပ်ကွက်၊ ရှင်ဖြူရှင်လမ်းရှိ ကမ္ဘာလုံးကျာင်းတိုက်အတွင်းမှာ အနန္တမေတ္တာအခမဲ့ဆေးခန်းဦးဆောင်ဆရာတော် ဥုးဝါသေဌက တည်ထားကိုးကွယ်မှာဖြစ်ပါတယ်။ စေတီရဲ့ ဉာဏ်တော်ဟာ…
Read Moreထိပ်တန်းနျူးကလီးယားပညာရှင် လုပ်ကြံသတ်ဖြတ်ခံရမှု လက်တုံ့ပြန်သွားမယ်လို့ အီရန်ကတိပြု
တီဟီရန်၊ နိုဝင်ဘာ ၂၈-၂၀၂၀ မျိုးဆက်(VOM) အီရန်နိုင်ငံ မြို့တော်တီဟီရန်အနီးမှာ ထိပ်တန်းနျူကလီးယားပညာရှင် မို့ဆန်ဖာခရီဇာဒက်ကို နိုဝင်ဘာ ၂၇ ရက်က လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာနဲ့ပတ်သက်ပြီး လက်တုံ့ပြန်သွားမယ်လို့ အီရန်က ကတိပြုပြောဆိုလိုက်ပါတယ်။ ဒမ်မက်ဗန့်ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတစ်ခုပြီးနောက် အီရန်နျူးကလီးယားပညာရှင် ဖာခရီဇာဒက်ဟာ ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို မိုးကြိုးပစ်သလိုမျိုးပုံစံမျိုးနဲ့ကို လက်တုံ့ပြန်သွားမယ်လို့ အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီရဲ့ စစ်ရေးအကြံပေးဖြစ်သူ ဟူစိန်ဒက်ဂန်က အခိုင်အမာဆိုပါတယ်။ သေဆုံးသူ နျူကလီးယားပညာရှင် ဖာခရီဇာဒက်ဟာ အီရန်နျူကလီးယားအစီအစဉ်ရဲ့ နောက်ကွယ်မှ အဓိကကြိုးကိုင်သူလို့ အနောက်အုပ်စုထောက်လှမ်းရေးအသိုင်းအဝိုင်းက ယုံကြည်ထားပါတယ်။ အီရန်ကတော့ သူရဲ့နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းရေးရည်ရွယ်ချက်သာရှိတယ်လို့ ဆိုထားပါတယ်။ လုပ်ကြုံသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အကြမ်းဖက်လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်က တောင်းဆိုလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကို အစ္စရေးကကျူးလွန်ခဲ့တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆိုထားပြီး ဒီကိစ္စမှာ အစ္စရေးရဲ့အခန်းကဏ္ဍ အလေးအနက်ထုတ်ဖော်ပြောဆိုနေပါတယ်။ အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ်ကပြုလုပ်တဲ့…
Read Moreလားရှိုးမြို့တွင်းကို ကျန်းမာရေးစစ်ဆေးမှုမခံဘဲ ခိုးဝင်လာသူတွေကို ဘေးစီမံဥပဒေနဲ့အမှုဖွင့်
နိုဝင်ဘာ၂၈-၂၀၂၀ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ်၊ လားရှိူးမြို့နယ်၊ မယ်ဟန်Covid-19 စစ်ဆေးရေးဂိတ်ကိုရှောင်ကွင်းကာ ကျန်းမာရေးစစ်ဆေးမှုမခံယူဘဲ ခိုးဝင်လာသူ ၆ ဦးနဲ့ တရားမဝင်ခေါ်ဆောင်လာသူ ၄ ဦးကို ဘေးစီမံအက်ဥပဒေတွေနဲ့ အမှုဖွင့်လှစ်အရေးယူမယ်လို့ လားရှိူးမြို့မရဲစခန်းမှူး ဒု-ရဲမှူး မြင့်ကျော်က ပြောပြပါတယ်။ ” အခုသူတို့ကို RDT စနစ်နဲ့ ရောဂါပိုးရှိ၊မရှိ စစ်ဆေးနေပါတယ်။ သီပေါနဲ့တောင်ကြီးဘက်ကနေ ခိုးဝင်လာကြတာဖြစ်ပြီး ခေါ်လာသူတွေနဲ့ ခိုးဝင်သူအားလုံးကို ဘေးစီမံအက်နဲ့အမှုဖွင့်နေပါပြီ”လို့ ဒု-ရဲမှူးမြင့်ကျော်ကပြောပါတယ်။ နိုဝင်ဘာ၂၇ ရက်နေ့ ည ၇ နာရီ ကျော်ခန့်က လားရှိုးမြို့နယ်အဝင် မယ်ဟန်ကျန်းမာရေးစစ်ဆေးရေးဂိတ်ကိုရှောင်ကွင်းကာ ခိုးဝင်ပေါက်အချို့ကနေ ရုတ်တရက်ဝင်ရောက်လာတဲ့ အမျိုးသား ၃ ဦး၊အမျိုးသမီး ၃ ဦးနဲ့ အခကြေးငွေယူပြီး ခိုးသွင်းလာတဲ့ အမျိုးသား ၄ ဦးစုစုပေါင်း ဆယ်ဦးကို မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်နှစ်စီးနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ လားရှိုးမြို့နယ် ကိုဗစ်ရောဂါ ကာကွယ်၊ထိန်းချုပ်ကုသရေးနဲ့အရေးပေါ်တုန့်ပြန်ရေးဆပ်ကော်မတီအဖွဲ့ကနေ သိရပါတယ်။ သီပေါနဲ့တောင်ကြီးမြို့တွေက…
Read Moreအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို မကျေနပ်လို့ အိန္ဒိယလယ်သမားတွေ အကြီးအကျယ်ဆန္ဒပြ
ဒေလီ၊ နိုဝင်ဘာ-၂၇-၂၀၂၀ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှ လယ်သမားထောင်ပေါင်းများစွာဟာ သူတို့ရဲ့အကျိုးစီးပွားနဲ့ ဆန့််ကျင်နေတဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆန္ဒပြဖို့မြို့တော်ဒေလီသို့ ချီတက်နေကြပါတယ်။ လယ်သမားတွေဟာ နိုဝင်ဘာ ၂၆ ရက်က အိမ်နီးချင်း ဟာရီယားနာပြည်နယ်ကို ဖြတ်သန်းချိန်မှာတော့ အတားအဆီးတွေကို ဖယ်ရှားဖြတ်ကျော်ခဲ့တာကြောင့် ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒေလီမြို့မှာတော့ လုံခြံရေးအထူးတင်းကြပ်ထားပြီး ပို့ဆောင်ရေးလုပ်ငန်းတွေပါ အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။ လယ်ယာကဏ္ဍမှာ ပုဂ္ဂလိကလုပ်ကိုင်သူတွေကို လမ်းဖွင့်ပေးထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် လယ်သမားတွေအတွက် ထိခိုက်နစ်နာမယ်ဆိုတဲ့ ဝေဖန်မှုတွေကို အိန္ဒိယအစိုးရက ငြင်းဆိုထားပါတယ်။ ဒေလီနယ်စပ်ဖြစ်တဲ့ ဟာရီယားနားပြည်နယ်ကို ရောက်ရှိနေတဲ့ ဆန္ဒပြလယ်သမားတွေဟာ ငါးသောင်းလောက်ရှိတယ်လို့ လယ်သမားအဖွဲ့နှစ်ဖွဲ့ နိုဝင်ဘာ ၂၇ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒေလီ-ဟာရီယားနားနယ်စပ်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့က ဒရုန်းကင်မရာတွေ ဖြန့်ကြက်ထားတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။ ရဲတပ်ဖွဲ့ဟာ မီးသတ်ပိုက်တွေနဲ့ ဆန္ဒပြသူတွေကို တားဆီးဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဟာရီယားနားပြည်နယ်ရှိ…
Read Moreရာထူးကနေ ဆင်းပေးဖို့ ဒေါ်နယ်ထရန့် အရိပ်အယောင်ပြ
ဝါရှင်တန်၊ နိုဝင်ဘာ-၂၇-၂၀၂၀ မျိုးဆက်(VOM) ဂျိုးဘိုင်ဒင်ကို ပြည်နယ်ကိုယ်စားပြုမဲတွေအရ နောက်တက်မယ့်သမ္မတအဖြစ် တရားဝင်အတည်ပြုပြီးပြီဆိုရင် အိမ်ဖြူတော်ကနေ ထွက်ခွာသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ နိုဝင်ဘာ ၃ ရက်မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံဖို့ ငြင်းဆန်ထားပြီး အရှုံးကိုလက်ခံဖို့ ခဲယဉ်းမယ်လို့ နိုဝင်ဘာ ၂၆ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်ဆိုပြီး သက်သေအထောက်အထားမဲ့ ကြိမ်ဖန်များစွာ ထရန့်ကပြောဆိုခဲ့ပါတယ်။ မစ္စတာဘိုင်ဒင်ဟာ အမေရိကန်သမ္မတရွေးကောက်တင်မြောက်တဲ့ ပြည်နယ်ကိုယ်စားပြုမဲအရ မစ္စတာထရန့်ကို ၃၀၆ မဲ ၂၃၂ မဲနဲ့ အနိုင်ရရှိထားပါတယ်။ အဲ့ဒီမဲအရေအတွက်ဟာ သမ္မတအဖြစ်အနိုင်ရရှိဖို့လိုအပ်တဲ့ မဲ၂၇၀ ထက်များစွာ သာလွန်နေပြီး မစ္စတာဘိုင်ဒင်ဟာ ပေါ်ပြူလာမဲအရေအတွက်မှာလည်း ဒေါ်နယ်ထရန့်ထက် ခြောက်သန်းကျော် ပိုမိုရရှိထားပါတယ်။ သမ္မတအဖြစ်ယှဉ်ပြိုင်သူနှစ်ဦးဟာ တရားဝင်မဲရလဒ်အတည်ပြုမယ့် လာမယ့်လမှာ တွေ့ဆုံကြဖို့ရှိနေပြီး ဒီမိုကရက်တစ်ကိုယ်စားပြုယှဉ်ပြိုင်တဲ့ ဂျိုးဘိုင်ဒင်ဟာ ဇန်နဝါရီ ၂၀…
Read More