ကောလဟာလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့

သတင်းမှန်၊ မှား သတိထားဖို့ အချက်များ

” Covid-19 ကာလမှာ ကောလဟာလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့ အရမ်းအရေးကြီးပါတယ်..”
ကိုဗစ် ၁၉ နှင့်ပတ်သက်၍ အများပြည်သူ စိုးရိမ်ထိတ်လန့်စေသည့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုရ (ဒေသန္တရအမိန့်)
လူမှုကွန်ယက်စာမျက်နှာတွင် လူများ၏ အကြောက်တရားကို အခြေခံပြီး စိတ်ဝင်စားမှု များများရအောင် လုပ်ကြံဖန်တီးဖြန့်ဝေသည့် သတင်းအမှားများ ယခုလို ကပ်ရောဂါဘေးကာလတွင် အများအပြား ရှိနေတာကြောင့် ဖန်တီးဖြန့်ဝေသူများကို အရေးယူနိုင်မည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါတယ်။

သတင်းမှားတွေကနေ ရောဂါကာကွယ်ရေးအသိလွဲမှားကာ ရောဂါကူးစက်ခံရနိုင်တာကြောင့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုဘဲ မိမိနှင့် ပတ်ဝန်းကျင်ကို COVID 19 ဘေးမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုရင်
သတင်းရေးသူကို စိစစ်ပါ။
ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။
သတင်းကို အစအဆုံးဖတ်ပါ။
သတင်းထုတ်ဝေတဲ့ နေ့စွဲကို စစ်ပါ။
အလားတူဖြစ်ရပ်ကို အခြားသတင်းရင်းမြစ်များက ရေးထားသည်နှင့် နှိုင်းယှဉ်ကြည့်ပါ။
အင်တာနက်ပေါ် လျင်မြန်စွာ ဖြန့်ဝေနေတဲ့ မက်ဆေ့ချ်များ၊ အသံဖိုင်များ၊ ဗီဒီယိုနှင့် အမည်မသိ မသေချာသော ပုံများကို မမျှဝေပါနဲ့။

ဒီအချက်တွေကို သေသေချာချာလေ့လာပြီးရင် စာဖတ်သူတို့တွေ့တဲ့ သတင်းတွေအကြောင်းအရာတွေရဲ့ အမှား အမှန်ကို ခွဲခြားလာနိုင်မှာပါဖြစ်တာမို့ အသိပေးတင်ပြလိုက်ပါတယ်။

 

#voiceofmyanmar #VOM #သတင်းတုသတင်းမှားသတိထားဖို့

Related posts

VOM News

FREE
VIEW