ဧရာ၀တီတိုင်း စည်ပင်၀န်ကြီးကိုဗစ်ကူးစက်ခံရ

ပုသိမ်-ဒီဇင်ဘာ-၁၀-၂၀၂၀

အောင်အောင်(VOM)

 

ဧရာ၀တီတိုင်းအစိုးရအဖွဲ့စည်ပင်သာယာရေး၀န်ကြီး ဦးကျော်မြင့်မှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ဧရာ၀တီတိုင်းအစိုးရအဖွဲ့ကနေသိရပါတယ်။

“ရွေးကောက်ပွဲကိစ္စနဲ့လပွတ္တာမြို့ကိုသွားရင်းနဲ့ ရုံးက တဆင့်ကူးစက်တာကျန်းမာရေးကောင်းမွန်တယ်”လို့ တိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူဦး၀င်းဌေးက ပြောပါတယ်။

စည်ပင်၀န်ကြီးဟာ လပွတ္တာမြို့မှာ ရောဂါရှိသူတွေနဲ့ထိတွေ့မိတဲ့အတွက်လမင်းကြည်တည်းခိုခန်းမှာ အသွားအလာကန့်သတ်ထားပြီး ပထမအကြိမ်စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ခဲ့ဘဲ ဒုတိယအကြိမ် အဖြစ် ရန်ကုန်အမျိုးသားဓါတ်ခွဲခန်းကို ပေးပို့စစ်ဆေးရာမှာတော့ ကိုဗစ်ရောဂါတွေ့ခဲ့ရတာဖြစ်ပါတယ်။

စည်ပင်၀န်ကြီးဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လပွတ္တာမြို့နယ်ပြည့်သူလွှတ်တော်နေရာမှာ အနိုင်ရရှိခဲ့တာကြောင့် ရွေးကောက်ပွဲကုန်ကျစရိတ်အတွက်အစည်းအဝေး မှာမြို့နယ် NLD

ရုံးက အဖွဲ့၀င်တစ်ဦးဆီကနေ ကူးစက်ခဲ့တာပါ။ လပွတ္တာမြို့နယ် NLDရုံးက အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၄ဦးအပါအ၀င် ရုံးအဖွဲ့ ၁၇ဦးလုံး ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။

 

“ရုံးက ကွန်ပြူတာ ကိုင်တဲ့ကောင်လေးကတဆင့်ကူးတာ သူက အစည်းအဝေးမှာ ရုံးရှေ့ကဒိန်ချဥ် ၀ယ်သောက်တာအဲ့ဒီအသည်ဆီကတဆင့်ကူးပြီး ကျန်တဲ့သူတွေပါကူးကုန်တာ”လို့လပွတ္တာမြို့ အဖြူရောင်ဧရာ၀တီ ပရဟိတအဖွဲ့က ဦးစိုးသီဟမင်းကပြောပါတယ်။

 

လက်ရှိမှာ စည်ပင်၀န်ကြီးဦးကျော်မြင့်ကို လပွတ္တာမြို့ကနေ ပုသိမ်ဆေးရုံကို လွဲပြောင်းကုသဖို့ ပြင်ဆင်နေတယ်လို့ တိုင်းအစိုးရအဖွဲ့ကနေသိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်းစည်ပင်ဝန်ကြီးကိုဗစ်ကူးစက်

zawgy

ဧရာ၀တီတိုင္း စည္ပင္၀န္ႀကီးကိုဗစ္ကူးစက္ခံရ

ပုသိမ္-ဒီဇင္ဘာ-၁၀-၂၀၂၀
ေအာင္ေအာင္(VOM)

ဧရာ၀တီတိုင္းအစိုးရအဖြဲ႕စည္ပင္သာယာေရး၀န္ႀကီး ဦးေက်ာ္ျမင့္မွာ ကိုဗစ္ေရာဂါေတြ႕ခဲ့တယ္လို႔ ဧရာ၀တီတိုင္းအစိုးရအဖြဲ႕ကေနသိရပါတယ္။

“ေ႐ြးေကာက္ပြဲကိစၥနဲ႔လပြတၱာၿမိဳ႕ကိုသြားရင္းနဲ႔ ႐ုံးက တဆင့္ကူးစက္တာ
က်န္းမာေရးေကာင္းမြန္တယ္”လို႔ တိုင္းအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူဦး၀င္းေဌးက ေျပာပါတယ္။

စည္ပင္၀န္ႀကီးဟာ လပြတၱာၿမိဳ႕မွာ ေရာဂါရွိသူေတြနဲ႔ထိေတြ႕မိတဲ့အတြက္
လမင္းၾကည္တည္းခိုခန္းမွာ အသြားအလာကန႔္သတ္ထားၿပီး ပထမအႀကိမ္စစ္ေဆးရာမွာ ေရာဂါပိုးမေတြ႕ခဲ့ဘဲ ဒုတိယအႀကိမ္ အျဖစ္ ရန္ကုန္အမ်ိဳးသားဓါတ္ခြဲခန္းကို ေပးပို႔စစ္ေဆးရာမွာေတာ့ ကိုဗစ္ေရာဂါေတြ႕ခဲ့ရတာျဖစ္ပါတယ္။

စည္ပင္၀န္ႀကီးဟာ ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ လပြတၱာၿမိဳ႕နယ္ျပည့္သူလႊတ္ေတာ္ေနရာမွာ အႏိုင္ရရွိခဲ့တာေၾကာင့္ ေ႐ြးေကာက္ပြဲကုန္က်စရိတ္အတြက္အစည္းအေဝး မွာၿမိဳ႕နယ္ NLD
႐ုံးက အဖြဲ႕၀င္တစ္ဦးဆီကေန ကူးစက္ခဲ့တာပါ။ လပြတၱာၿမိဳ႕နယ္ NLD႐ုံးက အႏိုင္ရလႊတ္ေတာ္ကိုယ္စားလွယ္ ၄ဦးအပါအ၀င္ ႐ုံးအဖြဲ႕ ၁၇ဦးလုံး ကူးစက္ခံခဲ့ရတာျဖစ္ပါတယ္။

“႐ုံးက ကြန္ျပဴတာ ကိုင္တဲ့ေကာင္ေလးကတဆင့္ကူးတာ သူက အစည္းအေဝးမွာ ႐ုံးေရွ႕ကဒိန္ခ်ဥ္ ၀ယ္ေသာက္တာအဲ့ဒီအသည္ဆီကတဆင့္ကူးၿပီး က်န္တဲ့သူေတြပါကူးကုန္တာ”လို႔လပြတၱာၿမိဳ႕ အျဖဴေရာင္ဧရာ၀တီ ပရဟိတအဖြဲ႕က ဦးစိုးသီဟမင္းကေျပာပါတယ္။

လက္ရွိမွာ စည္ပင္၀န္ႀကီးဦးေက်ာ္ျမင့္ကို လပြတၱာၿမိဳ႕ကေန ပုသိမ္ေဆး႐ုံကို လြဲေျပာင္းကုသဖို႔ ျပင္ဆင္ေနတယ္လို႔ တိုင္းအစိုးရအဖြဲ႕ကေနသိရပါတယ္။
#voiceofmyanmar #VOM #ဧရာဝတီတိုင္းစည္ပင္ဝန္ႀကီးကိုဗစ္ကူးစက္

 

 

Related posts

Leave a Comment

VOM News

FREE
VIEW