လှိုင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းမှူး နဲ့ ရဲအုပ်တစ်ဦး ကိုဗစ်ကူးစက်ခံရ

ဒီဇင်ဘာ ၄-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းမှူး နဲ့ ရဲအုပ်တစ်ဦး ဒီဇင်ဘာ ၄ရက်က
Test Kit နဲ့စစ်ဆေးရာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ လှိုင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းကနေ သိရပါတယ်။

” စခန်းမှုးနဲ့ ရဲအုပ်တစ်ယောက်ကူးတာပါ၊ အခု ရိုးမရိပ်သာကုသရေးစင်တာကို ပို့ဆောင်ကုသနေတယ် “လို့ လှိုင်သာယာ(အရှေပိုင်း)မြို့နယ် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်မင်းသူက VOMကိုပြောပါတယ်။

လှိုင်သာယာအရှေပိုင်းမြို့နယ်ရဲစခန်းက စခန်းမှူး ဒု-ရဲမှူး နဲ့ ရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်သား (၄)ဦးတို့ဟာ ကယားပြည်နယ်ကို လုပ်ငန်းတာဝန်နဲ့ ခေတ္တသွားရောက်ရမှာဖြစ်တဲ့အတွက် ကိုဗစ်-၁၉ရောဂါကင်းစင်ကြောင်းထောက်ခံစာရယူဖို့ ဒီဇင်ဘာ ၄ရက်က
Quarantine Centerမှာ Test Kidနဲ့စစ်ဆေးခဲ့ချိန် ဒု-ရဲမှူး နဲ့ ရဲအုပ်တစ်ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

ကျန်ရဲတပ်သားတွေမှာတော့ ရောဂါပိုး မတွေ့ရှိခဲ့ရဘူးလို့ လှိုင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကိုဗစ်ကူးစက်ခံရတဲ့ စခန်းမှူး နဲ့ Primary Contact ဖြစ်တဲ့ ရဲတပ်သား(၂)ဦး၊ စခန်းမှူးရဲ့ ဇနီးဖြစ်သူနဲ့ ရဲအုပ်ရဲ့ Primary Contact ဖြစ်သူ ဇနီးဖြစ်သူတို့ိကို Test Kid နဲ့ စစ်ဆေးရာမှာတော့ ကိုဗစ်၁၉ ရောဂါပိုး မတွေ့ရှိခဲ့ဘူးလို့ သိရပါတယ်။

လှိုင်သာယာမြို့နယ်မှာ ၂၀၂၀၊ ဒီဇင်ဘာလ ၄ရက်၊ ည၇နာရီအချိန်ထိ ကိုဗစ်ကူးစက်ခံရသူဦးရေ ၄၀၀၆ ဦးရှိနေပြီးဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar VOM #လှိုင်သာယာ #စခန်းမှူး #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW