ပါကစ္စတန်ဝန်ကြီချုပ် နှုတ်ထွက်ရေး အကြီးအကျယ်ဆန္ဒပြနေကြ

လာဟိုး၊ ဒီဇင်ဘာ-၁၄-၂၀၂၀
မျိုးဆက် (VOM)

ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရာခန်းနှုတ်ထွက်ပေးရေး တောင်ဆိုဖို့အတွက် မြို့တော်အစ္စလာမ္မာဘတ်မှာ လာမည့်လတွေအတွင်းပြုလုပ်မယ့် ချီတက်ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ကြဖို့ ဒီဇင်ဘာ ၁၃ ရက်မှာ ဆန္ဒပြပွဲပြုလုပ်ခဲ့တဲ့ သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေကို အစိုးရဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။

ပါကစ္စတန်အတိုက်ခံပါတီ ၁၁ ပါတီနဲ့ အဲ့ဒီမဟာမိတ်အဖွဲ့ဟာ ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့နဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ပါဝင်မှုကို အဆုံးသတ်ဖို့အတွက် စက်တင်ဘာလကတည်းက ဆန္ဒပြပွဲတွေ အကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။

လက်ရှိအချိန်ဟာ တွေ့ဆုံဆွေးနွေးရေးကာလပြီးဆုံးသွားပြီဖြစ်ပြီး ချီတက်ဆန္ဒပြရမယ့်အချိန်ဖြစ်ကြောင်း ကွယ်လွန်သွားပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုရဲ့ သားဖြစ်သူ အတိုက်အခံခေါင်းဆောင် ဘီလာဝယ်ဘူတိုဇာဒါရီက ပြောပါတယ်။

ရွေးကောက်ပွဲအသစ်ကျင်းပပေးမယ်လို့ မကြေညာဘူးဆိုရင် ဝန်ကြီးချုပ် အိုင်မရာခန်း သို့မဟုတ် ပါကစ္စတန်စစ်ဘက်နဲ့ ဘယ်လိုတွေ့ဆုံဆွေးနွေးမှုကိုမှု ပြုလုပ်မှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲတစ်ခုကျင်းပဖို့နဲ့ပတ်သက်ပြီး အစိုးရကိုဖိအားပေးဖို့ စီစဉ်ထားတယ်လို့ မကြာသေးမီကာလတွေအတွင်း အကြီးဆန္ဒပြပွဲခြောက်ခုပြုလုပ်ခဲ့တဲ့ အတိုက်အခံတွေက ပြောပါတယ်။ ပုံမှန်ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်မှာ ကျင်းပမှာဖြစ်ပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #လာဟိုး

Related posts

Leave a Comment

VOM News

FREE
VIEW