၇၂နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့အတွက် ကမ်ပိန်းပြုလုပ်

ဒီဇင်ဘာ ၁၀၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ နဝဒေးဥယျာဉ်အိမ်ရာရှေ့မှာ ဒီကနေ့မနက်ပိုင်း စက်မှုလုပ်ငန်းဆိုင်ရာအမျိုးသမီးအလုပ်သမားများအစည်းအရုံး(IWWO)အဖွဲ့နဲ့ အလုပ်သမားသမဂ္ဂများပူးပေါင်းဆောင်ရွက်ရေးကော်မတီ(CCTU)တို့ ပူးပေါင်းပြီး ဒီကနေ့ ကျရောက်တဲ့ ၇၂နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။

“ခွဲခြားဆက်ဆံမှု ကင်းစင်ပြီး လူ့အခွင့်အရေးစံနှုန်းတွေကို လေးစားလိုက်နာတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို လိုလားသော နိုင်ငံသားတဦးအ
နေနဲ့ရော၊ တရားမှုတမှုနဲ့ လုပ်ငန်းခွင် အေးချမ်းတည်ငြိမ်ရေးကိုလိုလားတဲ့ စက်မှုဇုန် အလုပ်သမားတစ်ဦး အနေနဲ့ရော ယနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့ကို ဂုဏ်ပြုတာပါ”လို့ (IWWO)အဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်မြတ်စုလှိုင်ကVOMကိုပြောပါတယ်။

အဲ့ဒီကမ်ပိန်းမှာ “လူကို လူချင်း ခွဲခြားမှုကင်း စုပေါင်းကာကွယ် ကိုဗစ်အန္တရာယ်”စာသာပါတဲ့ ဆိုင်းဘုတ်တွေနဲ့ IWWOအဖွဲ့ဝင် ၁၀ဦးတို့က ကမ်ပိန်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဖြစ်ပေါ်လာတာဟာ ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့အထွေထွေညီလာခံမှာ မဲခွဲအတည်ပြုခဲ့ရာကနေ ဖြစ်ပေါ်တာဖြစ်တယ်လို့ ဒေါ်မြတ်စုလှိုင်ကရှင်းပြပါတယ်။

၇၂နှစ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ နိူင်ငံသားအခွင့်အရေးတွေအတွက် ကာကွယ်လှုပ်ရှားသူဆု ” Civil Rights Defender of the Year Award “ကို မြန်မာနိူင်ငံက ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ နော်အုန်းလှက ရရှိခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ #ကမ်ပိန်း

Related posts

Leave a Comment

VOM News

FREE
VIEW