နိုင်ငံသား အခွင့်အရေးများအတွက် ကာကွယ်ရေး လှုပ်ရှားသူဆုရှင် နော်အုန်းလှနဲ့ဆက်သွယ်မေးမြန်းချက်

ဒီဇင်ဘာ ၁၀-၂၀၂၀

Voice Of Myanmar (VOM)

 

ဆွီဒင်နိုင်ငံအခြေစိုက် Civil Rights Defender အဖွဲ့က ချီးမြင့်တဲ့ နိုင်ငံသား အခွင့်အရေးများအတွက် ကာကွယ်ရေး လှုပ်ရှားသူဆု ” Civil Rights Defender of the Year Award ” ဆုကို မြန်မာနိုင်ငံက ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးအမျိုးသမီးဥက္ကဋ္ဌ နော်အုန်းလှကို ချီးမြှင့်ကြောင်း အဖွဲ့က ကြေညာလိုက်ပါတယ်။

 

ပူပူနွေးနွေး နိုင်ငံသား အခွင့်အရေးများအတွက် ကာကွယ်ရေး လှုပ်ရှားသူဆုရှင် နော်အုန်းလှကို VOM အယ်ဒီတာချုပ် ကိုနေလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

 

NL- အနောကို ဆုရကြောင်း ဘယ်လိုအကြောင်းကြားလဲဆိုတာ အရင်ပြောပြပါ့လား

NOH_ ဒီနေ့ကို သူတို့ကြေညာချက်ထုတ်မယ်ဆိုတဲ့အတွက် ဒီဘက်က ကျမတို့ အမျိုးသမီးအဖွဲ့ကလည်း ကြေညာချက် ထပ်ထုတ်တယ်ပေါ့။

 

NL-  ဒီဆုက ဘယ်လိုလူမျိုးတွေကို ပေးတာလဲခင်မျာ့

NOH- ကျမအနေနဲ့ နိုင်ငံရေးမှာ နှစ် ၃၀ကျော် အဓိကရုဏ်းတွေ၊ ကျမတိုင်းရင်းသားလူမျိုးတွေနဲ့ ပတ်သက်တဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ ပြီးတော့ ကျမတို့ ကျယ်ကျယ်ပြန့်ပြန့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်တဲ့ကိစ္စတွေ၊ နောက် ကျမတို့ပြည်သူတွေအပေါ်မှာ ဖိနှိပ်မှုတွေကို ကျမတို့ တာဝန်ယူမှု တာဝန်ခံမှုရှိအောင် အစိုးရကိုလည်း ကျမတို့ တိုက်တွန်းတယ် ပြီးတော့ ကျမတို့ဒီ လူ့အခွင့်အရေးတွေပေါ့နော် လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သိအောင် ကျမတို့ ဆောင်ရွက်ပေးတယ်၊ ပြည်သူတွေရဲ့ အခွင့်အရေးတွေက ဘာရှိတယ် ကျမတို့ပြည်သူတွေက ဥပဒေမှာ သိသင့်တယ်ပေါ့နော်။ အဲ့ဒါတွေကို ကျမတို့ လူ့အခွင့်အရေးကို ရှေ့ကနေပြီးတော့ ရပ်တည်ပေးတယ်။ အဲ့လိုရပ်တည်ပေးတဲ့အတွက် ကျမကို ဆုချီးမြှင့်ခြင်းဖြစ်တယ်ပေါ့နော်၊ သူတို့ကြေညာချက်မှာတော့ ဒီတိုင်းပါတယ်ပေါ့နော်။

 

NL-ကျနော်တို့မြန်မာနိုင်ငံကနေ အရင်က ဒီဆုရဖူးတဲ့လူ ရှိလားဗျ။

NOH-အဲ့ဒါတော့ ကျမမပြောတတ်ဘူးရှင့်။

 

NL-ဆုရတဲ့အတွက် ဒီလိုဆုမျိုးချီးမြှင့်ခံရလို့ အနောအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရှိမလဲ။

NOH-ကျမတို့ ဒီဆုရတဲ့အတွက် ဝမ်းသာတယ်ပေါ့နော် ဂုဏ်လည်းယူပါတယ်။ ဒီဆုရတဲ့အတွက် ကျမတို့ ဒီထက်မက လူ့အခွင့်အရေးတွေ၊ ကျမတို့နိုင်ငံမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရတာတွေအတွက် ကျမတို့ပိုပြီးတော့ ဆောင်ရွက်ရမှာဖြစ်တယ်။ ကျမတို့တဖွဲ့တည်းမဟုတ်တော့ဘဲနဲ့ ကျမတို့နဲ့အတူ ရပ်တည်ပေးတဲ့လူတွေရှိတယ်။ ကမ္ဘာကနေ ကျမတို့ဒီဟာကိုလည်း လူ့အခွင့်အရေးဆောင်ရွက်နေတဲ့လူတွေကိုလည်း အားဖြစ်စေတယ်ပေါ့နော်။ ကျမတို့ ဒီဆုရတဲ့အတွက် ပေးတဲ့လူတွေကလည်း ကျမတို့နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မဖြစ်အောင် လူ့အခွင့်အရေးတွေကို လိုက်နာအောင် ဒါကိုလည်း ကျမတို့ အားတွေအနေနဲ့ ရလာတဲ့အတွက် ဒီဆုအပေါ်မှာ ကျမတို့ ပိုလုပ်ရမယ်လို့ ကျမတို့ ဒီလိုပဲ ခံယူထားပါတယ်။

 

NL-ဆုက ဆုကြေးငွေတွေဘာတွေရော ပါသေးလား။ ကိုယ်တိုင်သွားယူရမှာလားဗျ။

အခုက ရောဂါကာလမို့ သွားယူလို့တော့ မရဘူးပေါ့နော။ ပထမတုန်းက ကျမတို့ကိုတော့ နှစ်ဆန်းပိုင်းလို့ ပြောထားတယ်။ နောက်ပိုင်း ၉လပိုင်းလို့ပြောတယ်။ ဒါပေမယ့် ခုကျတော့ ရောဂါကာလမို့ ဒီနှစ်တော့ မပေးတော့ဘဲနဲ့ ၂၀၂၁ မှပေးတော့မယ်လို့ ကျမတို့ကို အကြောင်းကြားထားပါတယ်။

 

NL-ဆုကြေးငွေတွေ ဘာတွေရော ပါသေးလား။

NOH-ဆုကြေးငွေကတော့ ပါပါတယ်ရှင့်။ ပြောလို့တော့ဖြစ်ပါတယ်။ ဒါပေမယ့် ကျမက ပိုက်ဆံမကိုင်ပါဘူး။ ကလေးတွေလုပ်တာပါ(ရယ်လျက်)

 

NL-အနောလူ့အခွင့်အရေးတွေ လှုပ်ရှားတဲ့အတွက် အရင်ကရော ဘယ်လိုဆုမျိုးတွေ ရဖူးလဲ။

NOH-လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂက ချီးမြှင့်တဲ့ ငြိမ်းချမ်းရေးဆုပေါ့နော၊ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးများအဖွဲ့ကို ကုလသမဂ္ဂကနေပြီးတော့မှ လူ့အခွင့်အရေးဆုဖြစ်တဲ့ N-Peace Awrad ဆုကိုလည်း ၂၀၁၄ ခုနှစ်မှာ ပေးအပ်ခဲ့ပါသေးတယ်။ အဲ့ဒါ ၂၀၁၄ တုန်းက ကျမတို့ ရခဲ့တာဖြစ်တယ်။

 

NL- နိုင်ငံတကာကတော့ အနောတို့လိုလူမျိုး လူ့အခွင့်အရေးလုပ်တဲ့လူတွေကို ဆုပေးတယ် ဒါပေမယ့် အနောကရင်အာဇာနည်နေ့ လုပ်တုန်းကတောင်မှ တရားစွဲခံရတယ်ဆိုတော့ ဒီနိုင်ငံတွေနဲ့ ကျနော်တို့ နိုင်ငံတွေက ဘာတွေ ကွာဟနေတယ်ထင်လဲ။

NOH- ကျမတို့ ခုချိန်ထိ ကျမတို့နိုင်ငံမှာ တက်လာတဲ့အစိုးရတိုင်းက တိုင်းရင်းသားတွေအပေါ်မှာ တန်းတူညီမျှမှု မပေးသေးဘူးပေါ့နော်။ ကျမတို့ ဥပဒေအရ ပေးထားပြီးသားဖြစ်ပါလျက်နဲ့ ဒီဥပဒေအရ ပေးထားတဲ့ဟာကို အစိုးရတွေက ဖိနှိပ်မှုနဲ့ ခုထိတော့မှ တန်းတူညီမျှမှု မရသေးဘူး။ လက်ရှိ ကျမတို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဖိနှိပ်တုန်းပဲရှိသေးတယ်ဆိုတာ ဖော်ပြခြင်းဖြစ်တယ်ပေါ့နော်။ ဒါကျမတို့နိုင်ငံရဲ့ အာဏာပိုင်အဆက်ဆက်တွေရဲ့ ဆောင်ရွက်ချက်လို့ ကျမပြောချင်ပါတယ်။

 

NL-အနောကိုယ်တိုင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) ကနေ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ပြိုင်တယ်။ အဲ့ဒီတုန်းက အဲ့တုန်းကရော မဲဆွယ်စည်းရုံးတဲ့ အခြေအနေတွေ မဲရတဲ့အခြေအနေတွေကရော ဘယ်လိုရှိလဲ။

NOH-ကျမတို့ဒီရွေးကောက်ပွဲကလာတုန်းကတော့ ရောဂါကာလလည်း ဖြစ်တဲ့အခါကျတော့ ကျမတို့ ပါတီအနေနဲ့ရော ကျမကိုယ်တိုင်ရော ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ ကျမတို့ အကြံပြုခဲ့ပါတယ်။ ဒါပေမယ့် မှတ်တမ်းတင်တာပဲ လုပ်ထားခဲ့ပြီးတော့မှ ရွေးကောက်ပွဲကိုသူတို့ ဆက်လက်ကျင်းပတယ်ပေါ့နော်။ ရန်ကုန်တိုင်းမှာ ရွေးကောက်ပွဲကာလက ၂၈မြို့နယ် stay at home ဖြစ်ပါတယ်။ ဘာမှသွားလုပ်လို့မရဘူး။ နောက်ပြီး ဒီရွေးကောက်ပွဲကော်မရှင်က ဘာပြောလဲဆိုတော့ တဦးချင်း သွားပြီးတွေ့မယ်ဆိုရင်တောင်မှ သူတို့ကို အကြောင်းကြား၊ သူတို့ခွင့်ပြုမှ သွားလို့ရမယ်ဆိုတော့ ဒါ ကျမတို့ ဘာမှလုပ်လို့မရအောင် လုပ်ထားတတဲ့ ကိစ္စဖြစ်တယ်။ နောက်ပြီး ကျမတို့ကလည်း လူထု ရောဂါကာလမို့ ဘာမှ မလုပ်ချင်တာလည်း ပါတယ်။ ပြီးတော့ လူထုကို ကျမတို့က ကိုယ့်ကြောင့်ကူးတာလို့လည်း အဖြစ်မခံနိုင်ဘူး။ အဲ့တော့ ကျမတို့က ရွေးကောက်ပွဲမှာ ဘုတ်ထောင်တာနဲ့ ကျမတို့ ပန်းဖလက်ပေးတယ်။ ကျမတို့ ဒါလောက်ပဲလုပ်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာက အာဏာရပါတီက လူထုကို လမ်းပေါ်တင်လိုက်တယ်။ ဒါကျမတို့ လုပ်ခဲ့တဲ့နည်းတွေပါ တကယ်တမ်းကျတော့။ ဒါပေမယ့် ရောဂါကာလမှာ ကန့်သတ်ချက်တွေရှိပါတယ်။ ကျန်းမာရေးအရ ရောဂါလာလမှာ လူ၅၀ထက်မပိုရ။ ကျန်းမာရေးက ၃၀ ဒါပေမယ့် ကော်မရှင်က ၅၀ ပေးတယ်။ ဒီအပေါ်မှာလည်း ကျမတို့က ၅၀ထက်မကတဲ့ လူထုတွေကိုဆိုတော့ အာဏာရပါတီ ထိန်းချုပ်မှု၊ အစိုးရ ဘာမှမရှိဘဲနဲ့ ဒါကိုတော့ လုပ်ထားပြီးတော့မှ ကျမတို့ဆိုရင် ကွမ်းခြံကုန်းက ကျမကို ထောက်ခံဝန်းရံတဲ့ လူတွေက လှည့်မယ်ပြောတဲ့အခါကတော့ လှည့်မယ်ဆိုရင်တော့ ရောဂါကာလဆိုတော့ ပိတ်ထားပါတယ်တဲ့ ကော်မရှင်ကပြောတယ်။ ပြောတဲ့အခါမှာ ကျမတို့လူတွေက ဒါဆိုရင်လည်း ကြံ့ခိုင်ရေးနဲ့ NLD တွေသွားနေတာပဲ။ ဒါဆိုရင် သွားချင်ရင်တော့သွား ကိုယ်စားလှယ်မပါစေနဲ့ဆိုတော့ ဒါတွေက ကျမတို့ ပါတီသေးတွေ ပါတီငယ်တွေကို အာဏာရပါတီက ခန့်အပ်တဲ့ ကော်မရှင်သည် ဖိနှိပ်မှုလို့ကျမတို့ မြင်ပါတယ်။ အဲ့အတွက် ကျမတို့ နိုင်ခြင်း ရှုံးခြင်းသည် အဓိက မကျပါဘူး။ ယှဉ်ပြိုင်ခြင်းဆိုတာ ကျမတို့ တွေ့ကြုံရတဲ့ အရာတွေ ဖြစ်တယ်ပေါ့နော်။ ပြီးတော့ ရွေးကောက်ပွဲမှ အနိုင်မရခြင်းမှာ ကျမတို့က ဖြတ်သန်းမှုတခုဖြစ်တယ် ကျမတို့က လုပ်ရမှာက ရွေးကောက်ပွဲကော်မရှင်သည် ကျမတို့ပါတီတွေရဲ့ မူဝါဒတွေကို ဖြတ်တောက်တယ်။ ဒါသူလုပ်ရမယ့် ကိစ္စမဟုတ်ဘူးလေ တကယ်တမ်းကျရင်။ ပါတိတွေရဲ့ မူဝါဒဆိုတာ ပြည်သူကို ချပြရမယ့် ကိစ္စဖြစ်တယ်။ ကျမတို့ အဲ့ဒီဖြတ်တောက်တာတွေကို ဘာမှမပြောတော့ဘဲနဲ့ ကျမတို့ မြန်မာ့အသံမှာ လွှင့်မယ့်ဟာတွေ ကျမတို့ မပြောတော့ပါဘူး။ ဥပဒေသစ်ရေးမယ် ကျမတို့ပါတီက သစ်ခုတ်သမားတို့ပြန်လာပြီလို့ ဆိုတာတွေ အကုန်လုံး ဖျက်ထားပါတယ် အပိုဒ်လိုက်ကို ဖျက်ထားတာဖြစ်တဲ့အတွက် ကျမတို့ ဒါတွေကို မပြောတော့ဘူး။ ကျမတို့ မြန်မာ့အသံမှာလည်း မပြောတော့ပါဘူး။ အာဏာရပါတီက ခန့်တဲ့ ကော်မရှင်သည် အာဏာရပါတီအလိုကျ လုပ်တယ်လို့ ကျမတို့ ပြောချင်ပါတယ်။

 

NL- မဲရရှိမှု အခြေအနေကရော အနော ကျေနပ်အားရမှုရှိလား။ ဘယ်လိုအနေအထားတွေ့ရလဲ။

NOH-ကျမ ၆၀၀၀ကျော်ရပါတယ်။ ကျမတို့ စည်းရုံးရေးကာလမှာ ကျမတို့ သိပ်မလုပ်နိုင်ခဲ့ပါဘူး။ ကျမတို့ ဘုတ်ထောင်တာလောက်ပဲ လုပ်နိုင်တယ်ဆိုတဲ့ အခါကျတော့ ကျမတို့ကို ပြည်သူတေွ လက်ခံတယ်၊ မဲမပေးရတဲ့လူတွေ အများကြီးရှိပါတယ်။ ဘာပဲပြောပြော ကျမတို့ ပြည်သူတွေက လက်ခံတယ်ဆိုတာ ကျမတို့သိတယ်။ ကျမတို့ ပြည်သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးတဲ့လူတွေ မဲမပေးတဲ့လူတွေရောပေါ့နော် ဒါကျမတို့ နိုင်ငံသားတွေဖြစ်တဲ့အတွက် ကျမတို့ ကျေးဇူးတင်ပါတယ်လို့။

 

NL-အနောကိုယ်တိုင်က အရင်ကလည်း တိုင်းရင်းသားအရေး၊ အမျိုးသမီးအခွင့်အရေးတေွ လုပ်နေတယ်။ ခုဆိုရင် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ရက်တာ ရက်သတ္တပတ်ပေါ့နော် ဒီလှုပ်ရှားမှုမှာရော အနောဘာတွေ ဦးဆောင်လှုပ်ရှားနေလဲ။

NOH- ကျမတို့က ခုက ရောဂါကာလမို့ပေါ့။ ခါတိုင်းဆိုရင်တော့ ကျမတို့ တခြား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ ရှိပါတယ်။ ဒီနှစ်ကတော့ ကျမတို့ ၁၆ရက်တာရက်သတ္တပတ် ဆွေးနွေးပွဲ လက်လှမ်းမီသလောက်လုပ်တယ်။ ပြီးတော့ ကျမတို့ ကမ်ပိန်းပေါ့နော်။ ကျမတို့ အင်္ကျီကမ်ပိန်းတွေလုပ်ပေးတယ်။

 

NL- ခုဆိုရင် အနောတို့ကိုယ်တိုင် လွတ်မြောက်ရေးတောင်းဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရ နောက်ထပ် ၅နှစ် တာဝန်ယူတော့မယ်။ ဒီအတွက် တိုင်းရင်းသားအရေး လူ့အခွင့်အရေးတွေကို ဘာတွေလုပ်ပေးဖို့ တောင်းဆိုချင်လဲ။

NOH-ကျမတို့ ပထမသက်တမ်းမှာတော့ ပေးခဲ့တဲ့ ကတိတွေ မရဘူးပေါ့နော။ မြစ်ဆုံကိစ္စဆိုလည်း ဘာမှမရခဲ့ဘူး။ ပြည်သူတွေ ချပြမယ်ဆိုတာလည်း ချမပြနိုင်ခဲ့ဘူး။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့လည်း အစိုးသည် ကျမတို့ မျှော်မှန်းတဲ့အထိ သူတို့ မလုပ်ပေးနိုင်ဘူး။ အဓိကက ပြည်သူတွေကလည်း တိုက်တွန်းရမယ့် တာဝန်ရှိတယ်ပေါ့နော။ အစိုးရသည် ပြည်သူတွေ ထိန်းကျောင်းတတ်ဖို့လိုတယ်။ ပြည်သူတွေကိုယ်တိုင်က ဥပဒေတွေ နားလည်ပြီးတော့ အခွင့်အရေးတွေသိမှလည်း အစိုးရကို ထိန်းကျောင်းလို့ရမှာလို့ ကျမမြင်ပါတယ်။ ကျမတို့ချည်းပဲ လုပ်လို့မရပါဘူး။ အစိုးရကို ပြည်သူတွေပေါ်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးတဲ့နေရာမှာ လု့အခွင့်အရေးစံချိန်စံညွှန်းတွေနဲ့ အပြည့်အဝလုပ်ပေးစေချင်တယ်လို့ ကျမပြောချင်ပါတယ်။

 

NL- အခုဆိုရင် နိုင်ငံသားအခွင့်အရေးအတွက် လှုပ်ရှားသူများဆုကို အနေရပြီဆိုတော့ အနောကိုယ်တိုင်ရောဘာတွေ ဆက်လုပ်အုံးမလဲ

NOH-လူ့အခွင့်အရေးဆုကို ချီးမြှင့်တဲ့အတွက်တော့ ဝမ်းသာပါတယ်။ ကျမတို့လုပ်နေကျ အလုပ်က တောက်လျှောက်လုပ်နေရပါတယ်။ ရွေးကောက်ပွဲပြီးပြီးချင်’မှာပထဆုံး အမျိုးသမီးအကြမ်းဖက်မှု ဆောင်ရွက်ပေးရတယ်။ မဲပေးစဉ်ကာလက မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ နေရာငါးခုပေါ့နော် အဲ့က ပြည်သူတွေက ရွေးကောက်ပွဲတုန်းက ရွှေ့ပြောင်းနေထိုင်သူများလို့ ပြောပြီးတော့မှ မဲပေးခဲ့ရတယ်။ ရွေးကောက်ပွဲပြီးပြီးချင်းမှာ ကျူးကျော်စာရင်း လာကောက်တယ်။ အဲ့အတွက် ကျမတို့က ဒီအဖွဲ့တွေက ဥပဒေအရ နေထားတဲ့ဟာတွေလည်း ရှိတယ်။ တချို့ဆိုရင် နှစ်ပေါင်း၂၀ကျော် ၃၀လောက် နေခဲ့တဲ့လူတွေ ရှိပါတယ်။ အဲ့အတွက် နေလို့ရအောင် လုပ်ပေးရမှာ အစိုးရတာဝန်ဖြစ်တယ်။ အားအားရှိ ကျမတို့ပြည်သူတွေကို ကျူးကျော် ကျုးကျော်လို့ ကျမတို့ အလုပ်မခံပါဘူး။ ပြည်သူတွေကိုယ်တိုင်လည်း ဒါကျူးကျော်မရှိဘူး နိုင်ငံသားအခွင့်အရေးအရ နေထိုင်ခွင့်ရှိတယ်ဆိုတာ သိဖို့လိုသလို သူတို့ဥပဒေတွေသိပြီးတော့မှ ပြန်ပြီးတုံ့ပြန်တတ်အောင် ကျမတို့ လုပ်ဆောင်ပေးရတဲ့ ကိစ္စဖြစ်တယ်ပေါ့နော်။ အဲ့အတွက် ကျမတို့ အစိုးရကို ပြောချင်တာတော့လေ ပြည်သူတွေကို တည့်အောင်လုပ်ပေးဖို့ လိုပါတယ်။ ပြည်သူတွေက အစိုးရကို ထိန်းကျောင်းဖို့လိုသလို အစိုးရအနေနဲ့ ပြည်သူတွေကို စေတနာအမှန်နဲ့ ဆင်းရဲသားကျတော့ ကျောချစရာနေရာတောင်မှ မပေးချင်ဘဲနဲ့ ချမ်းသာတဲ့လူကျတော့ ပေးမယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီအစိုးရကိုတော့ ပြည်သူ့အသံကို နားထောင်တဲ့အစိုးရဖြစ်စေချင်ပါတယ်လို့ ကျမပြောချင်ပါတယ်။ လို့ နော်အုန်းလှက VOM နဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ဖြေဆိုထားပါတယ်။

 

နော်အုန်းလှကို ဆုပေးတဲ့ ဆွီဒင်နိုင်ငံအခြေစိုက် Civil Rights Defender အဖွဲ့ဟာ နိုင်ငံရေးအရဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ၊ အချုပ်အနှောင်မရှိဘဲ လွတ်လပ်စွာတည်ရှိတဲ့ အဖွဲ့ဖြစ်ပြီး ဆွီဒင်နိုင်ငံ စတော့ခ်ဟုမ်းမြို့မှာတည်ရှိပြီး နိုင်င့အသီးသီးက ဒေသခံ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လက်တွဲပြီး သူတို့ရဲ့ လုံခြုံရေးနဲ့ စွမ်းဆောင်ရည်တွေ တရားမျှတမှုတွေ တိုးတက်ရေးအတွက် ကာကွယ်လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

 

အရင်က နော်အုန်းလှလို အလားတူပဲ ဘယ်လ်လယ်ရပ် ၊ တူရကီနဲ့ တောင်ဆူဒန် နိုင်ငံက တက်ကြွလှုပ်ရှားသူတွေကို ပေးခဲ့ဘူးပါတယ်။

 

ဓါတ်ပုံ နော်အုန်းလှဖေ့ဘုတ်

#voiceofmyanmr #VOM #နော်အုန်းလှ # Civil Rights Defender

Related posts

Leave a Comment

VOM News

FREE
VIEW