ကိုဗစ်ပိုးတွေ့လူနာရဲ့ ဖုန်းကိုခိုးသွားသူ အကြော်ဆိုင်မှာဖမ်းမိ

ဒီဇင်ဘာ ၁၆-၂၀၂၀
သိင်္ဂီထွန်း(VOM)

နမ့်စန်မြို့နယ်ပြည်သူ့ဆေးရုံကြီးက ကိုဗစ်ပိုးတွေ့လူနာရဲ့ဖုန်း ခိုးယူသွားသူကို နမ့်စန်မြို့၊ အမှတ် ၃ ရပ်ကွက်က အကြော်ဆိုင်မှာ ဒီကနေ့နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

ဒါကြောင့် ဖုန်းရရှိထားသူနဲ့ ဆက်စပ်သူတွေကို RDT Testkit နဲ့ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်မှာဖြစ်ပြီး ပိုးတွေ့ရှိခဲ့ရင်တော့ ဆက်စပ်သူတွေအနေနဲ့ Facility Quarantine ဝင်ရောက်နေထိုင်ရမှာဖြစ်ပါတယ်။

“သူက ဖုန်းကိုတခြားသူတစ်ယောက်ကိုရောင်းပြီးပြီ။ ဖုန်းပိုင်ရှင်ကလော့ခ်ချထားတော့ လော့ခ်လာဖြည်တာ၊ ကျနော်တို့ကလည်း သတင်းပေးထားတယ်၊ အဲ့ဒီလိုလာဖြေရင် ကော်မတီကို ချက်ခြင်းသတင်းပို့ဖို့ပြောထားတော့ ဆိုင်က သတင်းပေးတော့ ။လော့ခ်ဖြေသလိုလိုလုပ်ခိုင်းထားပြီး ကျနော်တို့ကိုစောင့်ခိုင်းလိုက်တယ်၊ ရောက်တော့မေးတော့ သူကယူတာမဟုတ်ပါဘူး ဖုန်းပြန်ဝယ်တာ တဆင့်ပေါ့။ ဝယ်ထားတဲ့သူအိမ်က ၇ ယောက်ရှိတယ်။ နောက် တရားခံကိုလိုက်ရှာတော့ သူ့အကြော်ဝင်စားနေတဲ့အချိန်တွေ့တာပေါ့။ အကြော်ဆိုင်က အကြော်တို့ အာပူလျှာပူတို့ရောင်းတာ၊ ခဏပဲရှိသေးတယ် သူကဝင်စားတာ။ စားရုံရှိသေးကျနော်တို့နဲ့တွေ့တာ”လို့ နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်ကပြောပါတယ်။

လက်ရှိမှာတော့ အကြော်ဆိုင်ကို ယာယီပိတ်ထားလိုက်ပြီး စတေးဟုမ်းနေထိုင်ဖို့ ပြောဆိုထားကြောင်း၊ ဆိုင်အတွက် ဆုံးရှုံးမှုမရှိစေဖို့ မြို့နယ်ကိုဗစ်ကော်မတီက ငွေကျပ် ၁ သိန်းထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဖုန်းခိုးခဲ့တဲ့တရားခံကိုလည်း အရင်ဆုံး Test Kit နဲ့စစ်ဆေးပြီး ပိုးကင်းစင်ကြောင်း သေချာပြီးချိန်မှ ဥပဒေအရအရေးယူမှာဖြစ်ပါတယ်။

ဖုန်းအခိုးခံရမှုကတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့ည ၁ နာရီကျော်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နမ့်စန်မြို့နယ်ပြည်သူ့ဆေးရုံသီးသန့်ဆောင်မှာထားရှိတဲ့ positive လူနာရဲ့ Vivo-19 ဖုန်းအမျိုးအစား ခိုးယူခံခဲ့ရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နမ့်စန် #ကိုဗစ်လူနာဖုန်းခိုးသူ #အကြော်ဆိုင်မှာဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW