ပျူခေတ်နဲ့ချိတ်ဆက်နေတဲ့ ရေပူစမ်းတွင်းကို ခရီးသွားလုပ်ငန်းမြှင့်တင်ရာမှာ ထည့်သွင်းဖော်ဆောင်မယ်

ဒီဇင်ဘာ ၁၆-၂၀၂၀ သိင်္ဂီထွန်း(VOM) ကမ္ဘာ့အမွေအနှစ်ဒေသစာရင်းဝင် သရေခေတ္တရာမြို့ဟောင်းထဲက ရေပူစမ်းတွင်းကို ပြန်လည်ဖော်ထုတ်ပြီး ထိန်းသိမ်းမှုတွေဆောင်ရွက်သွားမယ်လို့ သရေခေတ္တရာဌနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော် မျိုးဝင်းကပြောပါတယ်။ ရေပူစမ်းတွင်းကို တွေ့ရှိထားတာဟာ နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပေမယ့်လည်း ထိန်းသိမ်းမှုအပိုင်းကို စနစ်တကျလုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ “ဒီနေရာနဲ့ပတ်သက်ပြီး ပထမဆုံး‌စောင့်ရှောက်ခိုင်း၊ သန့်ရှင်းရေးလုပ်ခိုင်းပြီး နောက်တော့ ရေပူစမ်း အပြင်အဆင်ကို အခြားမြို့ဟောင်းတွေမှာလုပ်သလိုမျိုး စီစဉ်ရပါမယ်၊ အများလေ့လာနိုင်အောင် ဒီ့ထက်တစ်ဆင့်တက်လို့ လာရောက်အပန်းဖြေရေချိုးနိုင်အောင်လည်း စီစဉ်ဖို့လိုပါတယ်၊ တစ်ပါတည်း အဲ့ဒီနေရာမှာ ဒေသခံတွေကထူထောင်ရင်အလုပ်အကိုင်အခွင့်အလန်းရလာမယ်”လို့ ဦးကျော်မျိုးဝင်းကပြောပါတယ်။ ဒါ့ကြောင့် ရေပူစမ်းတွင်းကို ပြန်လည်ဖော်ထုတ်ပြီး တခြားသော ရှေးဟောင်းမြို့ဟောင်းတွေမှာထိန်းသိမ်းထားတဲ့ ပုံစံနည်းတူ ထိန်းသိမ်းမှုပြုလုပ်ကာ ပြည်မြို့အတွက် အများပြည်သူလေ့လာစရာနဲ့ ခရီးသွားလုပ်ငန်းမှာ လည်ပတ်စရာနေရာတစ်ခုအဖြစ် အကောင်အထည်ဖော်ဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ရေပူစမ်းတွင်းမှာ အနောက်ဘက်တွင်းက ရေပူတွင်းဖြစ်ပြီး အရှေ့ဘက်တွင်းက ရေအေးတွင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပြီး ပျူခေတ်ကတည်းက အသုံးပြုခဲ့တဲ့ ရေပူစမ်းတွင်းဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။…

Read More

ကိုဗစ်ပိုးတွေ့လူနာရဲ့ ဖုန်းကိုခိုးသွားသူ အကြော်ဆိုင်မှာဖမ်းမိ

ဒီဇင်ဘာ ၁၆-၂၀၂၀ သိင်္ဂီထွန်း(VOM) နမ့်စန်မြို့နယ်ပြည်သူ့ဆေးရုံကြီးက ကိုဗစ်ပိုးတွေ့လူနာရဲ့ဖုန်း ခိုးယူသွားသူကို နမ့်စန်မြို့၊ အမှတ် ၃ ရပ်ကွက်က အကြော်ဆိုင်မှာ ဒီကနေ့နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။ ဒါကြောင့် ဖုန်းရရှိထားသူနဲ့ ဆက်စပ်သူတွေကို RDT Testkit နဲ့ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်မှာဖြစ်ပြီး ပိုးတွေ့ရှိခဲ့ရင်တော့ ဆက်စပ်သူတွေအနေနဲ့ Facility Quarantine ဝင်ရောက်နေထိုင်ရမှာဖြစ်ပါတယ်။ “သူက ဖုန်းကိုတခြားသူတစ်ယောက်ကိုရောင်းပြီးပြီ။ ဖုန်းပိုင်ရှင်ကလော့ခ်ချထားတော့ လော့ခ်လာဖြည်တာ၊ ကျနော်တို့ကလည်း သတင်းပေးထားတယ်၊ အဲ့ဒီလိုလာဖြေရင် ကော်မတီကို ချက်ခြင်းသတင်းပို့ဖို့ပြောထားတော့ ဆိုင်က သတင်းပေးတော့ ။လော့ခ်ဖြေသလိုလိုလုပ်ခိုင်းထားပြီး ကျနော်တို့ကိုစောင့်ခိုင်းလိုက်တယ်၊ ရောက်တော့မေးတော့ သူကယူတာမဟုတ်ပါဘူး ဖုန်းပြန်ဝယ်တာ တဆင့်ပေါ့။ ဝယ်ထားတဲ့သူအိမ်က ၇ ယောက်ရှိတယ်။ နောက် တရားခံကိုလိုက်ရှာတော့ သူ့အကြော်ဝင်စားနေတဲ့အချိန်တွေ့တာပေါ့။ အကြော်ဆိုင်က အကြော်တို့ အာပူလျှာပူတို့ရောင်းတာ၊ ခဏပဲရှိသေးတယ် သူကဝင်စားတာ။ စားရုံရှိသေးကျနော်တို့နဲ့တွေ့တာ”လို့ နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်ကပြောပါတယ်။ လက်ရှိမှာတော့ အကြော်ဆိုင်ကို…

Read More

ရန်ကုန်တိုင်းက နေရပ်ပြန်လိုတဲ့ တနင်္သာရီတိုင်းဒေသခံတွေကို နေရပ်ပြန်ပို့

ဒီဇင်ဘာ ၁၆-၂၀၂၀ သိင်္ဂီထွန်း(VOM) ရန်ကုန်မြို့ကိုရောက်နေတဲ့ တနင်္သာရီတိုင်း ဒေသခံတွေထဲက နေရပ်ပြန်လိုသူတွေကို ဒီကနေ့ မနက်ပိုင်းမှာပဲ ရန်ကုန်ကနေ ပြန်လည်ပို့ဆောင်ပေးလိုက်ပြီဖြစ်တယ်လို့ ထားဝယ်ဒေသလူထုအခြေပြုအထောက်အကူပြုအဖွဲ့ကနေ သိရပါတယ်။ ထားဝယ်ခရိုင်၊ ကော့သောင်းခရိုင်ကို ပြန်လိုတဲ့ လူပေါင်း ၁၄၀ ကျော်ကို Express ၇ စီးနဲ့ ပို့ဆောင်ပေးတာဖြစ်ပါတယ်။နေရပ့်ပြန်ပို့လိုက်တဲ့ သူတွေထဲမှာ ကျောင်းတက်နေသူတွေ၊ ကျန်းမာရေးဆေးကုသမှုလာရောက်ခံယူသူတွေ၊ အလုပ်လုပ်ကိုင်နေသူတွေ၊ အိမ်ဖော်လုပ်ကိုင်နေသူ၊ မယ်သီလရှင်တွေ စသဖြင့် အလွှာပေါင်းစုံက ပါဝင်တယ်လို့သိရပါတယ်။ “ဒီမနက် ၈ နာရီကနေ ထွက်တာပါ။ ဒုတိယအခေါက်မှာ တစ်စီးကို ၂၂ ယောက်ပါတာရှိတယ်၊ ၃ စီးက ၂၁ ယောက်ပဲရှိတယ်၊ ဖုန်းဆက်တော့မလိုက်တော့တာရှိတယ်၊ ပြန်သွားတာရှိတာတွေကြောင့်ပေါ့။ အခုတစ်ခေါက်က အလှူရှင်မရှိတော့ ၃၅၀၀ ပေးရတယ်၊ အခုက ၂ခုံပေးရလို့ ၃၀၀၀၀ ပေးရတယ်၊ နောက်စားစရိတ်ကို ကြိုကောက်ထားတဲ့ဟာနဲ့ မှာပြီးယူပေးတယ်၊ ကားပေါ်စားရင်စား မဟုတ်ရင် လမ်းဘေးမှာ…

Read More

ပုဂ္ဂလိကဆေးရုံမှာ ကိုဗစ်လူနာကုသခွင့်ရရင် ဆေးကုသစရိတ်အပြင် ၊ဆရာဝန်တွေရဲ့ PPEဝတ်စုံကိုပါ လူနာက ကျခံရမယ်

ဒီဇင်ဘာ ၁၆-၂၀၂၀ သိင်္ဂီထွန်း (VOM) ရန်ကုန်တိုင်းထဲက ပုဂ္ဂလိကဆေးရုံတွေမှာ ဆေးကုသခွင့်ရတဲ့အခါ လာရောက်ကုသမှုခံယူမယ့်သူတွေဟာ ဆေးကုသမှုကုန်ကျစရိတ်အပြင် ဆရာဝန် ၊ဆရာမတွေရဲ့ PPE ဝတ်စုံဖိုး ကိုပါ ကုန်ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကဆေးရုံ ၄ ခုမှာ ကိုဗစ်အတည်ပြုလူနာတွေကို ကျန်းမာရေးကုသခွင့်ပြုဖို့ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနဆီကို တင်ပြထားရာ လက်ရှိမှာ ဆေးရုံ ၂ ခုက စစ်ဆေးမှုတွေလုပ်ပြီးသွားပြီလို့ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်ကပြောပါတယ်။ “အရင်ကိုဗစ်မဖြစ်ခင် ကုန်ကျမှုထက်တော့ ပိုများမယ်ဆိုပေမယ့် အများကြီးတော့မဟုတ်ဘူး။ ဆရာဝန်တွေ ဆရာမတွေ PPE တွေဝတ်ရမယ်။ ppe ကလည်း တစ်စုံ ၂၀၀၀၀ ကျော်လောက်ကျတာကိုး၊ ဒီအချိန်မှာ စားဖို့သောက်ဖို့ကလည်း ဆေးရုံကစီစဉ်ပေးရမယ်၊ အပြင်လူအဝင်အထွက် ခွင့်ပြုလို့မရဘူး၊ ဒီတော့ စားရေးသောက်ရေးနဲ့ PPE ဖိုးပဲ ကျန်တာကတော့ တကယ်လို့အောက်ဆီဂျင်လိုရင် အောက်ဆီဂျင်ကတော့ ကိုဗစ်မှာသုံးတဲ့ပမာဏကများတော့ အောက်ဆီဂျင်ဖိုးကုန်မယ်၊ကျန်တာကတော့ သိပ်ပြီးကွဲကွဲပါးပြားမရှိပါဘူး။ ပုဂ္ဂလိကကျ…

Read More

ရခိုင်က မဟာမြတ်မုနိဘုရားကြီးမှာ အခုရက်ပိုင်း ဘုရားဖူးသူတွေ များပြားလာ

ဒီဇင်ဘာ ၁၆-၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်ပွဲတွေဟာ ဒီဇင်ဘာလကစပြီး ရပ်တန့်နေတာကြောင့် ကျောက်တော်မြို့နယ်ရဲ့ ဓညဝတီမြို့ဟောင်းနယ်မြေအတွင်းက မဟာမြတ်မုနိ ဘုရားကိုလာဖူးတဲ့ ဘုရားဖူးခရီးသည်တွေ များပြားလာပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာက မဟာမြတ်မုနိဘုရားသို့လာ ရောက်ဖူးမျှော်တဲ့ဦးမောင်သိန်းချေက ” အရင်ကတော့ ဒီကို ဘုရားဖူးလာရတာ အခက်အခဲ အနည်းနဲ့ အများရှိပါတယ်။ ဌာနဆိုင်ရာ (၄) ခု (၅) လောက်က စစ်ဆေးပြီးမှ လာရပါတယ်။ အခုကတော့ ဒီ (၁၂) လ ပိုင်းမှာ နည်းနည်းပါးပါး လွတ်လပ်တဲ့အတွက်နဲ့ လာရောက်ခြင်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်၊ ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာတွေ စည်ကားသိုက်မြိုက်စွာနဲ့ ဆက်တိုက်ဆက်တိုက် တိုးတက်မြင့်မား သွားစေလိုတယ် ” လို့ ပြောပါတယ်။ ဘုရားဖူးခရီးသည်တွေကတော့ ရခိုင်ပြည်နယ်အတွင်း သာသနာ့အမွေထက် ဗုဒ္ဓအမွေအနှစ်ဖြစ်လို့ တန်ဖိုးထားမှုတွေနဲ့ လာရောက်ဖူးမမျှော်ရတာဖြစ်တယ်လို့ ပြောပါတယ်။…

Read More

ဟဲဟိုးလေဆိပ်ကို လေယာဉ်တွေ စတင်ဆိုက်ရောက်

ဒီဇင်ဘာ ၁၆-၂၀၂၀ နေနန်းနွယ်(VOM) ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဟဲဟိုးလေဆိပ်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ကစတင်ကာ လေယာဉ်တွေ စတင်ဆိုက်ရောက်တော့မှာဖြစ်ပြီး ဟဲဟိုးလေဆိပ် Departure- 2 လေဆိပ်ထွက်ခွာဆောင် ၂မှာလည်း လေယာဉ်တွေ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။ “ရှမ်းပြည်နယ်အတွင်းကို ဝင်လာတဲ့ ခရီးသည်တွေက ၃၆ နာရီအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပေးထားတဲ့ Covid-19 ရောဂါပိုးကင်းရှင်းကြောင်း ထောက်ခံချက်နဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်ထားတဲ့ တောင်ကြီးမြို့၊ BH Hotelမှာ Hotel Quarantine ၇ ရက်ထိုင်ရမည်ဖြစ်ပါတယ်၊ အဲ့ဒီ ခရီးသည်တွေကို ဟဲဟိုးလေဆိပ်ကနေ BH Hotelကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက စီစဉ်ထားတဲ့ မော်တော်ယာဉ်နဲ့ ပို့ဆောင်သွားမှာဖြစ်ပါတယ်၊ ရှမ်းပြည်နယ်အတွင်းကနေ အခြားဒေသတွေကို လေယာဉ်နဲ့ သွားမယ်ဆိုရင် ခရီးသည်တွေက လေယာဉ်လက်မှတ်ပြပြီး စဝ်စံထွန်းဆေးရုံ၊ အေးသာယာတိုက်နယ်ဆေးရုံ၊ ကလောမြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်‌တွေမှာ တစ်ဦးကို…

Read More

ကောလဟာလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့

သတင်းမှန်၊ မှား သတိထားဖို့ အချက်များ ” Covid-19 ကာလမှာ ကောလဟာလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့ အရမ်းအရေးကြီးပါတယ်..” ကိုဗစ် ၁၉ နှင့်ပတ်သက်၍ အများပြည်သူ စိုးရိမ်ထိတ်လန့်စေသည့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုရ (ဒေသန္တရအမိန့်) လူမှုကွန်ယက်စာမျက်နှာတွင် လူများ၏ အကြောက်တရားကို အခြေခံပြီး စိတ်ဝင်စားမှု များများရအောင် လုပ်ကြံဖန်တီးဖြန့်ဝေသည့် သတင်းအမှားများ ယခုလို ကပ်ရောဂါဘေးကာလတွင် အများအပြား ရှိနေတာကြောင့် ဖန်တီးဖြန့်ဝေသူများကို အရေးယူနိုင်မည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါတယ်။ သတင်းမှားတွေကနေ ရောဂါကာကွယ်ရေးအသိလွဲမှားကာ ရောဂါကူးစက်ခံရနိုင်တာကြောင့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုဘဲ မိမိနှင့် ပတ်ဝန်းကျင်ကို COVID 19 ဘေးမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုရင် သတင်းရေးသူကို စိစစ်ပါ။ ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။ သတင်းကို အစအဆုံးဖတ်ပါ။ သတင်းထုတ်ဝေတဲ့ နေ့စွဲကို စစ်ပါ။ အလားတူဖြစ်ရပ်ကို…

Read More

လောင်းကစားလုပ်ငန်းတွေကို ဒေသခံအချို့နဲ့ ရာအိမ်မှူး/ဆယ်အိမ်မှူးတွေက ပူးပေါင်းလုပ်ကိုင်နေ

ဒီဇင်ဘာ ၁၆-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ တရားမဝင်လောင်းကစားလုပ်ငန်း‌တွေကို ဒေသခံအချို့နဲ့ ကျေးရွာ ရာအိမ်မှူး/ဆယ်အိမ်မှူး‌တွေကပါ ပူးပေါင်းလုပ်ကိုင်နေကြတဲ့အတွက် ဖမ်းဆီးရေးလုပ်ငန်းတွေမှာ အခက်အခဲရှိနေတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်က ပြောပါတယ်။ ” ကျေးရွာတွေမှာရှိတဲ့ နှစ်လုံးထီ၊ သုံးလုံးထီ၊ ချဲ၊ ဖဲတွေကို တင်းတင်းကြပ်ကြပ် အရေးယူပေးဖို့ တင်ပြဖူးပါတယ်။ တင်ပြခဲ့တော့ ဒီနေရာမှာ ဖြစ်နေတာက ရာအိမ်မှူး/ဆယ်အိမ်မှူးတွေရှိတယ်လေ၊ ၁၀ အိမ် တစ်ယောက်၊ အိမ် ၁၀၀ တစ်ယောက်ရှိတယ်လေ။ အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ လောင်းကစားသမားတွေနဲ့က ပေါင်းပြီးတော့ အကြံအဖန်တွေလုပ်နေကြတော့ တော်ရုံတန်ရုံသွားဖမ်းတော့ မိတာလည်းရှိတယ်၊ မမိတာလည်းရှိတယ်”လို့ဝါးခယ်မမြို့နယ် အမှတ်-၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်က ပြောပါတယ်။ ဒီလောင်းကစားဝိုင်းတွေရှိနေတာက အောက်ခြေအုပ်ချုပ်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ၊ဆယ်အိမ်မှူးတွေက ပူးပေါင်းလုပ်ကိုင်နေတာဖြစ်ပြီး အခုလိုမျိုး လုံးဝမရှိအောင်ဆောင်ရွက်ပေးဖို့လိုသလို ပြည်သူတွေဘက်ကလည်း ပူးပေါင်းပါဝင်ဖို့လိုတယ်လို့ ဦးဌေးအောင်ကပြောပါတယ်။ ”ဘာဖြစ်လို့ မမိတာလည်းဆိုတော့ ဟိုက…

Read More

တပ်မတော်နဲ့ နိုင်ငံတော်ကို အားကိုးချင်တယ်ဆိုတဲ့ ရခိုင်ကစစ်ဘေးဒုက္ခသည်တွေ

ဒီဇင်ဘာ ၁၆-၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့အထဲမှာ မြောက်ဦးမြို့နယ်က ပြည်သူတွေလည်းပါဝင်ပြီး အပြစ်မဲ့ပြည်သူ သောင်းနဲ့ချီ စစ်ဘေးရှောင်ဘဝကို ရောက်ခဲ့ကြရပါတယ်။ ပြည်တွင်း စစ်ရေပဋိပက္ခတွေအတွင်းမှာ ကျေးရွာတွေမီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် ရွာလုံးကျွတ်နီးပါး မီးလောင်တိုက်ထဲပါသွားတဲ့ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာက ဒေသခံတွေဟာလည်း လက်ရှိမှာ စစ်ပွဲတွေရပ်နေပေမယ့် နေအိမ်တွေ မီးရှို့ခံရတဲ့အထဲပါသွားလို့ နေရပ်ပြန်ဖို့ ခက်ခဲနေကြတယ်လို့ ပြောပါတယ်။ မြောက်ဦးမြို့နယ်၊ အောက်သားကန်ကျေးရွာက စစ်ဘေးသင့်ပြည်သူတစ်ဦးဖြစ်တဲ့ ဒေါ်ကြည်ကြည်ဌေးကတော့ ” လက်ရှိမှာ တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ ခိုလုံနေရတယ်၊ စစ်ပွဲတွေရပ်နေပေမယ့် နေအိမ်တွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ဒဏ်တွေကြောင့် ပျက်စီးမှုတွေရှိနေလို့ မပြန်နိုင်သေးဘူး၊ ဒေသတည်ငြိမ်အေးချမ်းပြီး လုံးဝငြိမ်းချမ်းသွားမှ ရွာပြန်ဖို့ ဆန္ဒရှိတယ်၊ ပြည်သူတွေအနေနဲ့ တပ်မတောနဲ့ နိုင်ငံတော်ကို အားကိုးချင်တယ်”လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ (၂) သိန်း (၃) သောင်းနီးပါးရှိကြောင်း အရပ်ဖက်စာရင်းတွေအရသိရပြီး…

Read More

တတိယ လွှတ်တော်သက်တမ်းမှာ မပါတော့တဲ့ ကိုယ်စားလှယ်တွေ ဧည့်ရိပ်သာကနေဖယ်ပေးဖို့ အကြောင်းကြား

ဒီဇင်ဘာ ၁၆-၂၀၂၀ ကိုထွန်း(VOM) တတိယအကြိမ်လွှတ်တော်သက်တမ်းမှာ ပြန်လည်ရွေးချယ်ခြင်းမခံရတော့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စည်ပင်ဧည့်ရိပ်သာကနေ ဒီဇင်ဘာ(၂၂) ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးဖို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အကြောင်းကြားလာတယ်လို့ သိရပါတယ်။ ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၁၀၆)ဦးဟာ တတိယအကြိမ်လွှတ်တော်သက်တမ်းမှာ ပါဝင်ခြင်းမရှိတော့တဲ့အတွက်ဒီဇင်ဘာ (၁၇)နေ့ကနေ (၂၂)ရက်နေ့အတွင်း စည်ပင်ဧည့်ရိပ်သာက ပစ္စည်းတွေပြောင်းရွှေ့ပေးဖို့ မေတ္တာရပ်ခံစာပို့ထားတာဖြစ်ပြီး အတင်းအကြပ်ပြောင်းရွှေ့ခိုင်းတာမဟုတ်ကြောင်း ရွေးချယ်ခြင်းမခံရတော့တဲ့ ကိုယ်စားလှယ်အသိုင်းအဝိုင်းကနေ ကြားသိရပါတယ်။ ပြောင်းရွှေ့ရမည့်ကိုယ်စားလှယ်(၁၀၆)ဦးမှာ စည်ပင်ဧည့်ရိပ်သာမှာနေထိုင်ပေမယ့်လည်း ၂၀၂၀ရွေးကောက်ပွဲမှာ ဝင်မပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ဝင်ရောက်ယှဉ်ပြိုငိပေမယ့်လည်း အနိုင်မရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ ဒေသတွေက ကိုယ်စားလှယ်တွေပါဝင်ကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အကြောင်းကြားစာများပေးပို့ထားပေမယ့် အခုချိန်က ခရီးသွားလာလို့မကောင်းတဲ့အတွက် ပစ္စည်းတွေလာသိမ်းဖို့မလွယ်သေးလို့ ဘယ်လိုစီစဉ်ပေးမလဲဆိုတာကို စောင့်နေပါတယ်လို့ “ရခိုင်အမျိုးသားပါတီ၊ ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေကပြောပါတယ်။ ပထမအကြိမ်လွှတ်တော်သက်တမ်းကာလကစပြီး နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ NLD၊ ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တွေ ၊တပ်မတော်သားလွှတ်တော်ကိုယ်စားတွေမှအပ ကျန်တဲ့နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်တွေဟာ နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)မှာ နေထိုင်ကြပြီး တစ်ရက်သတ်မှတ်ကြေး(၅၂၅၀)ပေးသွင်းရတယ်လို့…

Read More
VOM News

FREE
VIEW