ဗြိတိန်က ကူးစက်မြန်ဗိုင်းရပ်စ်မျိုးစိတ်သစ် ကလေးငယ်တွေကို ပိုမိုကူးစက်နိုင်

လန်ဒန်၊ ဒီဇင်ဘာ၂၂-၂၀၂၀
မျိုးဆက်(VOM)

ဗြိတိန်မှာ အလျှင်အမြန် ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ယခင်မျိုးစိတ်တွေနဲ့ မတူပဲ ကလေးသူငယ်တွေမှာ ကူးစက်နိုင်ခြေပိုမိုမြင့်မားတယ်လို့ သိပ္ပံပညာရှင်တွေက ဒီဇင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။

ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ဗြိတိန်တောင်ပိုင်းမှာ အလျင်အမြန်ကူးစက်မှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ အလားတူကူးစက်လာနိုင်တယ်လို့ ဗိုင်းရပ်စ်မျိုးစိတ်သစ်ကို ခြေရာခံလေ့လာနေတဲ့ ဗြိတိန်အစိုးရရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ခြိမ်းခြောက်မှုအကြံပေးအဖွဲ့မှ သိပ္ပံပညာရှင်တွေက သူတို့ရဲ့ နောက်ဆုံးတွေ့ရှိချက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ဗြိတိန်မှာ လက်ရှိကူးစက်နေတဲ့ အခြားဗိုင်းရပ်စ်တွေထက် ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်တာဟာ သေချာကြောင်း အောက်စဖို့တက္ကသိုလ်မှ ကူးစက်ရောဂါဆိုင်ရာပါမောက္ခ ပီတာဟော်ဘီက ပြောပါတယ်။

ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ကလေးငယ်တွေကို ကူးစက်ဖို့ပိုမိုမြင့်မားတဲ့ စွမ်းရည်ရှိတဲ့ အရိပ်လက္ခဏာရှိတယ်လို့ လန်ဒန်တော်ဝင်ကောလိပ်မှ ပါမောက္ခနဲ့ ကူးစက်ရောဂါပညာရှင် နေးလ်ဖာဂူဆန်ကလည်းဆိုပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကျိုးကြောင်းဆီလျော်မှုတစ်စုံတစ်ရာကို မိမိတို့မဖော်ထုတ်နိုင်သေးပေမယ့် ရရှိထားတဲ့ အချက်အလက်တွေမှာ မြင်တွေ့နိုင်ကြောင်း၊ ရှေ့ဆက်ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ သိရှိနိုင်ဖို့ အချက်အလက်တွေ ပိုမိုစုဆောင်းဖို့ လိုအပ်တယ်လို့ ဖာဂူဆန်က ပြောပါတယ်။

Ref : CNA
Photo: Reuters
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW