ကိုဗစ်ကြောင့် ရွှေတိဂုံဘုရားလာဖူးတဲ့ နိုင်ငံခြားသားဝင်ငွေ တစ်ရက်ကို သိန်း ၂၅၀ခန့် နစ်နာနေရ 

ဒီဇင်ဘာ ၂-၂၀၂၀
ယဉ်ပပထွန်း ( VOM )
ရန်ကုန်မြို့မှာရှိနေတဲ့ ရွှေတိဂုံဘုရားကို ကိုဗစ်ရောဂါကြောင့် ပိတ်ထားရာတဲ့အတွက် ဘုရားလားဖူးတဲ့ နိုင်ငံခြားသားဝင်ငွေ သိန်း ၂၅၀နီးပါး နစ်နာနေတယ်လို့ ဦးသန်းဇော် ရွှေတိဂုံဘုရားဂေါပကအဖွဲ့ဝင်၊ ပြန်ကြားရေးတာဝန်ခံ ဦးသန်းဇော်က VOMကိုပြောပါတယ်။
“ နိုင်ငံခြားသားဝင်ရင် တစ်ယောက်ကို မြန်မာငွေ တစ်သောင်းပေးရတယ် ။ ဘုရားဝင်ကြေးပေးရတယ်။  တနေ့ တနေ့ကို  နိုင်ငံခြားသား ၂၀၀၀ ကနေ ၄၀၀၀ အထိဝင်တယ် အချိန်ပေါ်မှာ မူတည်ပြီးတော့ ။တိုးရစ်ရာသီဆိုရင် ၄၀၀၀ အထိဝင်တယ် ။ တစ်ရက်ကို လူဦးရေ ၂၅၀၀ နဲ့ တွက်ရင် သိန်း ၂၅၀ လောက်နစ်နာနေပြီပေါ့ “ လို့ ဦးသန်းဇော်က ပြောပါတယ်။
ဒါ့အပြင် ဘုရားကြီးရဲ့ဝင်ငွေဟာ ကားဝင်ကြေး ၊ ဓာတ်ပုံကန်ထရိုက် ၊ ဆိုင်ခန်းခ ၊ ငှက်ပျောပွဲအုန်းပွဲတွေကရရှိပြီး အခုလက်ရှိမှာတော့ ဘုရားကြီးရဲ့ ဝင်ငွေတွေကိုလည်း ဘဏ်မှာ အပ်ထားတာတယ်လို့ သိရပါတယ်။
“ ကိုဗစ်ကာလအတွင်း ဘုရားကို အလှူရှင်တွေက လာလှူကြတာ သိန်းရာကျော်ရနေပါပြီ။ သိန်းဘယ်လောက်ရာကျော်ဆိုတာကိုတော့ မမှတ်မိပါဘူး ။ အလှူငွေက မှားပြေားလိုက်ရင်မကောင်း ဘူး ဒါကြောင့် အတိအကျမပြောနိုင်တာပါ“ လို့ ၎င်းကပြောပါတယ်။
ဒါအပြင် ရွှေတိဂုံဘုရား ရင်ပြင်တော်ပြုပြင်မှုတွေ ဘုရားငယ်တွေကို ရွှေချတာတွေ သန့်ရှင်း ရေးလုပ်ဆောင်နေမှုတွေက နေ့စဉ်ပြုလုပ်နေတယ်လို့လည်း သိရပါတယ် ။
“ အောက်မှာ ကျောက်ပြားခင်းတာရှိတယ်  ။ဘုရားပေါ်မှာ မျက်နှာကျက်တွေအကုန်လုံး ပြင်ဆင်နေတာတွေရှိတယ် ။ နောက်ဘုရားတွေကို ရွှေချနေတာတွေရှိတယ် ။ အများကြီးလုပ်ထားတယ် သန့်ရှင်းရေးအနေနဲ့လည်း ဘာမှပြောစရာမရှိအောင် အပေါ်မှာ အကုန်လုံးလုပ်ထားပါတယ်။ အဲ့ဒါတွေကတော့ ပုံမှန်လုပ်နေတဲ့ ဝန်ထမ်းတွေ၊ မနက်ပိုင်းလာပြီးတော့ လုပ်ဆောင်ပါတယ် ။ လစ်ဟာမှုမရှိအောင် လုပ်ဆောင်ထားပါတယ် “ လို့ ဦးသန်းဇော်က ပြောပါတယ် ။
မြန်မာနိုင်ငံမှာ ကိုဗစ်စတင်တွေ့ရှိပြီးတဲ့ နောက်မှာတော့ ရွှေတိဂုံဘုရားကို ဧပြီ ၁၀ ရက်နေ့ကနေ ဒီကနေ့အချိန်ထိ ပိတ်ထားတာ ဖြစ်ပြီး ရန်ကုန်တိုင်းမှာ ကိုဗစ်ကူးစက်ခံရသူ ဒီကနေ့ ညနေပိုင်းအထိ ၆၇၄၅၆ ဦး ရှိပြီဖြစ်ပါတယ်။
#voiceofmyanmar #VOM #ရန်ကုန် #ရွှေတိဂုံဘုရား

Related posts

Leave a Comment

VOM News

FREE
VIEW