အဖွဲ့အစည်းတချို့ရဲ့ ဆက်ကြေးကောက်၊ ပြန်ပေးဆွဲနေတာတွေကို ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံစာထုတ်ပြန်

ဒီဇင်ဘာ ၅-၂၀၂၀ မောင်တာရာ (VOM) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အဖွဲ့အစည်းအချို့မှ ဆက်ကြေးကောက်တာနဲ့ ပြန်ပေးဆွဲတာတွေကို ပြုလုပ်နေတဲ့အပေါ် ရပ်တန့်ပေးဖို့အတွက် မိုးကုတ်မြို့နယ်လုံးဆိုင်ရာ မြို့မိမြို့ဖအဖွဲ့က ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ မေတ္တာရပ်ခံစာထုတ်ပြန်ခဲ့ပါတယ်။ မိုးကုတ်မြို့ဟာ တိုင်းရင်းသားလူမျိုးပေါင်စုံ စုစည်းညီညွတ်စွာ စုပေါင်းနေထိုင်တဲ့ မြို့တမြို့ဖြစ်ပြီး ကျောက်မျက်လုပ်ငန်းအပေါ်မှာ မှီခိုပြီး အသက်မွေးဝမ်းကြောင်းပြုနေရပေမယ့်လည်း ကျောက်မျက်တရားဝင်တူးဖော်မှုမှာ ရပ်တန့်သလောက်နီးပါးဖြစ်နေတယ်လို့ မေတ္တာရပ်ခံစာမှာပါရှိပါတယ်။ နှစ်( ၈၀၀)ပွဲတော် ကျင်းပပြီး ပြည်တွင်းပြည်ပ ခရီးသွားတွေကို ဆွဲဆောင်ကာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ကြိုးစားနေတဲ့ အခိုက်အတန့်ဖြစ်တဲ့အတွက် အခုအခါ အဖွဲ့အစည်းအချို့က စာပို့ခြင်း၊ဆက်ကြေးကောက်ခြင်း၊ပြန်ပေးဆွဲခြင်းတွေ ပြုလုပ်တာတွေက သက်ဆိုင်ရာ လူအဖွဲ့အစည်းကို စိုးရိမ်ပူပန်ကြောင့်ကြမှုတွေ ဖြစ်စေတဲ့အတွက် အဲ့ဒီလို ပြုလုပ်တာတွေကို ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံစာ ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ”မည်သည့်အဖွဲ့ ဖြစ်ပါစေ ငြိမ်းချမ်းနေတဲ့ မိုးကုတ်မြို့အေးချမ်းမှုကို ပြန်ရချင်တယ်၊ တမြို့လုံး ထိတ်လန့်ပြီး နေနေရတယ်၊ ဘယ်အချိန်…

Read More

မဟာဗန္ဓုလပန်းခြံအတွင်း ကိုဗစ်ဖြစ်နိုင်ခြေများတဲ့အတွက် လာရောက်အပန်းဖြေတာကို ကျောက်တံတားပြည်သူတွေကမကြိုက်

ဒီဇင်ဘာ ၅-၂၀၂၀ ယဉ်ပပထွန်း(VOM) ရန်ကုန်မြို့၊ မြို့တော်ခန်းမဘေးရှိ မဟာဗန္ဓုလပန်းခြံအတွင်း နေစဉ်လူပေါင်းများစွာ အပန်းဖြေလာနေတဲ့အခါ လူစုလူဝေးကြောင့် ကိုဗစ်ဖြစ်နိုင်ခြေများတဲ့အတွက် ကျောက်တံတားပြည်သူတွေက ပန်းခြံအတွင်းလာရောက်မှုကို မကြိုက်ဘူးလို့ ကျောက်တံတားမြို့နယ် အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက VOM ကိုပြောပါတယ်။ “တခါတရံ အပြင်ထွက်ချင်တဲ့စိတ်က လူတိုင်းမှာ ရှိတာပေါ့လေ။သို့ပေမယ့်လည်း အရမ်းအုပ်အုပ်ကျပ်ကျပ်ကြီး ထွက်တာကတော့ အဆင်မပြေဘူးပေါ့ ။ ကျောက်တံတားပြည်သူတွေကလည်း ဒီကစ္စကို မကြိုက်ကြပြန်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်တံတားကို လူပေါင်းစုံလာတယ် လူပေါင်းစုံလာတဲ့ နေရာတွေက လူစုလူ ဝေးနဲ့ ကိုဗစ် ဖြစ်နိုင်တယ်ဆိုရင် ကျောက်တံတားက ခြောက်ခြားစရာ ဖြစ်နိုင်တယ်”လို့ ဒေါ်ကြည်ပြာကပြောပါတယ်။ အရင်က Stay Homeမလုပ်ရသေးတဲ့အချိန်နဲ့ အခု Stay Home တင်းတင်းကျပ်ကျပ်လုပ်ပြီးနောက်မှာလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ပန်းခြံကိုပိတ်ပေးဖို့ ပြောဆိုညှိနှိုင်းခဲ့ပေမယ့် အများနဲ့ သက်ဆိုင်တဲ့နေရာ ဖြစ်နေတဲ့အတွက် ပိတ်လို့မရကြောင်း…

Read More

ရုရှားမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်ပြီ

မော်စကို၊ ဒီဇင်ဘာ-၅-၂၀၂၀ မျိုးဆက် (VOM) ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်အရှိဆုံးသူတွေကို မော်စကိုရှိဆေးခန်းတွေမှာ ကာကွယ်ဆေးထိုးနှံပေးနေပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအစီအစဉ်ကို စတင်နေပြီဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံရာမှာ သြဂုတ်လအတွင်းက အတည်ပြုခဲ့တဲ့ ပြည်တွင်းထုတ် Sputnik V ဆေးကို အသုံးပြုနေတာဖြစ်ပါတယ်။ အဲ့ဒီကာကွယ်ဆေးဟာ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားမရှိဘဲ ၉၅ ရာခိုင်နှုန်းထိရောက်မှုရှိတယ်လို့ ဆေးထုတ်လုပ်သူတွေက ပြောဆိုထားပေမယ့် အစုလိုက်အပြုံလိုက်စမ်းသပ်မှုတွေကို ပြုလုပ်နေဆဲဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော ရုရှားပြည်သူတွေဟာ နှစ်လုံးထိုးရတဲ့ ကာကွယ်ဆေးကို ပထမဆုံးရရှိဖို့ မှတ်ပုံတင်ထားကြပေမယ့် ကာကွယ်ဆေးထုတ်လုပ်နိုင်တဲ့ အတိုင်းအတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဆေးထုတ်လုပ်သူတွေကတော့ ယခုနှစ်ကုန်မှာ ကာကွယ်ဆေးနှစ်သန်းသာ ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ လက်ရှိအချိန်ထိ ရုရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၈၂၀၁၂ ဦးရှိနေပြီး လူ ၄၁၇၃၀ ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။ Ref : BBC Photo:Reuters #voiceofmyanmar #VOM #မော်စကို #ကိုဗစ်ကာကွယ်ဆေး…

Read More

လှိုင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းမှူး နဲ့ ရဲအုပ်တစ်ဦး ကိုဗစ်ကူးစက်ခံရ

ဒီဇင်ဘာ ၄-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းမှူး နဲ့ ရဲအုပ်တစ်ဦး ဒီဇင်ဘာ ၄ရက်က Test Kit နဲ့စစ်ဆေးရာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ လှိုင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းကနေ သိရပါတယ်။ ” စခန်းမှုးနဲ့ ရဲအုပ်တစ်ယောက်ကူးတာပါ၊ အခု ရိုးမရိပ်သာကုသရေးစင်တာကို ပို့ဆောင်ကုသနေတယ် “လို့ လှိုင်သာယာ(အရှေပိုင်း)မြို့နယ် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်မင်းသူက VOMကိုပြောပါတယ်။ လှိုင်သာယာအရှေပိုင်းမြို့နယ်ရဲစခန်းက စခန်းမှူး ဒု-ရဲမှူး နဲ့ ရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်သား (၄)ဦးတို့ဟာ ကယားပြည်နယ်ကို လုပ်ငန်းတာဝန်နဲ့ ခေတ္တသွားရောက်ရမှာဖြစ်တဲ့အတွက် ကိုဗစ်-၁၉ရောဂါကင်းစင်ကြောင်းထောက်ခံစာရယူဖို့ ဒီဇင်ဘာ ၄ရက်က Quarantine Centerမှာ Test Kidနဲ့စစ်ဆေးခဲ့ချိန် ဒု-ရဲမှူး နဲ့ ရဲအုပ်တစ်ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။ ကျန်ရဲတပ်သားတွေမှာတော့ ရောဂါပိုး မတွေ့ရှိခဲ့ရဘူးလို့ လှိုင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ကိုဗစ်ကူးစက်ခံရတဲ့ စခန်းမှူး နဲ့ Primary…

Read More

စစ်ကိုင်းမြို့အနောက်ပိုင်းက ကျေးရွာအုပ်စု ၄ ခုကို Semi Lockdown ချ

ဒီဇင်ဘာ ၅-၂၀၂၀ မောင်တာရာ (VOM) ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုအများဆုံးဖြစ်နေတဲ့ စစ်ကိုင်းမြို့ အနောက်ပိုင်းက ကျေးရွာအုပ်စု ၄ ခုကို ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့ကစပြီး Semi Lockdown ချမှတ်လိုက်တယ်လို့ စစ်ကိုင်းမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ ထုတ်ပြန်လိုက်ပါတယ်။ ”စစ်ကိုင်းမြို့ အနောက်ဘက်က ရွာ လေးအုပ်စုကို ထုတ်ပြန်ထားပါတယ်။ ဒီနေ့ကနေ ၁၈ ရက်နေ့အထိ နှစ်ပတ်ကြာ ၁၄ရက် ပြုလုပ်သွားမှာပါ၊ဈေးဝယ်ထွက်ဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးဆီမှာ ဈေးဝယ်ကဒ် ဒါမှ မဟုတ် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့ ထွက်ခွင့်ပြုပါမယ်။ ရွာတိုင်ကို အဝင်အထွက် ဂိတ်တွေ ထားရှိပြီ ဖြစ်ပါတယ်။ ဒါမှလည်း ကိုဗစ် ရောဂါကူးစက်မှုများတာကိုထိန်းနိုင်မှာပါ” စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှုးဦးကျော်ခိုင်ထွန်းက ပြောပါတယ်။ Semi Lockdown ချမှတ်ခံရတဲ့ ကျေးရွာအုပ်စုတွေကတော့ တဲကြီးကျေးရွာအုပ်စု၊ နောက်ကြည့်ကျွန်းကျေးရွာအုပ်စု၊ ကြွယ်လူးကျေးရွာအုပ်စု နဲ့…

Read More

ဧရာဝတီမှာ ကိုဗစ်လူနာတစ်ဦးတွေ့ရင် အနီးက နေအိမ် ၁၀ အိမ်ကို လော့ခ်ဒေါင်းချမယ်

ဒီဇင်ဘာ ၅-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်းက မြို့နယ်တွေမှာ ကိုဗစ်လူနာတစ်ဦး တွေ့ရှိပါက အနီးပတ်ဝန်းကျင်ရှိ နေအိမ် ၁၀အိမ်ကို လော့ခ်ဒေါင်းချမယ့်အစီအစဉ် စတင်မယ်လို့ ဧရာဝတီတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကပြောပါတယ်။ “ကိုဗစ်လူနာတွေ့တာနဲ့သူ့ရပ်ကွက်က အနီးဆုံး၁၀အိမ်က လော့ခ်ဒေါင်းနေရမယ်၊ အပြင်မထွက်ရဘူး၊ သက်ဆိုင်ရာ ရပ်ကျေး ဆယ်အိမ်မှုးတွေက တာဝန်ယူရမယ်”လို့ပြောပါတယ်။ တိုင်းအတွင်းမှာ ကိုဗစ်လူနာအရေအတွက်နဲ့ သေဆုံးသူဦးရေတိုးလာတာကြောင့် တိုင်းအစိုးရရဲ့ ကိုဗစ်ထိန်းချုပ်ရေးအစည်းအဝေးမှာ အခုလိုဆုံးဖြတ်ခဲ့တာပါ။ ကိုဗစ်လူနာတွေကို ကုသဖို့ မြို့နယ်တွေမှာ ဆေးရုံတွေထပ်ပြီး တိုးချဲ့ ဆောက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။ ဧရာဝတီတိုင်းမှာ ဒီနေ့အထိ ကိုဗစ်အတည်ပြုလူနာ ၃၁၂၂ဦးရှိပြီး သေဆုံးသူ၂၁ဦး ထိရှိလာပြီဖြစ်ပါတယ်။ #voiceofmyanmar #VOM #ဧရာဝတီ #ကိုဗစ်

Read More

တရုတ်နိုင်ငံ ကျောက်မီးသွေးတွင်းတစ်ခုမှာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ၁၈ ဦးသေဆုံး

ပေကျင်း၊ ဒီဇင်ဘာ-၅-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကျောက်မီးသွေးတွင်းတစ်ခုမှာ ကာဗွန်မိုနောက်ဆိုဒ် ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် မိုင်းလုပ်သား ၁၈ ဦးသေဆုံးသွားပြီး အခြားငါးဦးပျောက်ဆုံးနေတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနကဖော်ပြထားပါတယ်။ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ချုံကင်းဒေသရှိ အဲ့ဒီသတ္တုတွင်းကနေ လူတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်မှာဖြစ်ပွားခဲ့တဲ့ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံမှာ သတ္တုတွင်းမတော်တဆမှုတွေဟာ အထူးအဆန်းမဟုတ်ဘဲ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာမှုအားနည်းတာကြောင့် မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။ မိုင်းလုပ်သားတွေဟာ အဲ့ဒီသတ္တုတွင်းရှိ မြေအောက်ပစ္စည်းကိရိယာတွေကို ဖျက်သိမ်းမှုတွေပြုလုပ်နေချိန်မှာ ဓါတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီသတ္တုတွင်းကို လွန်ခဲ့တဲ့ နှစ်လကတည်းက ပိတ်ထားခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းကလည်း ချုံကင်းမြို့ပြင်ရှိ သတ္တုတွင်းတစ်ခုမှာ မတော်တဆမှုကြောင့် အလုပ်သမား ၁၆ ဦးသေဆုံးသွားခဲ့ပါတယ်။ Ref : BBC Photo: Getty Images #voiceofmyanmar…

Read More
VOM News

FREE
VIEW