ထောက်ပံ့ကြေးငွေကိစ္စနဲ့ မြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ဦးကို ဆန္ဒပြ

ဒီဇင်ဘာ ၁၇-၂၀၂၀
အေးချမ်းသူ(VOM)

ထောက်ပံ့ကြေးငွေ အများနည်းတူတန်းတူမရလို့ မြို့နယ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ဦးကို ဒဂုံဆိပ်ကမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီကနေ့နေလယ်ပိုင်းက နိူင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးနဲ့ ရပ်ကွက်နေပြည်သူ ၁၂ဦးတို့က ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

“အုပ်ချုပ်ရေးအာဏာပိုင်ဆိုတာ ပြည်သူတွေဝန်ထုတ်ဝန်ပိုးဖြစ်မှာစိုးလို့ ခင်ဗျားတို့ကို နိူင်ငံတော်
က အခွန်ပေးပြီး တာဝန်ပေးထားတာပါ၊ ဒါပေမယ့် ခင်ဗျားတို့က ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာပြီဆို ကျနော်တို့ကလည်း စာရင်းထဲရှိမှာမဟုတ်ဘူး”လို့ ဆန္ဒပြပွဲ ဦးဆောင်သူ ကိုနောင်နောင်ကပြောပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် ၊ အမှတ်- ၅၈ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သူဟာ ထောက်ပံ့ကြေးငွေ ပေးအပ်ရာမှာ အများနည်းတူ တန်းတူမရတဲ့အတွက် ပြသာနာဖြစ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့ပြည်သူတွေ တွေ့ဆုံခဲ့ပေမယ့်လည်း ဒီကနေ့အချိန်ထိ ဖြေရှင်းပေးခြင်းမရှိတဲ့အတွက်
ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ကိုနောင်နောင် ကဆက်ပြောပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်တဲ့ ၅၉ရပ်ကွက်မှ ဒေါ်ခင်စိန်က ” ၇လပိုင်းတုန်းက အုပ်ချုပ်ရေးမှူးရယ် ရာအိမ်မှူးရယ် ထောက်ပံ့​ကြေးလာဝေတာ ၁၄ဦးပဲဝေသွားတယ်၊ တကယ်ဆို ၈၂ဦးရှိတာ ရုံးကို
သွားမေးတော့ ခင်ဗျားတို့ ကျူးကျော်တွေမလား ဘယ်သူကောင်းလို့နေနေတာလဲ မကျေနပ်ရင် တရားစွဲလိုက်လို့ အုပ်ချုပ်ရေးမှူးကပြောတယ်”လို့ ပြောပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး အမှတ်- ၅၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သူကို VOMက ဆက်သွယ်မေးမြန်းရာမှာတော့ “အခုဆန္ဒပြတာကို ဦးဆောင်တာက တောင်ဒဂုံက ကိုယ်မြို့နယ်သားမဟုတ်သလို ကိုယ့်ရပ်ကွက်သားလည်းမဟုတ်ဘူး၊ တကယ်လို့ ပြည်သူက အလိုမရှိဘူးဆိုရင် တိုင်လိုက်ပါ၊ ထွက်ပေးဖို့အဆင်သင့်ပဲ”လို့ ပြောပါတယ်။

ကိုဗစ်ကာလ နိူင်ငံတော်ကထောက်ပံ့ကြေးငွေတွေကို ပြည်သူတွေကိုပေးအပ်ရာတွင် စာရင်းဇယားမှတ်တမ်းတွေထားရှိပြီး ဓာတ်ပုံနဲ့တကွသိမ်းဆည်းထားကြောင်း အခုလိုဆန္ဒပြခြင်းကိစ္စကိုလည်း ပြည်သူတွေသံသယမရှိစေဖို့ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမယ်လို့ အုပ်ချုပ်ရေးမှူး ဦးအောင်သူကပြောပါတယ်။

အမှတ်(၅၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ အမှတ်-၅၉ရပ်ကွက်နဲ့ ၈၀ရပ်ကွက်နှစ်ခုကိုပါ
အုပ်ချုပ်ရတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးလည်းဖြစ်ပါတယ်။

တောင်ဒဂုံမြို့နယ်နေ ကိုနောင်နောင်အပါအ၀င် ဆန္ဒပြသူ ၁၅ဦးဟာ ဒီဇင်ဘာ ၁၅ရက်နေ့က အ
ခြေခံပြည်သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးအကြောင်းအရာကို ရည်ရွယ်ပြီး ဆန္ဒဖော်ထုတ်ဖို့အတွက် ငြိမ်းစုစီတင်ခဲ့​တာဖြစ်တယ်လို့ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းကနေ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ထောက်ပံ့ကြေးငွေကိစ္စ #မြို့နယ်နဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူး၂ဦးကို #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW