ရဲဝန်ထမ်းနဲ့ အချုပ်သားတွေမှာ Covid-19 ပိုးတွေ့ပြီးနောက် ပဲခူးအမှတ်၂ စခန်းကို lock down သတ်မှတ်

ဒီဇင်ဘာ ၁၁-၂၀၂၀

ကောင်းလက်ျာ(VOM)

ပဲခူးမြို့နယ် အမှတ်၂ နယ်မြေရဲစခန်းမှ အချုပ်ကျတရားခံ ၆ ဦး ဒီဇင်ဘာလ ၁၀ရက်နေ့က Covid-19 ပိုးစစ်ဆေးတွေ့ ရှိခဲ့ပြီးနောက် ရဲစခန်းကို Lockdown သတ်မှတ်လိုက်တယ်လို့ စခန်းကသိရပါတယ်။

“ အချုပ်တရားခံ အမျိုးသမီး နှစ်ဦးနဲ့အမျိုးသား လေးဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ ဘယ်လို ကူးစက်တယ် ဆို‌တာကိုမသိသေးပါဘူး ။စခန်းတစ်ခုလုံးအသွားလာကန့်သတ်လိုက်ပြီး အမှတ် ၃စခန်းမှာရဲလုပ်ငန်းတွေကို ရွေ့ပြောင်းဆောင်ရွက်နေပါတယ်”  လို့ အမှတ် ၂စခန်း တာဝန်ရှိသူက ပြောပြပါတယ်။

ပဲခူးမြို့နယ် အမှတ်၂ နယ်မြေရဲစခန်းဝင်းမှာနေတဲ့ ရဲတပ်သားတစ်ဦးရဲ့ မိသားစုဝင်တစ်ဦး ဒီဇင်ဘာ ၈ ရက်နေ့က နေမကောင်းဖြစ်ပြီး အနံ့ပျောက်သွားတာကြောင့် ပဲခူးမြို့နယ်   Fever Clinicဆေးခန်းသွား‌‌ေရာက်ကုသစစ်ဆေးမှု ံစဉ် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိပြီး သူမခင်ပွန်းရဲတပ်သားနဲ့ တာဝန်ကျအချုပ်ခန်းကို ထပ်မံစစ်ဆေးရာမှအချုပ်ကျတရားခံ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦး ထပ်မံ‌ပြီး ပိုးတွေ့ခဲ့တာလို့ သိရပါတယ်။

လက်ရှိ ပဲခူးအမှတ် ၂ နယ်‌ေြမရဲစခန်းမှာ ပိုးတွေ့သူ ၇ ဦးရှိနေပြီး  ဒီဇင်ဘာ၁၀ ရက်နေ့က ပဲခူးမြို့နယ်အတွင်းပိုးတွေ့လူနာ စုစုပေါင်း ၄၃ ဦးအနက် အချုပ်ကျသူ ၆ ဦး ပါဝင်ခဲ့တာလို့ ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနထုတ်ပြန်ချက် အရသိရပါတယ်။

Covid-19 ပိုးတွေ့ အချုပ်သား ၆ ဦးကို ကိုဗစ်ကြပ်မတ် ကုသရေးစင်တာကို ပို့ဆောင်ပေးထားပြီး ပဲခူးမြို့အမှတ်၂နယ်မြေ ရဲစခန်းတစ်ခုလုံးအသွားအလာကန့်သတ်ထားသလို အချုပ်ခန်း ကင်းစောင့်တာဝန်ကျ ရဲတပ်သားများကို Test Kit နဲ့စစ်ဆေးသွားမယ်လို့ အဆိုပါရဲစခန်းမှသိရပါတယ်။

ကိုဗစ်ဒုတိယလှိုင်းကာလမှာ ရန်ကုန်နဲ့ထိစပ်နေတဲ့ ပဲခူးမြို့နယ်အတွင်း ပိုးတွေ့လူနာစုစုပေါင်း ၁၅၉၅ ဦးရှိပြီးသေဆုံးခဲ့သူ ၁၁ ဦးထိရှိထားပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပဲခူးအမှတ်၂ စခန်း  #ကိုဗစ်

ဓါတ်ပုံ-ဘဝသစ်

zawgy

ရဲဝန္ထမ္းနဲ႔ အခ်ဳပ္သားေတြမွာ Covid-19 ပိုးေတြ႕ၿပီးေနာက္ ပဲခူးအမွတ္၂ စခန္းကို lock down သတ္မွတ္

ဒီဇင္ဘာ ၁၁-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးၿမိဳ႕နယ္ အမွတ္၂ နယ္ေျမရဲစခန္းမွ အခ်ဳပ္က်တရားခံ ၆ ဦး ဒီဇင္ဘာလ ၁၀ရက္ေန႔က Covid-19 ပိုးစစ္ေဆးေတြ႕ ရွိခဲ့ၿပီးေနာက္ ရဲစခန္းကို Lockdown သတ္မွတ္လိုက္တယ္လို႔ စခန္းကသိရပါတယ္။

“ အခ်ဳပ္တရားခံ အမ်ိဳးသမီး ႏွစ္ဦးနဲ႔အမ်ိဳးသား ေလးဦးမွာ ေရာဂါပိုးေတြ႕ရွိခဲ့
တာပါ။ ဘယ္လို ကူးစက္တယ္ ဆို‌တာကိုမသိေသးပါဘူး ။စခန္းတစ္ခုလုံးအသြားလာကန႔္သတ္လိုက္ၿပီး အမွတ္ ၃စခန္းမွာရဲလုပ္ငန္းေတြကို ေ႐ြ႕ေျပာင္းေဆာင္႐ြက္ေနပါတယ္” လို႔ အမွတ္ ၂စခန္း တာဝန္ရွိသူက ေျပာျပပါတယ္။

ပဲခူးၿမိဳ႕နယ္ အမွတ္၂ နယ္ေျမရဲစခန္းဝင္းမွာေနတဲ့ ရဲတပ္သားတစ္ဦးရဲ႕ မိသားစုဝင္တစ္ဦး ဒီဇင္ဘာ ၈ ရက္ေန႔က ေနမေကာင္းျဖစ္ၿပီး အနံ႔ေပ်ာက္သြားတာေၾကာင့္ ပဲခူးၿမိဳ႕နယ္ Fever Clinic
ေဆးခန္းသြား‌ေရာက္ကုသစစ္ေဆးမႈ ံစဥ္ ကိုဗစ္ပိုးစစ္ေဆးေတြ႕ရွိၿပီး သူမခင္ပြန္းရဲတပ္သားနဲ႔ တာဝန္က်အခ်ဳပ္ခန္းကို ထပ္မံစစ္ေဆးရာမွအခ်ဳပ္က်တရားခံ အမ်ိဳးသား ၄ ဦးနဲ႔ အမ်ိဳးသမီး ၂ ဦး ထပ္မံ‌ၿပီး ပိုးေတြ႕ခဲ့တာလို႔ သိရပါတယ္။

လက္ရွိ ပဲခူးအမွတ္ ၂ နယ္‌ေျမရဲစခန္းမွာ ပိုးေတြ႕သူ ၇ ဦးရွိေနၿပီး ဒီဇင္ဘာ
၁၀ ရက္ေန႔က ပဲခူးၿမိဳ႕နယ္အတြင္းပိုးေတြ႕လူနာ စုစုေပါင္း ၄၃ ဦးအနက္ အခ်ဳပ္က်သူ ၆ ဦး ပါဝင္ခဲ့တာလို႔ ပဲခူးၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီး ဌာနထုတ္ျပန္ခ်က္ အရသိရပါတယ္။

 

Covid-19 ပိုးေတြ႕ အခ်ဳပ္သား ၆ ဦးကို ကိုဗစ္ၾကပ္မတ္ ကုသေရးစင္တာကို ပို႔ေဆာင္ေပးထားၿပီး ပဲခူးၿမိဳ႕အမွတ္၂နယ္ေျမ ရဲစခန္းတစ္ခုလုံးအသြားအလာကန႔္သတ္ထားသလို အခ်ဳပ္ခန္း ကင္းေစာင့္တာဝန္က် ရဲတပ္သားမ်ားကို Test Kit နဲ႔စစ္ေဆးသြားမယ္လို႔ အဆိုပါရဲစခန္းမွသိရပါတယ္။

ကိုဗစ္ဒုတိယလႈိင္းကာလမွာ ရန္ကုန္နဲ႔ထိစပ္ေနတဲ့ ပဲခူးၿမိဳ႕နယ္အတြင္း ပိုးေတြ႕လူနာစုစုေပါင္း ၁၅၉၅ ဦးရွိၿပီးေသဆုံးခဲ့သူ ၁၁ ဦးထိရွိထားၿပီျဖစ္ပါတယ္။

#voiceofmyanmar #VOM #ပဲခူးအမွတ္၂ စခန္း #ကိုဗစ္

ဓါတ္ပုံ-ဘဝသစ္

 

 

Related posts

Leave a Comment

VOM News

FREE
VIEW