ကမ္ဘာအေး တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်မှာ သံဃာနဲ့ လူပုဂ္ဂိုလ် ၁၇၀ကျော် ကိုဗစ်ကူးစက်ခံထားရ

ဒီဇင်ဘာ ၁၄-၂၀၂၀ သိင်္ဂီထွန်း (VOM) ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်ရှိ သံဃာနဲ့ လူပုဂ္ဂိုလ် ၁၇၂ဦး ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ “သူတို့အကုန်လုံးကို သံဃာနဲ့ပတ်သက်တဲ့ ကွာရန်တင်းစင်တာမှာပို့ထားတယ်။ ကူးစက်တာကို ဟိုေ့နကတည်းကပေါ့။ ပထမတွေ့တာက ၇၀ ကျော်၊ မနေ့ကထပ်တွေ့တာ ၉၆ လားမသိဘူး ထပ်တွေ့တာပေါ့နော်”လို့ မရမ်းကုန်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ဦးရန်ရှင်းကပြောပါတယ်။ လက်ရှိမှာတော့ ပိုးတွေ့ထားသူအားလုံးကို ကျန်းမာရေးစောင့်ရှောက်ပေးနေပြီး ကျောင်းတိုက်ကိုတော့ လော့ခ်ဒေါင်းပြုလုပ်ကာ ရောဂါပိုးကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မရန်းကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးမျိုးအေးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာ”အဲ့ဒါက တပ်မတော်ကုတင်တစ်ထောင်က စစ်ပေးတာပါ၊ ကျမတို့ဘက်က စစ်တာမဟုတ်လို့ အတည်ပြုလို့မရပါဘူး”လို့ ပြောပါတယ်။ ဒါကြောင့် ကမ္ဘာအေး တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်မှာ ကိုဗစ်ပိုးစတင်းကူးစက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရှိရသေးဘဲ ဒီဇင်ဘာ ၉ရက်နေ့က သံဃာ ၅၇ ပါးမှာ ကိုဗစ်ရောဂါပိုး…

Read More

မန်းမှာ မြို့နယ်ကူးခွင့် ကဒ်မပါလို့ဒဏ်ရိုက်သူ သောင်းတစ်ထောင်ကျော်ရှိပြီး  အဲဒီကဒ်ရောင်းသူတွေနဲ့ အတုကိုင်သူတွေကို အရေးယူမယ်

မန္တလေး၊ ဒီဇင်ဘာ- ၁၄- ၂၀၂၀ ရှိုင်းအောင်(VOM)   မန္တလေးမှာ Semi Lockdown ကာလအတွင်း မြို့နယ် ဝင်/ထွက်ခွင့် လက်မှတ်တွေကို သောင်းဂဏန်းနဲ့ တဆင့်ပြန်လည်ရောင်းချတဲ့သူတွေရှိသလို လက်မှတ်အတုတွေပြုလုပ်ပြီး ကိုင်ဆောင်နေတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူတော့မယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က VOM ကိုပြောပါတယ်။ ဘယ်လိုအရေးယူမှုတွေ ဆောင်ရွက်သွားမလဲဆိုတာတွေနဲ့ မန္တလေးခရိုင်အတွင်းက ကိုဗစ်ထိမ်းချုပ်နိုင်မှုအခြေအနေ၊  ကွာရန်တင်းစင်တာတွေ တိုးမြှင့်ဆောင်ရွက်နေတဲ့ အနေအထားတွေနဲ့ ဆက်စပ်ပြီး မန္တလေးတိုင်း အစိုးရအဖွဲ့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် VOM သတင်းထောက် ကိုရှိုင်းအောင်က မေးမြန်းထားတာ ဖြစ်ပါတယ်။   VOM -မန္တလေးခရိုင်အတွင်းမှာ Semi Lockdown ကာလအတွင်း ကွာရန်တင်းစင်တာတွေနဲ့ ကွာရန်တင်း ဝင်နေရတဲ့သူတွေ အရေအတွက် မမျှတတာကြောင့် ကွာရန်တင်းစင်တာတွေ…

Read More

ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၂၅ ဦး အဖမ်းခံရ

ဘန်ကောက်၊ ဒီဇင်ဘာ-၁၄-၂၀၂၀ မျိုးဆက်(VOM) ထိုင်းနိုင်ငံ Muang ခရိုင်ထဲက ကျေးရွာတစ်ရွာမှာ နယ်စပ်ကိုတရားမဝင်ဖြတ်ကျော်ပြီး နိုင်ငံအတွင်း ဝင်ရောက်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၂၅ ဦးကို ဒီဇင်ဘာ ၁၃ ရက်ညပိုင်းမှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ဒီဇင်ဘာ ၁၃ ရက်ည ၁၁ နာရီခန့်မှာ ထိုင်းရဲနဲ့ စစ်တပ်ပူးပေါင်းအဖွဲ့ဟာ နယ်စပ်အနီး ချုံတွေထဲမှာ ပုန်းအောင်းနေတဲ့ အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၁၁ ဦးပါဝင်တဲ့ မြန်မာနိုင်ငံသားအဖွဲ့တစ်ဖွဲ့ကို တွေ့ရှိခဲ့ကြပါတယ်။ သူတို့ဟာ သဘာဝနယ်စပ်ကတစ်ဆင့် Ban Kao မှာရှိတဲ့ Phu Nam Ron ကျေးရွာကို တရားမဝင် ဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို Muang ခရိုင် ကျန်းမာရေးရုံးမှာ ကိုဗစ်-၁၉ စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ဖျားနာသူမတွေ့ရဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ သူတို့ကို…

Read More

ပါကစ္စတန်ဝန်ကြီချုပ် နှုတ်ထွက်ရေး အကြီးအကျယ်ဆန္ဒပြနေကြ

လာဟိုး၊ ဒီဇင်ဘာ-၁၄-၂၀၂၀ မျိုးဆက် (VOM) ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရာခန်းနှုတ်ထွက်ပေးရေး တောင်ဆိုဖို့အတွက် မြို့တော်အစ္စလာမ္မာဘတ်မှာ လာမည့်လတွေအတွင်းပြုလုပ်မယ့် ချီတက်ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ကြဖို့ ဒီဇင်ဘာ ၁၃ ရက်မှာ ဆန္ဒပြပွဲပြုလုပ်ခဲ့တဲ့ သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေကို အစိုးရဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။ ပါကစ္စတန်အတိုက်ခံပါတီ ၁၁ ပါတီနဲ့ အဲ့ဒီမဟာမိတ်အဖွဲ့ဟာ ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့နဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ပါဝင်မှုကို အဆုံးသတ်ဖို့အတွက် စက်တင်ဘာလကတည်းက ဆန္ဒပြပွဲတွေ အကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်ဟာ တွေ့ဆုံဆွေးနွေးရေးကာလပြီးဆုံးသွားပြီဖြစ်ပြီး ချီတက်ဆန္ဒပြရမယ့်အချိန်ဖြစ်ကြောင်း ကွယ်လွန်သွားပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုရဲ့ သားဖြစ်သူ အတိုက်အခံခေါင်းဆောင် ဘီလာဝယ်ဘူတိုဇာဒါရီက ပြောပါတယ်။ ရွေးကောက်ပွဲအသစ်ကျင်းပပေးမယ်လို့ မကြေညာဘူးဆိုရင် ဝန်ကြီးချုပ် အိုင်မရာခန်း သို့မဟုတ် ပါကစ္စတန်စစ်ဘက်နဲ့ ဘယ်လိုတွေ့ဆုံဆွေးနွေးမှုကိုမှု ပြုလုပ်မှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲတစ်ခုကျင်းပဖို့နဲ့ပတ်သက်ပြီး အစိုးရကိုဖိအားပေးဖို့ စီစဉ်ထားတယ်လို့ မကြာသေးမီကာလတွေအတွင်း အကြီးဆန္ဒပြပွဲခြောက်ခုပြုလုပ်ခဲ့တဲ့ အတိုက်အခံတွေက ပြောပါတယ်။ ပုံမှန်ရွေးကောက်ပွဲကို…

Read More

မြဝတီမြို့မှာ နှစ်ရက်အတွင်း လိုင်စင်မဲ့မော်‌တော်ယာဉ် အစီးရေ ၁၄၀ နီးပါး ဖမ်းမိ

ဒီဇင်ဘာ ၁၄-၂၀၂၀ ကောင်းလက်ျာ(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၁၁ ရက်နဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တရားမဝင်တင်သွင်းသို‌လှောင်ထားတဲ့ လိုင်စင်မဲ့ မော်တော်ယာဉ် ၁၄၀ နီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ မြဝတီခရိုင်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ” အမှုနဲ့ပတ်သက်လို့ လူပုဂ္ဂိုလ်သုံးဦးကို အမှုဖွင့်လှစ်အရေးယူထားတယ်။ လက်တလောပုဒ်မအနေနဲ့ ပို့ကုန်သွင်းကုန်အက်ဥပဒေပုဒ်မ-၈နဲ့ပါ။ အသေးစိတ်အချက်လက်ကိုတော့ ပြောလို့မရသေးဘူး”လို့ မြဝတီမြို့မရဲစခန်းမှာ စခန်းမှူး ဒု-ရဲမှူးအောင်ကျော်ဦးက ပြောပါတယ်။ ဒီဇင်ဘာ ၁၁ ရက်ညနေ ၄ နာရီခွဲခန့်က နယ်မြေခံရဲတပ်ဖွဲ့၊ အုပ် ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တစ်ခုဟာ မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်၊ မြတ်လင်းအေးမြိုင်လမ်းခြံတစ်ခုကနေ လိုင်စင်မဲ့မော်တော်ယာဉ်၂၃စီးနဲ့ လိုင်စင်မဲ့မော်တော်ယာဉ် ၁၄ စီး၊ ခြံဝင်းနောက်တစ်ခုမှ လိုင်စင်မဲ့ မော်တော်ယာဉ် ၃၁ စီး စုစု‌ပေါင်း တရားမဝင် အကောက်ခွန်မဲ့ (လိုင်စင်မဲ့)…

Read More

မြေနုကျွန်းပြဿနာ ဖြေရှင်းမပေးတဲ့ ကျေးရွာလယ်/စီကို အရေးယူပေးဖို့ ဒေသခံအချို့ဆန္ဒဖော်ထုတ်

ဒီဇင်ဘာ ၁၄-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ဝါမြို့၊ စပ်စုကျေးရွာ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ နဲ့ မြေစာရင်းဌာနကို မြေနုကျွန်းပြဿနာ ပြေလည်အောင်‌ ဖြေရှင်းစီမံပေးခြင်းမရှိဘူးလို့ဆိုပြီး ဒေသခံ တောင်သူ ၂၀ ကျော်က ဒီကနေ့မနက်ပိုင်းက စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ကျေးရွာဥက္ကဋ္ဌ နဲ့ သူ့လူတွေက စိုက်ပျိုးလုပ်ကိုင်နေသူတွေကို ရန်ရှာတယ်။ ဝန်ကြီးချုပ်ညွန်ကြားချက်ကို အရေးတယူမလုပ်ပေးဘဲ ကျွန်တော်တို့လုပ်ကိုင်စားသောက်လာတာ ၉ နှစ်လောက်ရှိတဲ့ စိုက်ခင်သီးနှံတွေကို ဖျက်ဆီးတယ်။ ပြီးတော့ တိုင်ချင်ရာတိုင်ပုံစံလုပ်နေလို့ ကျေးရွာလယ်/စီ နဲ့မြေစာရင်းဌာနကို အရေးယူပေးဖို့ဆန္ဒပြတာပါ”လို့ ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ဦးတိုးဝင်းက ပြောပါတယ်။ စပ်စုကျေးရွာအနီး စစ်တောင်းမြစ်ကမ်း မြေနုကျွန်းတွေကို မူလ‌ လယ်သမားတွေနဲ့မြေယာ‌မဲ့တွေကို ဧက ၅၀၀ ကျော်ချထားလုပ်ကိုင်ခွင့်ပေးထားပြီး အခုဆန္ဒဖော်ထုတ်နေသူ ဦးတိုးဝင်းနဲ့ အပေါင်းအပါ ၇၄ ဦးကို ခွဲဝေချထားတဲ့ မြေဧကများသာ ပြဿနာဖြစ်ပွားနေကြတာဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ” ဝန်ကြီးချုပ်ကိုယ်တိုင်…

Read More

ပဲခူးတိုင်းအစိုးရအဖွဲ့နဲ့ ပြဿနာဖြစ်တဲ့ တိုင်းအတွင်းရေးမှူး ပြောင်းရွှေ့ခံရ

ဒီဇင်ဘာ ၁၄-၂၀၂၀ သူရိန်(VOM) ပဲခူးတိုင်းအစိုးရအဖွဲ့နဲ့ နှစ်ကြိမ်တိုင်တိုင် ပြဿနာဖြစ်ပွားခဲ့တဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးကို ပြောင်းရွေ့တာဝန်ထမ်းဆောင်စေခဲ့တယ်လို့ သိရပါတယ်။ “အစိုးရကတ်ဘိနက်အစည်းအဝေးမှာ စကားများကြတာပါ။ အပြင် မှာပြောသလို ထိုးတာကြိတ်တာမရှိပါဘူး။ အော်ကြီးဟစ်ကျယ်စကားများတာလောက်ပဲရှိတယ် အဲ့ဒါကြောင့်ပါ။ သူက အခု ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီလေ။ ပထမတစ်ကြိမ်တုန်းကလည်း အစည်းအဝေးမှာ အစိုးရအဖွဲ့နဲ့ ပြဿနာတက်ဖူးလို့ သတိပေးခံထားရပြီးပြီ။ အခု ဒုတိယအကြိမ်ထပ်ဖြစ်တော့ အပြင်ကိုပေါက်သွားတာ။ အဲ့ဒါနဲ့ ပါတီကခေါ်ပြီး အစိုးရအဖွဲ့က အရေးယူပေးဖို့ပြောတဲ့အတွက် ဝန်ကြီးက နေပြည်တော်ကောင်စီကို တိုက်ရိုက်စာပို့ပြီး အစိုးရအဖွဲ့ကို အယုံအကြည်ပျက်စေတဲ့အတွက် အကျဉ်းချုပ်ဖြစ်စဉ်ရေးပြီး ပို့လိုက်တာပါ။ ညကတောင် သူ့ရဲ့နှုတ်ဆက်ပွဲလုပ်သွားသေးတယ်”လို့ အစိုးရအဖွဲ့နဲ့အနီးဆုံးသူတစ်ဦးကပြောပါတယ်။ လက်ရှိတာဝန်ရွေ့ပြောင်းခံရတဲ့ တိုင်းအတွင်းရေးမှူးဦးခင်မောင် ဆန်းဟာ နိုဝင်ဘာ ၂၅ ရက်ကကျင်းပပြုလုပ်တဲ့ ပဲခူးတိုင်းအစိုးအဖွဲ့အစည်းအဝေးမှာ ပဲခူးတိုင်းအစိုးရအဖွဲ့ဝင်တွေကို မချေမငံဆက်ဆံပြောဆိုရာကနေ အငြင်းပွားမှုဖြစ်ပေါ်ခဲ့လို့ တိုင်ကြားခံထားရပြီး တစ်ပတ်ခန့်အကြာမှာ နေပြည်တော်ကိုပြောင်းရွေခံရတာ ဖြစ်ပါတယ်။ “ပုံမှန်ကျွန်တော်တို့က ဒီလိုအစိုးရအဖွဲ့တွေပြောင်းတဲ့အချိန်မှာတော့ တာဝန်ခံတို့ အုပ်ချူပ်ရေးအဖွဲ့တွေ…

Read More
VOM News

FREE
VIEW