တာဝေးပစ် ခရုဇ်ဒုံးပျံသစ် ထုတ်လုပ်ဖို့ ဂျပန်အစိုးရဆုံးဖြတ်

တိုကျို၊ ဒီဇင်ဘာ ၁၉-၂၀၂၀
မျိုးဆက် (VOM)

ဂျပန်အစိုးရဟာ ပြင်ပကတိုက်ခိုက်လာတဲ့ ဒုံးပျံတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနိုင်တဲ့ တာဝေးပစ် ဒုံးပျံအမျိုးအစားသစ် ထုတ်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၈ ရက်ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဒုံးပျံကာကွယ်ရေး မူဝါဒသစ်ကို ဂျပန်အစိုးရက အတည်ပြုခဲ့တာဖြစ်ပါတယ်။

အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ ရန်သူနယ်မြေအတွင်းရှိ ပဲ့ထိန်းဒုံးပျံတွေကို ဖျက်ဆီးဖို့နဲ့ ရန်သူ့စခန်းတွေကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ဒုံးပျံတွေပိုင်ဆိုင်ရေးနဲ့ တိုက်ရိုက်ပတ်သက်မှုမရှိပါဘူး။

ဂျပန်အစိုးရအနေနဲ့ နိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည် ပိုမိုခိုင်မာတောင့်တင်းဖို့အတွက်သာ ဒုံးပျံသစ်ထုတ်လုပ်ရေးကို ဆက်လက်လေ့လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဂျပန်အစိုးရဟာ လက်ရှိမြေပြင်မှတစ်ဆင့် သင်္ဘောတွေကိုပစ်ခတ်နိုင်တဲ့ ဒုံးပျံတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဖို့စီစဉ်နေပါတယ်။

အသစ်ထုတ်လုပ်မယ့် တာဝေးပစ်ခရုဇ်ဒုံးပျံတွေကတော့ စစ်သင်္ဘောနဲ့ လေယာဉ်တွေပေါ်ကနေလည်း ပစ်ခတ်နိုင်မှာဖြစ်ပါတယ်။

Rer: NHK
Photo: Getty Images
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW