ရန်ကုန်တိုင်းက နေရပ်ပြန်လိုတဲ့ တနင်္သာရီတိုင်းဒေသခံတွေကို နေရပ်ပြန်ပို့

ဒီဇင်ဘာ ၁၆-၂၀၂၀
သိင်္ဂီထွန်း(VOM)

ရန်ကုန်မြို့ကိုရောက်နေတဲ့ တနင်္သာရီတိုင်း ဒေသခံတွေထဲက နေရပ်ပြန်လိုသူတွေကို ဒီကနေ့ မနက်ပိုင်းမှာပဲ ရန်ကုန်ကနေ ပြန်လည်ပို့ဆောင်ပေးလိုက်ပြီဖြစ်တယ်လို့ ထားဝယ်ဒေသလူထုအခြေပြုအထောက်အကူပြုအဖွဲ့ကနေ သိရပါတယ်။

ထားဝယ်ခရိုင်၊ ကော့သောင်းခရိုင်ကို ပြန်လိုတဲ့ လူပေါင်း ၁၄၀ ကျော်ကို Express ၇ စီးနဲ့ ပို့ဆောင်ပေးတာဖြစ်ပါတယ်။နေရပ့်ပြန်ပို့လိုက်တဲ့ သူတွေထဲမှာ ကျောင်းတက်နေသူတွေ၊ ကျန်းမာရေးဆေးကုသမှုလာရောက်ခံယူသူတွေ၊ အလုပ်လုပ်ကိုင်နေသူတွေ၊ အိမ်ဖော်လုပ်ကိုင်နေသူ၊ မယ်သီလရှင်တွေ စသဖြင့် အလွှာပေါင်းစုံက ပါဝင်တယ်လို့သိရပါတယ်။

“ဒီမနက် ၈ နာရီကနေ ထွက်တာပါ။ ဒုတိယအခေါက်မှာ တစ်စီးကို ၂၂ ယောက်ပါတာရှိတယ်၊ ၃ စီးက ၂၁ ယောက်ပဲရှိတယ်၊ ဖုန်းဆက်တော့မလိုက်တော့တာရှိတယ်၊ ပြန်သွားတာရှိတာတွေကြောင့်ပေါ့။ အခုတစ်ခေါက်က အလှူရှင်မရှိတော့ ၃၅၀၀ ပေးရတယ်၊ အခုက ၂ခုံပေးရလို့ ၃၀၀၀၀ ပေးရတယ်၊ နောက်စားစရိတ်ကို ကြိုကောက်ထားတဲ့ဟာနဲ့ မှာပြီးယူပေးတယ်၊ ကားပေါ်စားရင်စား မဟုတ်ရင် လမ်းဘေးမှာ ရပ်ပြီးစားစေပါတယ်”လို့ ထားဝယ်ဒေသ လူထုအခြေပြုအထောက်အကူပြုအဖွဲ့မှ အဖွဲ့ဝင် ကိုသွင်ထူးအောင်ကပြောပါတယ်။

နေရပ်ပြန်မယ့်သူအားလုံးကို ပို့ဆောင်းပေးမယ့် ကားပေါ်မတက်မှီ မက်ခ် ၊ FaceShild ၊ခေါင်းစွပ်၊ လက်အိပ် အသစ်တွေကို လဲလှယ်အသုံးပြုဖို့ပေးဝေခဲ့ပြီး ကားသမားတွေကတော့ PPE ဝတ်စုံဝတ်ဆင်ကာ ပို့ဆောင်ပေးတာဖြစ်ပါတယ်။

နေရပ်ပြန်သူတွေဟာ တနင်္သာရီတိုင်းကို ပြန်လည်ရောက်ရှိတဲ့အခါ သက်ဆိုင်ရာ ကွာရန်တင်းစင်တာမှာ ၁၄ ရက်နေထိုင်ရမှာဖြစ်ပြီး နေထိုင်စဉ်ကာလ စားသောက်မှုအပိုင်းကို ထားဝယ်ဒေသ လူမှုအခြေပြုအထောက်အကူပြုအဖွဲ့မှ တာဝန်ယူစီစဉ်ပေးမှာဖြစ်ပါတယ်။

ပထမအကြိမ်ပို့ဆောင်မှုကိုတော့ နိုဝင်ဘာလ ၂၀ ရက် နေ့က ပြုလုပ်ခဲ့ပြီး အဲ့ဒီအကြိမ်တုန်းကတော့ နေရပ်ပြန်သူတွေထဲက ၇ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ထားဝယ်နေရပ်ပြန်သူတွေ #ပြန်ပို့ပေး

Related posts

Leave a Comment

VOM News

FREE
VIEW