ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၂၅ ဦး အဖမ်းခံရ

ဘန်ကောက်၊ ဒီဇင်ဘာ-၁၄-၂၀၂၀
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ Muang ခရိုင်ထဲက ကျေးရွာတစ်ရွာမှာ နယ်စပ်ကိုတရားမဝင်ဖြတ်ကျော်ပြီး နိုင်ငံအတွင်း ဝင်ရောက်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၂၅ ဦးကို ဒီဇင်ဘာ ၁၃ ရက်ညပိုင်းမှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၃ ရက်ည ၁၁ နာရီခန့်မှာ ထိုင်းရဲနဲ့ စစ်တပ်ပူးပေါင်းအဖွဲ့ဟာ နယ်စပ်အနီး ချုံတွေထဲမှာ ပုန်းအောင်းနေတဲ့ အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၁၁ ဦးပါဝင်တဲ့ မြန်မာနိုင်ငံသားအဖွဲ့တစ်ဖွဲ့ကို တွေ့ရှိခဲ့ကြပါတယ်။

သူတို့ဟာ သဘာဝနယ်စပ်ကတစ်ဆင့် Ban Kao မှာရှိတဲ့ Phu Nam Ron ကျေးရွာကို တရားမဝင် ဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို Muang ခရိုင် ကျန်းမာရေးရုံးမှာ ကိုဗစ်-၁၉ စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ဖျားနာသူမတွေ့ရဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ သူတို့ကို နောက်ထပ်စုံစမ်းစစ်ဆေးမှုနဲ့ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ဖို့ Muang ခရိုင် ရဲစခန်းကို လွှဲပြောင်းပေးထားတယ်လို့ဆိုပါတယ်။

Ref: Bangkok Post
Photo: Piyarat Chongcharoen
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW