ရွေးကောက်ပွဲကိစ္စဆန္ဒပြလို့ ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရသူက ထပ်မံဆန္ဒထုတ်ဖော်

ဒီဇင်ဘာ ၁၇-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းမီးပွိုင့်အနီးမှာ ရွေးကောက်ပွဲကော်မရှင်ဖျက်သိမ်းပေးဖို့အတွက် ဒီကနေ့မနက်ပိုင်းက တကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အဲ့ဒီဆန္ဒထုတ်ဖော်သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်မှာ ရွေးကောက်ပွဲရလဒ်ကျေနပ်မှုမရှိလို့ ခွင့်ပြုချက်မတင်ဘဲ ဆန္ဒထုတ်ဖော်လို့ ရဲတပ်ဖွဲ့က ငြိမ်းစုစီပုဒ်မ-၁၉နဲ့ဖမ်းဆီးပြီးအမှုဖွင့်ခံရပြီး အာမခံနဲ့အမှုရင်ဆိုင်နေရတဲ့ ဦးစိုးပိုင်ဆိုသူဖြစ်ပါတယ်။

” မဲသမာမှုတွေကို ဝိုင်းဝန်းစုံစမ်းဖော်ထုတ်ပေးရေးနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပေးရေးအတွက် အဓိကရည်ရွယ်ပြီး ဆန္ဒပြရခြင်းဖြစ်တယ်၊၂၀၂၀ ရွေးကောက်ပွဲမှာ မှန်ကန်မှုမရှိတာကို မြို့နယ်အသီးသီးနဲ့ဒေသအသီးသီးမှာတွေ့ရတဲ့အတွက် ပြည်သူတစ်ယောက်အနေနဲ့ ဆန္ဒဖော်ထုတ်တာဖြစ်တယ်”လို့ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ဦးစိုးပိုင်က ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်မှ လာရောက်ဝန်းရံသူ မအေးခိုင်ဆိုသူကလည်း ” ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးမှုတွေ သမာသမတ်မကျတာတွေဖြစ်လာတယ်၊ ပြဿနာတွေမျိုးစုံဖြစ်လာတယ်၊ အဲ့ဒီစိတ်ခံစားမှုတွေကြောင့်
မခံစားနိူင်လို့ လာရောက်ဝန်းရံတာဖြစ်တယ်”လို့ ပြောပါတယ်။

NLDပါတီက အနိူင်ရရှိပေမယ့် USDPပါတီနဲ့ အခြားပါတီတွေက မဲသမာမှုတွေရှိတယ်လို့ပြောနေတဲ့အတွက် အစိုးရအနေနဲ့ မှန်ကန်တိကျသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုပြန်လည်ဖွဲ့စည်းပေးစေလိုတဲ့အတွက် လာရောက်ဝန်းရံခြင်းဖြစ်တယ်လို့ တောင်ဒဂုံမြို့နယ်မှ လာရောက်ဝန်းရံသူ ဦးနေထွဋ်က ပြောပါတယ်။

ဒီကနေ့ ဆန္ဒထုတ်ဖော်မှုမှာ တကိုယ်တော်ဆန္ဒပြပွဲဖြစ်ပေမယ့် လာရောက်ဝန်းရံသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW