ဦးဂါကျေးရွာသူအနေနဲ့ အပြစ်ရှိသူကို အပြစ်ပေးတဲ့အတွက် ကျေနပ်မှုရှိ

စစ်တွေ၊ ဒီဇင်ဘာ ၁၁- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာက အသက် ၃၆ နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ တပ်မတော်သား(၃) ဦးကို ဒီကနေ့မနက်ပိုင်းက စစ်တွေတပ်နယ်အတွင်း လေးဝတီပညာရေးရိပ်သာ၊ စစ်တရားခုံရုံးမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် (၂၀) ချမှတ်လိုက်တဲ့အပေါ် ကျေနပ်မှုရှိတယ်လို့ ဦးဂါကျေးရွာသူက ပြောပါတယ်။ စွဲချက်တင်တဲ့အခါ ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေပုဒ်မ-၁၁၄ (က) အရ တပ်မတော်သား (၃) ဦကို စွဲချက်တင်ခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သားတွေကတော့ အမှတ် (၂၀၆) ခြေမြန်တပ်ရင်းက တပ်သား အောင်မျိုးမင်း၊ တပ်သား မင်းသူရနဲ့ တပ်သား မြင့်လွင် တို့ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ်မှာ အသက် (၃၆) နှစ်အရွယ် ဦးဂါရွာသူတစ်ဦးကို…

Read More

၂နှစ်နီးပါး တိမ်းရှောင်နေတဲ့ အမျိုးသားရေးသမား ၂ယောက် သွားရောက်အဖမ်းခံ

ရန်ကုန်၊ဒီဇင်ဘာ ၁၁၊၂၀၂၀ အေးချမ်းသူ(VOM)   အမျိုးသားရေးလှုပ်ရှားမှုတွေကြောင့် ပုဒ်မ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားပြီး၂နှစ်နီးပါး ကြာမြင့်ပြီးနောက် မျိုးချစ်သွေးဓမ္မကွန်ရက်ဥက္ကဋ္ဌ ဦးတင်လင်းထိုက်နဲ့ မြတ်ဘုန်းမိုရ် တို့ဟာ ဒီကနေ့မနက်က သာကေတအမှတ်(၂)ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။ သူတို့ကို လာရောက်ဝန်းရံသူ ရဟန်းပျိုများသမဂ္ဂအတွင်းရေးမှုးဆရာတော် ဦးသုစိတ္တက “ထမင်းဝအောင် စားထား စာသားပါအင်္ကျီကိစွနဲ့ပါ ပုဒ်မ၅၀၅(ခ)နဲ့တရားစွဲထားတာကြာပါပြီ ရဲကမဖမ်းဘူး ကိုယ်တိုင်လာအဖမ်းခံတာ”လို့  VOMကိုမိန့်ကြားပါတယ်။ လာရောက်အဖမ်းခံတဲ့ မျိုးဆက်သွေးဓမ္မကွန်ရက်ဥက္ကဋ္ဌ  ဦးတင်လင်းထိုက်နဲ့ မြတ်ဘုန်းမိုရ်တို့ကို လက်ရှိအခြေအနေမှာ အင်းစိန်ထောင်ကို ပို့ဆောင်ဖို့ သက်ဆိုင်ရာက စီစဉ်နေကြောင်း ဆရာတော် ဦးသုစိတ္တကမိန့်ကြားပါတယ်။   #voiceofmyanmar #VOM #မျိုးဆက်သွေးဓမ္မကွန်ရက် #တင်လင်းထိုက် #မြတ်ဘုန်းမိုရ် zawgy ၂နှစ်နီးပါး တိမ်းရှောင်နေတဲ့ အမျိုးသားရေးသမား ၂ယောက် သွားရောက်အဖမ်းခံ ရန်ကုန်၊ဒီဇင်ဘာ ၁၁၊၂၀၂၀ အေးချမ်းသူ(VOM) အမျိုးသားရေးလှုပ်ရှားမှုတွေကြောင့် ပုဒ်မ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားပြီး၂နှစ်နီးပါး ကြာမြင့်ပြီးနောက် မျိုးချစ်သွေးဓမ္မကွန်ရက်ဥက္ကဋ္ဌ ဦးတင်လင်းထိုက်နဲ့ မြတ်ဘုန်းမိုရ်…

Read More

ရန်ကုန်တိုင်းအစိုးရဝန်ကြီးအပါအဝင် ဝန်ထမ်းလေးဦးမှာ ကိုဗစ်ပိုးတွေ့လို့ အစိုးရရုံးယာယီပိတ်

ရန်ကုန်၊ဒီဇင်ဘာ ၁၁၊၂၀၂၀ အေးချမ်းသူ(VOM)   ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာ စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးအပါအဝင် လေးဦးမှာ ကိုဗစ်ပိုးတွေ့ရှိလို့  တိုင်းဒေသကြီးအစိုးရရုံးကို ခေတ္တယာယီပိတ်ထားပါတယ်။   ရန်ကုန်မြို့တော်ဝန်နဲ့ စည်ပင်သာယာရေးဝန်ကြီးဖြစ်သူ ဦးမောင်မောင်စိုးနဲ့ဇနီး၊ ကိုယ်ရေးအရာရှိနဲ့ ယာဉ်မောင်းနှစ်ဦးမှာ ဒီဇင်ဘာ ၈ ရက်က ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ဒီဇင်ဘာ ၁၀ ရက်မှာ ရန်ကုန်တိုင်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ အစိုးရရုံးဝန်ထမ်းတွေကို စစ်ဆေးတာမှာ ထပ်မံတွေ့ရှိခဲ့တာလို့ ရန်ကုန်တိုင်းအစိုးရရဲ့ရုံးရဲ့ ဝန်ထမ်းတဦးက VOM ကို ပြောပါတယ်။   Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဒေါက်တာကျော်စွာဦးက “ဝန်ကြီးဦးဟန်ထွန်းပါ လေးဦးမနေ့ကပဲ မနေ့ကပဲပိုးတွေ့လို့ ဆေးကုသမှုခံယူနေပါတယ် ပြန်ကောင်းလာမှာပါ “လို့ VOMကိုပြောပါတယ်။   စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးပါ၄ဦးကို ဆေးကုသမှုခံယူရန် တောင်ဥက္ကလာပဆေးရုံနှင့် အင်းယား ကိုဗစ်စင်တာတွေကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။   ဒီလိုကိုဗစ်ကူးစက်ခံရမှုအခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးကို ဒီဇင်ဘာ ၁၀ရက်မှ ဇန်နဝါရီ ၁၈ရက်နေ့အထိ ရုံးကိစွမှအပ…

Read More

ရသေ့တောင်မြို့နယ် ဦးဂါရွာမှာ မုဒိမ်းမှုကျူးလွန်သူ တပ်မတော်သား (၃) ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် (၂၀)ချမှတ်

စစ်တွေ၊ ဒီဇင်ဘာ ၁၁- ၂၀၂၀ ထက်အောင်စိုင်း (VOM)   ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာက အသက် (၃၆) နှစ်အရွယ် အိမ်ထောင်ရှိအမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ တပ်မတော်သား (၃) ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် (၂၀) စီ ပြစ်ဒဏ်ဒဏ်ချမှတ်လိုက်ပါတယ်။   ဒီကနေ့ မနက်ပိုင်း ၁၀ နာရီကျော်လောက်မှာ စစ်တွေတပ်နယ်အတွင်းက ဓညဝတီရိပ်သာ – စစ်တရားခုံးရုံးမှာ ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး လက်ရှိမှာ အဲဒီ တပ်မတော်သား (၃) ဦးကို စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး ဖြစ်ပါတယ်။   အဲဒီ တပ်မတော်သားသုံးဦးကို နယ်ဘက်ပြစ်မှု ဥပဒေပုဒ်မရော တပ်မတော်အက်ဥပဒေ ပုဒ်မတွေနဲ့ပါ တစ်ပေါင်းတည်း ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ကြောင်း သိရပါတယ်။   ဦးဂါကျေးရွာမှာ မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ တပ်မတော်သား (၃) ဦးကို အခုလိုမျိုး…

Read More

ရဲဝန်ထမ်းနဲ့ အချုပ်သားတွေမှာ Covid-19 ပိုးတွေ့ပြီးနောက် ပဲခူးအမှတ်၂ စခန်းကို lock down သတ်မှတ်

ဒီဇင်ဘာ ၁၁-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးမြို့နယ် အမှတ်၂ နယ်မြေရဲစခန်းမှ အချုပ်ကျတရားခံ ၆ ဦး ဒီဇင်ဘာလ ၁၀ရက်နေ့က Covid-19 ပိုးစစ်ဆေးတွေ့ ရှိခဲ့ပြီးနောက် ရဲစခန်းကို Lockdown သတ်မှတ်လိုက်တယ်လို့ စခန်းကသိရပါတယ်။ “ အချုပ်တရားခံ အမျိုးသမီး နှစ်ဦးနဲ့အမျိုးသား လေးဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ ဘယ်လို ကူးစက်တယ် ဆို‌တာကိုမသိသေးပါဘူး ။စခန်းတစ်ခုလုံးအသွားလာကန့်သတ်လိုက်ပြီး အမှတ် ၃စခန်းမှာရဲလုပ်ငန်းတွေကို ရွေ့ပြောင်းဆောင်ရွက်နေပါတယ်”  လို့ အမှတ် ၂စခန်း တာဝန်ရှိသူက ပြောပြပါတယ်။ ပဲခူးမြို့နယ် အမှတ်၂ နယ်မြေရဲစခန်းဝင်းမှာနေတဲ့ ရဲတပ်သားတစ်ဦးရဲ့ မိသားစုဝင်တစ်ဦး ဒီဇင်ဘာ ၈ ရက်နေ့က နေမကောင်းဖြစ်ပြီး အနံ့ပျောက်သွားတာကြောင့် ပဲခူးမြို့နယ်   Fever Clinicဆေးခန်းသွား‌‌ေရာက်ကုသစစ်ဆေးမှု ံစဉ် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိပြီး သူမခင်ပွန်းရဲတပ်သားနဲ့ တာဝန်ကျအချုပ်ခန်းကို ထပ်မံစစ်ဆေးရာမှအချုပ်ကျတရားခံ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦး…

Read More
VOM News

FREE
VIEW