အများသုံးသောက်ရေကန်မှာ ဓာတုဆေးတွေတွေ့ရပြီး အသုံးပြုမိတဲ့ အမျိုးသမီးတစ်ဦးသေဆုံး

ဒီဇင်ဘာ ၂၃-၂၀၂၀ သက်ထားခင် ၊ တိုးကြီး မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆင်မွှေးကျေးရွာရှိ အများသုံးသောက်ရေကန်တစ်ကန်မှာ ရွှေချက်ရာမှာအသုံးပြုရတဲ့ ဆိုဒီယမ် ဆိုင်ရာနိုက်(Sodium Cyanide)လို့ယူဆရတဲ့ ဓာတုပစ္စည်းတွေ့ တွေ့ရှိခဲ့ပြီး အဲ့ဒီရေကိုအသုံးပြုမိတဲ့ အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့တဲ့အပြင် ကျန်တဲ့ နှစ်ဦးမှာ မူးဝေအော့အန်မှုတွေဖြစ်ပွားခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ်၊ အမှတ်-၁ မဲဆန္ဒနယ်မြေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်ကပြောပါတယ်။ “cyanide ပါလို့တော့ အတည်မပြုရသေးဘူး၊ cyanideလို့ ယူဆရသော ပစ္စည်းတစ်ခု ခတ်လို့ ဖြစ်ရတယ်လို့တော့ လောလောဆယ် ယာယီ ကောက်ချက်ချကျတဲ့ သဘောပါ၊ လောလောဆယ် ရေတွေကိုတော့ လှယ်နေတယ်၊ ဓာတ်ပြယ်အောင်လည်း လုပ်နေတယ်၊ ရွာသားတွေကတော့ cyanide အခဲလို့ ယူဆပေမယ့် စစ်ဆေးချက်တွေတော့ မရသေးပါဘူး”လို့ ဦးစိုးလွင်က ပြောပါတယ်။ သေဆုံးသွားခဲ့တဲ့ အမျိုးသမီးဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့မနက် ၅ နာရီခန့်က အဲ့ဒီ ဓာတုဆေးလို့ယူဆရတဲ့အရာတွေခတ်ထားတဲ့ အများသုံးသောက်ရေကန်အသုံးပြုပြီး…

Read More

ပုဂ္ဂလိကဆေးရုံတစ်ခုကို ကိုဗစ်လူနာကုသခွင့်ပြုလိုက်ပေမယ့် Test Kit မရှိတာကြောင့် စစ်ဆေးနိုင်ခြင်းမရှိ

ဒီဇင်ဘာ ၂၂-၂၀၂၀ သိင်္ဂီထွန်း (VOM) ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ပန်းလှိုင်ဆေးရုံကို ကိုဗစ်အတည်ပြုလူနာကုသဖို့ ခွင့်ပြုပေးလိုက်ပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။ “ပန်းလှိုင်ဆေးရုံကဖွင့်နေပြီ ၊ဖွင့်နေပြီဆိုပေမယ့်လည်း test လုပ်ဖို့ test kit က ဝယ်လို့မရသေးဘူး။ပြီးခဲ့တဲ့ ၅ ရက်လောက်က ခွင့်ပြုမိန့်ရတယ်။ test kitကို ကုမ္ပဏီမှာထားတယ်လို့သိရတယ်။ ဆေးရုံအနေနဲ့ ပုဂ္ဂလိကဆေးရုံတစ်ရုံကို ခွင့်ပြုလိုက်တယ်။ ဓာတ်ခွဲခန်းတစ်ခုရော စစ်ဆေးဖို့ခွင့်ပြုတယ်။ အသေးစိတ်တော့ ပန်းလှိုင်ကိုမေးကြည့်မှသိရမယ်”လို့ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်ကပြောပါတယ်။ ပန်းလှိုင်ဆေးရုံမှာ ကိုဗစ်လူနာကုသခွင့်ကို ကျန်းမာရေးဝန်ကြီးဌာန ကခွင့်ပြုလိုက်ပေမယ့် ဆေးရုံဘက်ကတော့ လတ်တလောမှာ လူနာ လက်ခံကုသမှုမရှိသေးကြောင်း၊ ကုသဖို့အစီအစဉ်တော့ရှိတယ်လို့ ပန်းလှိုင်ဆေးရုံဘက်ကနေ သိရပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကတော့ “ဆေးရုံတစ်ရုံကိုတော့ ခွင့်ပြုလိုက်ပြီ၊ နာမည်ကြီးဆေးရုံတစ်ခုဖြစ်တယ်။ အရင်တပတ်လောက်ထဲက ခွင့်ပြုပေးလိုက်တာဖြစ်တယ်”လို့ ပြောပါတယ်။ ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာ…

Read More

သူတောင်စား မဟုတ်တဲ့ စစ်ကိုင်းမြို့ မြရတနာရပ်ကွက်က စွန့်စားသူများ

စစ်ကိုင်း၊ ဒီဇင်ဘာ- ၂၂- ၂၀၂၀ ရှိုင်းအောင်(VOM) ကိုဗစ်ကာလမှာ အခက်အခဲတွေရှိတာကြောင့် စစ်ကိုင်းတောင်ခြေက မြစင်္ကြာကျောင်းတိုက်က စွန့်ကျဲတဲ့ ဆွမ်းထမင်း၊ ဟင်းတွေကို လာယူရာကနေ လူစုလူဝေးတွေ ဖြစ်ပေါ်ခဲ့တာကြောင့် စစ်ကိုင်းမြို့ရဲ့ တာဝန်ရှိသူတွေက မေတ္တာရပ်ခံပြီး ရွာမှာ အထောက်အပံ့တွေပေးဝေနေရပါတယ်။ လက်ရှိမှာ စေတနာရှိတဲ့ အလှူရှင်တွေရှိလာတာကြောင့် စားဝတ်နေရေး အဆင်ပြေမှုရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီမြရတနာရပ်ကွက်မှာ လူဦးရေ ၁၇၀၀ နီးပါးရှိပြီး ၇၀ ရာခိုင်နှုန်းလောက်ကတော့ အခြေခံလူတန်းစားတွေ ဖြစ်တယ်လို့ သိရပါတယ်။ စစ်ကိုင်းမြို့က မြရတနာရပ်ကွက်ဖြစ်တည်လာတာကတော့ စစ်ကိုင်းမြို့၊ စည်းခုံကြီးဘုရားအနီးမှ အိမ်ခြေအနည်းငယ်သာရှိတာကြောင့် ၅ အိမ်တန်းလို့လူသိများတဲ့ အနာကြီးရောဂါခံစားရတဲ့ လူနည်းစုဟာ ၁၉၉၀ ခုနှစ်ဝန်းကျင်လောက်မှာ ရွှေမင်းဝံရပ်ကွက်ရဲ့ အရှေ့ဘက်ခြမ်းကို နိုင်ငံတော်အစိုးရရဲ့ အမိန့်နဲ့ ရွှေ့ပြောင်းနေထိုင်ကြခဲ့ရပါတယ်။ ၁၉၉၂ ခုနှစ် မှာတော့ အဲ့ဒီ ရွှေမင်းဝံရပ်ကွက်ကနေ မြောက်ဘက်အခြမ်း စက်မှုဇုံဘက်မှာ မြရတနာရပ်ကွက်လို့…

Read More

မြို့ကြီးပြကြီးမှာ မျက်စိလည်နေတဲ့မြွေတွေရဲ့ဒုက္ခ

အေးချမ်းသူ(VOM)   ” မြွေတွေ တွေ့ရင် ဘုန်းဘုန်းဆီ လာပို့ပါ ဘုန်းဘုန်းကျွေးမွေးထားပြီး တောထဲပြန်လွှတ်ပေးပါ့မယ် ဒီလိုမလုပ်ရင် မှောင်ခိုပို့တဲ့ သူတွေဆီရောက်သွားမှာစိုးလို့ပါ” လို့  စိုးရိမ်စိတ်နဲ့ မင်္ဂလာဒုံမြို့နယ်၊ ပလရ ရပ်ကွက်အတွင်းက စိတ္တသုခတပ်ဦးကျောင်းတိုက် အဘရာကျောင်း လှောင်အိမ်ထဲက မြွေကြီးတွေကို ကြည့်ရင်း ဆရာတော်ဦးဝိလာသက မေတ္တာသံပါပါနဲ့ မိန့်ပါတယ်။   ဆရာတော်ရဲ့ကျောင်းမှာ မြွေမျိုးစုံကို မှန်ကာထားတဲ့ ကန်ထဲမှာတမျိုး သံဇကာကာထားတဲ့ ခြံထဲမှာတဖုံ အမျိုးမျိုးထည့်ထားပြီး ဆရာတော်က ပုံမှန်ကျွေးမွေးပြီး စောင့်ရှောက်ထားပါတယ်။ စိတ္တသုခတပ်ဦးကျောင်းတိုက်မှာတော့ လက်ရှိထိန်းသိမ်းတဲ့မြွေ အကောင် ၃၀ ကျော်ရှိနေပြီး ၊ စပါးကြီး ၊ စပါးအုံးမြွေ များအပြင် အခြားအဆိပ်ရှိ မြွေအချို့လည်း ပါဝင်ပါတယ်။ အဲဒီမြွေတွေကို နွားနို့ ၊ ကြက်ဥ ၊ ငါး ၊ကြက်(ပံ့သကူ) တွေ ကျွေးမွေးတာမှာ လစဉ် ပျမ်းမျှ…

Read More

ထိုင်းနိုင်ငံက ဒီကနေ့ ကိုဗစ်ပိုတွေ့လူနာတွေထဲမှာ ရွှေ့ပြောင်းမြန်မာလုပ်သားတွေပါဝင်နေ

ဒီဇင်ဘာ ၂၂-၂၀၂၀ ကောင်းလက်ျာ(VOM) ထိုင်းနိုင်ငံမှာ Covid-19 ကူးစက်မြန်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာချိန် ဒီကနေ့မနက် စစ်ဆေးချက်တွေအရ ပိုးတွေ့လူနာ ၄၂၇ ဦးအနက် ၁၆ ဦးဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ” ဒီကနေ့စစ်ဆေးချိန် ပိုးတွေ့လူနာ၂၄၇ဦး ရှိတယ်။ အဲ့ဒီအထဲမှာဥရောပနိုင်ငံအချို့က လူတွေနဲ့ နိုင်ငံခြားပြန်တွေလည်းပါတယ်။ ပိုးတွေ့လူနာထဲမှာ သူ့နိုင်ငံသားက နည်းနည်းပဲပါတော့ ပြည်ပအလုပ် သမားတွေကို ပိုဂရုထားနေတယ်။ ဆမွတ်ဆာခွန်မှာဆို ဒီကနေ့ မိုဘိုင်မ်းတင်း ၂ နေရာခွဲစစ်တယ်။ လူဦး‌ရေကို နဂိုကထက်ပိုပြီးစစ်မယ့်အနေထားပဲ”လို့ ရွှေ့ပြောင်းအလုပ်သမားကာကွယ်ရေးကွန်ရက် (MWRN)က ဦးသန်းဇော်ထိုက်က ပြောပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစုအခြေစိုက်ရာ ဆမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ရပ်၊ ပုစွန်ဈေး နဲ့ စက်ရုံအလုပ်ရုံ လုပ်သားတွေကို ဒီဇင်ဘာ ၁၇ ရက်ကနေ ဒီဇင်ဘာ၂၂ ရက်အထိ စစ်ဆေးချက်အရ Covid- 19 ပို‌း…

Read More

ဖွံ့ဖြိုးဆဲနိုင်ငံတွေကို WHO က ဇန်နဝါရီလမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဖြူးပေးတော့မယ်

ဂျီနီဗာ၊ ဒီဇင်ဘာ၂၂-၂၀၂၀ မျိုးဆက် (VOM) Pfizer နဲ့ BioNTech ကုမ္ပဏီတို့ကထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုဖို့အတွက် များမကြာမီမှာ ခွင့်ပြုချက်ပေးမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ယခုနှစ်ကုန်မှာ ချသွားဖွယ်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး မာရီအိန်ဂျလာဆီမွန်က ဂျီနီဗာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောပါတယ်။ခွင့်ပြုချက်ရရှိပြီးနောက် ကာကွယ်ဆေးဖြန့်ဖြူးမှုတွေပါ WHO ကလုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေ မျှတစွာဖြန့်ဖြူးဖို့ ကမ္ဘာလုံးဆိုင်ရာ မူဘောင်ဖြစ်တဲ့ COVAX အစီအစဉ်အောက်မှာ ဇန်နဝါရီလနှောင်းပိုင်းမှစပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် စတင်ဖြန့်ဖြူးသွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သိပ္ပံဆိုင်ရာ အကြီးအကဲ ဆွာမိနာသန်က ပြောပါတယ်။ Pfizer နဲ့ BioNTech ကုမ္ပဏီထုတ်ကာကွယ်ဆေးဟာ အဲဒီအစီအစဉ်မှာ မပါဝင်ပေမယ့် အဲဒီကာကွယ်ဆေးကို ဖြန့်ဖြူးနိုင်ဖို့အတွက် WHO ကတာဝန်ရှိသူတွေ ဆွေးနွေးညှိနှိုင်းမှုတွ ပြုလုပ်နေကြပါတယ်။ ကာကွယ်ဆေးဖြန့်ဖြူးတဲ့စနစ် ကိုယ်ပိုင်မရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ဗိုင်းရပ်စ်ကာကွယ်ရေးနဲ့…

Read More

တောင်ကြီးမြို့က စားသောက်ဆိုင်တွေကို ဆိုင်ထိုင်စားခွင့်ပြုမယ်

ဒီဇင်ဘာ ၂၂-၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေကို ဒီဇင်ဘာ ၂၃ ရက်နေ့ကစပြီး ဆိုင်ထိုင်စားသောက်စနစ်နဲ့ပြန်လည် ရောင်းချခွင့်ပြုတော့မှာ ဖြစ်ပါတယ်။ “ပြင်ဆင်ရမယ့် သတ်မှတ်ချက် (၄၀) ကျော်နဲ့အညီ ကျွန်တော်တို့က ဖွင့်ခွင့်ပြုသွားမှာပါ။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေနဲ့အညီ စားသောက်ဆိုင်တွေ ပြန်လည်ဖွင့်လှစ်ဖို့ လိုက်နာဆောင်ရွက်ရမယ့်အချက်တွေနဲ့အညီ ဖွင့်ခွင့်ပြုသွားမှာပါ။ မနက်ဖြန် စဖွင့်ခွင့်ပြုတော့မယ်ဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ မနေ့ကမှ ညွှန်ကြားချက်ရတာပါ။ သူတို့တွေကို အဆင့် A ရယ် B ရယ် C ရယ်ဆိုပြီး (၃) ဆင့် ခွဲထားပါတယ်။ အဲ့ဒီ စစ်ဆေးတဲ့အဖြေပေါ်မူတည်ပြီး ဆိုင်ဆစ်ဆိုင်ကို ဖွင့်ခွင့်ပြု၊မပြု ဆုံးဖြတ်မှုဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ A အဆင့်ရတဲ့ဆိုင်တွေကတော့ ပြည့်စုံတယ်ပေါ့။ B အဆင့်ဆိုင်တွေကိုတော့ လောလောဆယ်ဖွင့်ခွင့်ပေးထားမယ်။ C အဆင့်တွေကိုတော့ ဖွင့်ခွင့်မပေးသေးပါဘူး။ ပြီးတော့ လိုအပ်တာတွေ ထပ်မံညွှန်ကြားချက်ပြီးတော့ လိုအပ်ချက်တွေကို ထပ်ဖြည့်ခိုင်းဖို့ရှိပါတယ်။…

Read More

ဧရာဝတီမြစ်ကမ်းဘေးမှာ ရှေးဟောင်းရွှေထည်ပစ္စည်းတွေ မကြာခဏတွေ့နေ

ဒီဇင်ဘာ ၂၂-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောင်းဖြူကျေးရွာရဲ့အနောက်ဖက် ဧရာဝတီမြစ်ကမ်းဘေးနေရာမှာ ဒီဇင်ဘာ ၉ရက်နေ့ကနေ မနေ့ ဒီဇင်ဘာ ၂၁ အထိ ရှေးဟောင်းရွှေထည်ပစ္စည်းတွေ မကြာခဏ တွေ့နေရတယ်လို့ သိရပါတယ်။ ” ဧရာဝတီမြစ်ကမ်းဘေးက ရကြတာဖြစ်တယ်၊ ရတဲ့သူတွေက ယဉ်ကျေးမှုနဲ့ သမိုင်းတန်ဖိုးကို အလေးထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီ တာဝန်သိသိ သစ္စာရှိရှိအပ်ပေးကြတယ်”လို့ ရှေးဟောင်းယဉ်ကျေးမှုသုတေသီ ဦးစိုးကပြောပါတယ်။ မနေ့ ဒီဇင်ဘာ ၂၁ မနက်ပိုင်းက စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဆီကိုလာရောက်ပြီး ရှေးဟောင်း ရွှေထည်ပစ္စည်းတွေ လာရောက်အပ်နှံသူ ဒေါ် စန်းစန်းထွေးနဲ့ ဦးလှမင်းဦးတို့ ၂ ဦးကို ကြိုတင်ဆုကြေးငွေအဖြစ် ငွေကျပ် ၄၁ သိန်းကို ဝန်ကြီးချုပ်က ပေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို လာရောက်အပ်နှံချိန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ” ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေကို…

Read More

ဗြိတိန်က ကူးစက်မြန်ဗိုင်းရပ်စ်မျိုးစိတ်သစ် ကလေးငယ်တွေကို ပိုမိုကူးစက်နိုင်

လန်ဒန်၊ ဒီဇင်ဘာ၂၂-၂၀၂၀ မျိုးဆက်(VOM) ဗြိတိန်မှာ အလျှင်အမြန် ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ယခင်မျိုးစိတ်တွေနဲ့ မတူပဲ ကလေးသူငယ်တွေမှာ ကူးစက်နိုင်ခြေပိုမိုမြင့်မားတယ်လို့ သိပ္ပံပညာရှင်တွေက ဒီဇင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။ ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ဗြိတိန်တောင်ပိုင်းမှာ အလျင်အမြန်ကူးစက်မှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ အလားတူကူးစက်လာနိုင်တယ်လို့ ဗိုင်းရပ်စ်မျိုးစိတ်သစ်ကို ခြေရာခံလေ့လာနေတဲ့ ဗြိတိန်အစိုးရရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ခြိမ်းခြောက်မှုအကြံပေးအဖွဲ့မှ သိပ္ပံပညာရှင်တွေက သူတို့ရဲ့ နောက်ဆုံးတွေ့ရှိချက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ဗြိတိန်မှာ လက်ရှိကူးစက်နေတဲ့ အခြားဗိုင်းရပ်စ်တွေထက် ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်တာဟာ သေချာကြောင်း အောက်စဖို့တက္ကသိုလ်မှ ကူးစက်ရောဂါဆိုင်ရာပါမောက္ခ ပီတာဟော်ဘီက ပြောပါတယ်။ ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ကလေးငယ်တွေကို ကူးစက်ဖို့ပိုမိုမြင့်မားတဲ့ စွမ်းရည်ရှိတဲ့ အရိပ်လက္ခဏာရှိတယ်လို့ လန်ဒန်တော်ဝင်ကောလိပ်မှ ပါမောက္ခနဲ့ ကူးစက်ရောဂါပညာရှင် နေးလ်ဖာဂူဆန်ကလည်းဆိုပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကျိုးကြောင်းဆီလျော်မှုတစ်စုံတစ်ရာကို မိမိတို့မဖော်ထုတ်နိုင်သေးပေမယ့် ရရှိထားတဲ့ အချက်အလက်တွေမှာ မြင်တွေ့နိုင်ကြောင်း၊ ရှေ့ဆက်ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ သိရှိနိုင်ဖို့…

Read More

ကုန်တင်ရေယာဉ်လှိုင်းပုတ်လို့ စက်လှေ ၁ စီးနစ်မြုပ်၊ လူ ၂ ယောက် ပျောက်ဆုံးနေ

ခန္တီး ၊ဒီဇင်ဘာ ၂၂ ၊ ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ အနောက်ကောက်တောင်ကျေးရွာ၊ နန်မဆိုင်း ချောင်းဝအနီး ချင်းတွင်းမြစ်ထဲမှာ မနေ့ ဒီဇင်ဘာ ၂၁ ညနေပိုင်းက ကုန်တင်ရေယာဉ်မောင်းလာချိန် လှိုင်းလုံးတွေရိုက်ပုတ်မှုကြောင့် စက်လှေ ၁ စီးနစ်မြုပ်ပြီး လူ၂ ယောက် ရေနစ်ပျောက်ဆုံးနေတယ်လို့ အနောက်ကောက်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။ ” စက်လှေပေါ်မှာ လူ ၈ ယောက် လိုက်ပါလာတယ်၊ ကလေး ၃ ယောက် နဲ့ လူကြီး ၅ ယောက်ဖြစ်တယ် “လို့ အနောက်ကောက်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဆန်းက ပြောပါတယ်။ အနောက်ကောက်တောင်ကျေးရွာမှာနေတဲ့ ဦးအောင်မြင့်ဦးဆိုသူဟာ အသက် ၅ နှစ်အရွယ်နဲ့ ၁၀ နှစ်အရွယ် သား ၂ ယောက်နဲ့အတူ အသက် ၁၂ နှစ်အရွယ် သမီး…

Read More
VOM News

FREE
VIEW