ဓာတ်မတည့်တဲ့သူတွေ Pfizer/BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေး မထိုးသင့်ဘူးလို့ ပညာရှင်တွေ အကြံပြူ

လန်ဒန်၊ ဒီဇင်ဘာ ၁၀-၂၀၂၀ မျိုးဆက်(VOM) သိသိသာသာ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ဖြစ်လေ့ဖြစ်ထရှိသူတွေအနေနဲ့ Pfizer/BioNTech ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို မထိုးသင့်ဘူးလို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ အမျိုးသားကျန်းမာရေးဌာန (NHS )ဝန်ထမ်းနှစ်ဦးဟာ ဒီဇင်ဘာ ၈ ရက်က အဲ့ဒီကာကွယ်ဆေးထိုးပြီး ဓာတ်မတည့်တဲ့ လက္ခဏာတွေဖြစ်ပေါ်လာပြီးနောက် တာဝန်ရှိသူတွေက အခုလိုသတိပေး ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီအကြံပြုချက်ဟာ ဆေးဝါးတွေ၊ အစားအစာ သို့မဟုတ် ကာကွယ်ဆေးများဆိုင်ရာ တုံ့ပြန်မှုရှိဖူးတဲ့သူတွေနဲ့ အကျုံးဝင်တယ်လို့ ဆေးဝါးများနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ စည်းကမ်းထိန်းသိမ်းရေး အေဂျင်စီက ပြောပါတယ်။ ကာကွယ်ဆေးထိုးပြီးနောက် ဓာတ်မတည့်တဲ့ လက္ခဏာဖြစ်ခဲ့တဲ့ လူနှစ်ဦးဟာ ထိုးဆေးသစ်ထိုးပြီးနောက် ခဏမျှအကြာမှာ တုံ့ပြန်မှုပြခဲ့ပေမယ့် ကုသမှုတွေခံယူပြီးနောက် လက်ရှိမှာ ကျန်းမာလာပြီဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အရေပြားမှာ အဖုအပိန့်ထွက်ခြင်း၊ အသက်ရှုကြပ်ခြင်းနဲ့ တစ်ခါတစ်ရံသွေးပေါင်ချိန် ကျဆင်းခြင်းစတဲ့ ဓာတ်မတည့်တဲ့လက္ခဏာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ Ref;…

Read More

စစ်တွေမှာ လူ့အခွင့်ရေးနေ့အတွက် ကမ်ပိန်းလုပ်တဲ့ လူငယ် ၃ ဦးကို ရဲကဖမ်း

ဒီဇင်ဘာ ၁၀- ၂၀၂၀ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်မြို့တော်၊ စစ်တွေမှာ ဒီကနေ့ကျရောက်တဲ့ ၇၂နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်အဖွဲ့က ဒီကနေ့မနက်ပိုင်း ကမ်ပိန်းတစ်ခုပြုလုပ်နေချိန် ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးတာကို ခံလိုက်ရတယ်လို့ အဲ့ဒီကမ်ပိန်းမှာ ပါဝင်လှုပ်ရှားတဲ့ မဦးခင်သိန်းက ပြောပါတယ်။ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်အဖွဲ့က မဦးခင်သိန်းပြောတာက” အခုလို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကမ်ပိန်း (Campaign ) လုပ်တဲ့ လူငယ်တွေကို ဖမ်းဆီးတာကတော့ အတော်လေး ရုပ်ဆိုးပါတယ်။ လုံးဝ ရှုတ်ချပါတယ်။ ရခိုင်ပြည်နယ်မှာက တိုက်ပွဲတွေ အမြောက်အမြားရှိတယ်။ အဲ့ဒီလိုမျိုး အခြေအနေတွေကြားမှာ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတယ်။ အဲ့ဒါတွေကို အစိုးရက ကျမတို့အမျိုးသမီးတွေအပေါ်မှာ အလေးထားတာမရှိဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီက ဖမ်းဆီးရှုပ်နှောင်တဲ့အောက်မှာ လူ့အခွင့်အရေးဆိုတာလည်း မရှိဘူး။” လို့ ပြောပါတယ်။ ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကြိုဆိုကြောင်းနဲ့ အမျိုးသမီးတွေကို အကြမ်းဖက်မှုပပျောက်ရေးအတွက်ကမ်ပိန်း လှုပ်ရှားတာဖြစ်ပြီး…

Read More

၇၂နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့အတွက် ကမ်ပိန်းပြုလုပ်

ဒီဇင်ဘာ ၁၀၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ နဝဒေးဥယျာဉ်အိမ်ရာရှေ့မှာ ဒီကနေ့မနက်ပိုင်း စက်မှုလုပ်ငန်းဆိုင်ရာအမျိုးသမီးအလုပ်သမားများအစည်းအရုံး(IWWO)အဖွဲ့နဲ့ အလုပ်သမားသမဂ္ဂများပူးပေါင်းဆောင်ရွက်ရေးကော်မတီ(CCTU)တို့ ပူးပေါင်းပြီး ဒီကနေ့ ကျရောက်တဲ့ ၇၂နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။ “ခွဲခြားဆက်ဆံမှု ကင်းစင်ပြီး လူ့အခွင့်အရေးစံနှုန်းတွေကို လေးစားလိုက်နာတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို လိုလားသော နိုင်ငံသားတဦးအ နေနဲ့ရော၊ တရားမှုတမှုနဲ့ လုပ်ငန်းခွင် အေးချမ်းတည်ငြိမ်ရေးကိုလိုလားတဲ့ စက်မှုဇုန် အလုပ်သမားတစ်ဦး အနေနဲ့ရော ယနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့ကို ဂုဏ်ပြုတာပါ”လို့ (IWWO)အဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်မြတ်စုလှိုင်ကVOMကိုပြောပါတယ်။ အဲ့ဒီကမ်ပိန်းမှာ “လူကို လူချင်း ခွဲခြားမှုကင်း စုပေါင်းကာကွယ် ကိုဗစ်အန္တရာယ်”စာသာပါတဲ့ ဆိုင်းဘုတ်တွေနဲ့ IWWOအဖွဲ့ဝင် ၁၀ဦးတို့က ကမ်ပိန်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဖြစ်ပေါ်လာတာဟာ ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့အထွေထွေညီလာခံမှာ မဲခွဲအတည်ပြုခဲ့ရာကနေ ဖြစ်ပေါ်တာဖြစ်တယ်လို့ ဒေါ်မြတ်စုလှိုင်ကရှင်းပြပါတယ်။ ၇၂နှစ်မြောက်အပြည်ပြည်ဆိုင်ရာ…

Read More

နိုင်ငံသား အခွင့်အရေးများအတွက် ကာကွယ်ရေး လှုပ်ရှားသူဆုရှင် နော်အုန်းလှနဲ့ဆက်သွယ်မေးမြန်းချက်

ဒီဇင်ဘာ ၁၀-၂၀၂၀ Voice Of Myanmar (VOM)   ဆွီဒင်နိုင်ငံအခြေစိုက် Civil Rights Defender အဖွဲ့က ချီးမြင့်တဲ့ နိုင်ငံသား အခွင့်အရေးများအတွက် ကာကွယ်ရေး လှုပ်ရှားသူဆု ” Civil Rights Defender of the Year Award ” ဆုကို မြန်မာနိုင်ငံက ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးအမျိုးသမီးဥက္ကဋ္ဌ နော်အုန်းလှကို ချီးမြှင့်ကြောင်း အဖွဲ့က ကြေညာလိုက်ပါတယ်။   ပူပူနွေးနွေး နိုင်ငံသား အခွင့်အရေးများအတွက် ကာကွယ်ရေး လှုပ်ရှားသူဆုရှင် နော်အုန်းလှကို VOM အယ်ဒီတာချုပ် ကိုနေလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။   NL- အနောကို ဆုရကြောင်း ဘယ်လိုအကြောင်းကြားလဲဆိုတာ အရင်ပြောပြပါ့လား NOH_ ဒီနေ့ကို သူတို့ကြေညာချက်ထုတ်မယ်ဆိုတဲ့အတွက် ဒီဘက်က ကျမတို့ အမျိုးသမီးအဖွဲ့ကလည်း ကြေညာချက် ထပ်ထုတ်တယ်ပေါ့။…

Read More

ကိုဗစ်ကာလကို တောင်ကြီးမြို့က ဟိုတယ်တွေ ဘယ်လိုကျော်ဖြတ်နေသလဲ အစိုးရကရော  ဘာတွေလုပ်ပေးနေလဲ

ကိုဗစ်ကာလကို တောင်ကြီးမြို့က ဟိုတယ်တွေ ဘယ်လိုကျော်ဖြတ်နေသလဲ အစိုးရကရော  ဘာတွေလုပ်ပေးနေလဲ ဒီဇင်ဘာ ၉ ၂၀၂၀ နေနန်းနွယ် (VOM) ခရီးသွားနှုန်းမရှိသလောက်ကျဆင်းသွားတဲ့ ကိုဗစ်ကာလအတွင်းမှာ တောင်ကြီးက ဟိုတယ်လုပ်ငန်းတွေ ဘယ်လိုရပ်တည်နေလဲ၊ ဘယ်လိုဖြေရှင်းကျော်ဖြတ်နေကြလဲနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့ရှိ UCT Taunggyi Hotel နဲ့ ဟိုတယ်ထိန်သာ တို့အပြင် ဟိုတယ်နဲ့ခရီးသွားဦးစီးဌာနတို့ကို VOM သတင်းထောက် နေနန်းနွယ်က မေးမြန်းထားပါတယ်။ #voiceofmyanmar #VOM #တောင်ကြီးဟိုတယ် #Hotel #Taunggyi #တောင်ကြီး #ဟိုတယ် #Covid #ကိုဗစ် zawgy ကိုဗစ္ကာလကို တောင်ကြီးမြို့က ဟိုတယ်တွေ ဘယ်လိုကျော်ဖြတ်နေသလဲ အစိုးရကရော ဟိုတယ်လုပ်ငန်းအတွက် ဘာတွေလုပ်ပေးနေလဲ ဒီဇင်ဘာ ၉ ၂၀၂၀ နေနန်းနွယ် (VOM) ခရီးသွားနှုန်းမရှိသလောက်ကျဆင်းသွားတဲ့ ကိုဗစ်ကာလအတွင်းမှာ တောင်ကြီးက ဟိုတယ်လုပ်ငန်းတွေ ဘယ်လိုရပ်တည်နေလဲ၊ ဘယ်လိုဖြေရှင်းကျော်ဖြတ်နေကြလဲနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့ရှိ…

Read More

ဧရာ၀တီတိုင်း စည်ပင်၀န်ကြီးကိုဗစ်ကူးစက်ခံရ

ပုသိမ်-ဒီဇင်ဘာ-၁၀-၂၀၂၀ အောင်အောင်(VOM)   ဧရာ၀တီတိုင်းအစိုးရအဖွဲ့စည်ပင်သာယာရေး၀န်ကြီး ဦးကျော်မြင့်မှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ဧရာ၀တီတိုင်းအစိုးရအဖွဲ့ကနေသိရပါတယ်။ “ရွေးကောက်ပွဲကိစ္စနဲ့လပွတ္တာမြို့ကိုသွားရင်းနဲ့ ရုံးက တဆင့်ကူးစက်တာကျန်းမာရေးကောင်းမွန်တယ်”လို့ တိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူဦး၀င်းဌေးက ပြောပါတယ်။ စည်ပင်၀န်ကြီးဟာ လပွတ္တာမြို့မှာ ရောဂါရှိသူတွေနဲ့ထိတွေ့မိတဲ့အတွက်လမင်းကြည်တည်းခိုခန်းမှာ အသွားအလာကန့်သတ်ထားပြီး ပထမအကြိမ်စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ခဲ့ဘဲ ဒုတိယအကြိမ် အဖြစ် ရန်ကုန်အမျိုးသားဓါတ်ခွဲခန်းကို ပေးပို့စစ်ဆေးရာမှာတော့ ကိုဗစ်ရောဂါတွေ့ခဲ့ရတာဖြစ်ပါတယ်။ စည်ပင်၀န်ကြီးဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လပွတ္တာမြို့နယ်ပြည့်သူလွှတ်တော်နေရာမှာ အနိုင်ရရှိခဲ့တာကြောင့် ရွေးကောက်ပွဲကုန်ကျစရိတ်အတွက်အစည်းအဝေး မှာမြို့နယ် NLD ရုံးက အဖွဲ့၀င်တစ်ဦးဆီကနေ ကူးစက်ခဲ့တာပါ။ လပွတ္တာမြို့နယ် NLDရုံးက အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၄ဦးအပါအ၀င် ရုံးအဖွဲ့ ၁၇ဦးလုံး ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။   “ရုံးက ကွန်ပြူတာ ကိုင်တဲ့ကောင်လေးကတဆင့်ကူးတာ သူက အစည်းအဝေးမှာ ရုံးရှေ့ကဒိန်ချဥ် ၀ယ်သောက်တာအဲ့ဒီအသည်ဆီကတဆင့်ကူးပြီး ကျန်တဲ့သူတွေပါကူးကုန်တာ”လို့လပွတ္တာမြို့ အဖြူရောင်ဧရာ၀တီ ပရဟိတအဖွဲ့က ဦးစိုးသီဟမင်းကပြောပါတယ်။   လက်ရှိမှာ စည်ပင်၀န်ကြီးဦးကျော်မြင့်ကို လပွတ္တာမြို့ကနေ ပုသိမ်ဆေးရုံကို လွဲပြောင်းကုသဖို့ ပြင်ဆင်နေတယ်လို့ တိုင်းအစိုးရအဖွဲ့ကနေသိရပါတယ်။…

Read More

ကိုဗစ်ကာလ Q ဝင်နေသူများ သတိထားလိုက်နာရမယ့်အချက်များ

ကိုဗစ် ၁၉ ကပ်‌ရောဂါကာလအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနများက ကိုဗစ်ကပ်ရောဂါကာလ လိုက်နာရမယ့် အချက်များကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။ ယင်းအနက် ကိုဗစ်ကပ်ရောဂါကာလ ကျူဝင်နေရသူများ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုက်နာရမည့် အချက်များကို စိတ်ကျန်းမာရေး စီမံချက်နှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ မေလဆန်းပိုင်းမှ ထုတ်ပြန်ထားတဲ့ အချက်တွေကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ၁ – ကျူစခန်းဝင်နေ(အသွားအလာကန့်သက်မှုဖြင့်နေ)တဲ့ အချိန်မှာ ဖုန်းနဲ့ဖြစ်စေ၊ အင်တာနက်ဖြင့်ဖြစ်စေ ကိုယ့်ရဲ့မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ပုံမှန် ဆက်သွယ်ပါ။ ၂ – ကိုယ့်ရဲ့ တစ်ကိုယ်ရေ လိုအပ်ချက်၊ ခံစားချက်တွေကို အာရုံစိုက်ပါ။ ၃ – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပန်းပြေစေတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို လုပ်ပါ။ ၄ – ပုံမှန် လေ့ကျင့်ခန်းတွေလုပ်ပါ။ ၅ – အိပ်ချိန်၊ အိပ်ရာထချိန် မှန်ပါစေ။…

Read More
VOM News

FREE
VIEW