Pfizer/BioNTech ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဗြိတိန်မှာ စတင်အသုံးပြုတော့မယ်

လန်ဒန်၊ ဒီဇင်ဘာ-၂-၂၀၂၀
မျိုးဆက် (VOM)

ဗြိတိန်နိုင်ငံဟာ Pfizer/BioNTech ကုမ္ပဏီတို့ကထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့အတွက် ခွင့်ပြုချက်ပေးလိုက်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။

ကိုဗစ်-၁၉ ရောဂါကို ၉၅ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်တဲ့ အဲဒီကာကွယ်ဆေးဟာ လာမည့်သီတင်းပတ်မှာဖြန့်ချီဖို့အတွက် ဘေးကင်းလုံခြုံမှုရှိတယ်လို့ ဗြိတိန်ကျန်းမာရေးတာဝန်ရှိသူတွေက ဆိုပါတယ်။

စောင့်ရှောက်ရေးဂေဟာတွေမှာရှိတဲ့ သက်ကြီးရွယ်အိုတွေလိုမျိုး အထိခိုက်မခံသူတွေအတွက် လာမယ့်ရက်အနည်းငယ်အတွင်း ကာကွယ်ဆေးထိုးနိုင်တော့မှာဖြစ်ပါတယ်။

ဗြိတိန်ဟာ အဲ့ဒီကာကွယ်ဆေးကို အလုံးရေ သန်း ၄၀ ကြိုတင်မှာယူထားပြီး လူသန်း ၂၀ စာအတွက် ကာကွယ်ဆေးထိုးဖို့ လုံလောက်မှာဖြစ်ပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်း ကာကွယ်ဆေးပထမအသုတ် အလုံးရေ ရှစ်သိန်းနဲ့အတူ မကြာခင်မှာ ဆေးအလုံးရေ ၁၀ ဗြိတိန်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။

ကာကွယ်ဆေးတစ်မျိုး အောင်မြင်စွာထုတ်လုပ်နိုင်ဖို့မှာ ယခင်ကာလတွေမှာ ပုံမှန်အားဖြင့် ဆယ်စုနှစ်ကြာ ဖန်တီးခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို စမ်းသပ်အဆင့်ကနေ လက်တွေ့အသုံးပြုနိုင်ဖို့ အချိန် ၁၀ လသာ အချိန်ယူခဲ့ကြပါတယ်။

Ref : BBC
Photo: PA Media
#voiceofmyanmar #VOM #လန်ဒန် #ကိုဗစ်ကာကွယ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW