သူတို့အိမ် အခန်း (၁၀၄)

ဆူးငှက် တက္ကသိုလ်၏ သက်တမ်း၊ ရင့် ကျက်မှုနှင့် သမ္ဘာ ————————————————- ကျွန်တော်က အမိတက္ကသိုလ်ဝင်းအတွင်းရှိ အဆောက်အအုံသစ်များထက် အဆောက်အအုံဟောင်းများကို စိတ်ဝင်စားသည်။ အဆောက်အအုံဟောင်းများကို ထိန်းသိမ်းစောင့်ရှောက်ကာ ဆက်လက်အသုံးပြုခြင်းဖြင့် ဤတက္ကသိုလ်၏ သမ္ဘာ၊ ရင့်ကျက်မှုနှင့် ဖြတ်သန်းမှုကို သိသာစေသည်။ အဆောက်အအုံဟောင်းများကို ထိန်းသိမ်း ပြုပြင်ရာတွင်ပင် သစ်လွင်တောက်ပမှုအစား တည်ငြိမ် ခံ့ငြားမှု မူလအသွေးကို မထိခိုက်စေလိုပေ။ ဆရာကြီး ဒဂုန်တာရာက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမကြီး မျက်နှာစာကို ရေညှိတက်နေသည့် မူလ အသွေးအတိုင်း ထားစေလိုသည်။ ကျန်သည့်အပိုင်းများကိုသာ ပြုပြင် မွန်းမံစေလို၏။ မျက်နှာစာ၏ ရေညှိတက် အသွေးက တက္ကသိုလ်၏ သက်တမ်း၊ ရင့် ကျက်မှုနှင့် သမ္ဘာကို ပြဆိုသည်ဟု ရေးခဲ့ဖူးသည်။ မြန်မာပြည်တွင် ရန်ကုန်တက္ကသိုလ်က သက်တမ်းအရင့်ဆုံးဖြစ်သည်။ ဒုတိယ သက်တမ်းအရင့်ဆုံးက မန္တလေး တက္ကသိုလ်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်က ၁၉၂၀ခုနှစ်…

Read More

ပြည်ပက ခွင့်ပြန်လုပ်သားတွေ ပြန်ထွက်ခွင့်အတွက် ကန့်သတ်ချက်​တွေနဲ့ ပယ်ချမှုများလာလို့ အဆင်မပြေ

မေ ၅ ၊ ၂၀၂၆ GG (VOM) ခွင့်ပြန်လုပ်သားတွေကို ပြည်ပပြန်လည်ထွက်ခွာခွင့်ပြုတဲ့နေရာမှာ ကန့်သတ်ချက်တွေများလာတဲ့အပြင် ထွက်ခွာခွင့်ပယ်ချခံရတဲ့ အရေအတွက်လည်း ရာနဲ့ချီရှိလာတာကြောင့် ခွင့်ပြန်လုပ်သားတွေ ပြန်ထွက်ခွာဖို့ ခက်ခဲတဲ့ အခြေအနေ ဖြစ်လာနေတယ်လို့ သိရပါတယ်။ အရင် ဧပြီလ တလတည်းမှာပဲ ပြည်ပပြန်ထွက်ခွင့်လျှောက်ခဲ့တဲ့ ခွင့်ပြန်လုပ်သား ၆၀၀ ကျော်လောက်ဟာ သတ်မှတ်ထားတဲ့ အချက်အလက်တွေ မပြည့်စုံတာကြောင့်ဆိုပြီး ပြန်ထွက်ခွာခွင့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ပြန်ထွက်ခွာခွင့် ပယ်ချခံခဲ့ရသူအများစုဟာ OWIC ကတ်မှာပါတဲ့ နိုင်ငံ၊ ကုမ္ပဏီနဲ့ ပြန်ထွက်ခွာမယ့် နိုင်ငံ၊ ကုမ္ပဏီ မတူခြင်း ၊ သက်တမ်းရှိ Workpermit နဲ့ လေယာဥ်လက်မှတ်မပါခြင်း ၊ လေဆိပ်အဝင်တံဆိပ်တုံး ၊ နိုင်ငံကူးလက်မှတ် ၊ အလုပ်ရှင်ခွင့်စာ၊ စာရွက်စာတမ်း မှန်ကန်မှုမရှိခြင်း စတဲ့ အချက်အလက်တွေ ပြည့်စုံမှုမရှိတဲ့အတွက် ထွက်ခွာခွင့်ပယ်ချခံရပြီး ပြန်လည်တင်ပြဖို့ အသိပေးခံခဲ့ရတာ…

Read More

သီလရှင်ဝတ်စုံနဲ့ ယှဉ်ပြိုင်တဲ့ အလှမယ်ကို ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်​ပေမယ့် အ​ရေးယူဖို့​တောင်းဆိုမှု​တွေရှိ​နေ

မေ ၅ – ၂၀၂၆ SS (VOM) မနေ့ မေ ၄ ရက်၊ ညပိုင်းက ပြုလုပ်တဲ့ Miss Grand Myanmar 2026 National Costume Competition မှာ သီလရှင်ဝတ်စုံနဲ့ ယှဥ်ပြိုင်ခဲ့တဲ့ တာချီလိတ် အလှမယ်ကို ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်တယ်လို့ Miss Grand Myanmar Organization က ဒီကနေ့ မေ ၅ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ တာချီလိတ် အလှမယ်ဟာ National Costume Competition မှာ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ တာချီလိတ်မြို့ကို ကိုယ်စားပြုတယ်လို့ ဆိုကာ ဗုဒ္ဓဘာသာဝင် မိန်းမပျိုတယောက်ရဲ့ နားသအလှူတော်မင်္ဂလာ ပြုလုပ်တဲ့ ရိုးရာဓလေ့ကို အခြေခံပြီး အသွင်ယူဖန်တီးထားတဲ့ ဝတ်စုံနဲ့ ယှဥ်ပြိုင်ခဲ့ပြီးနောက် သီလရှင် ပုံစံပြောင်းကာ ထပ်မံ…

Read More

မော်လူးမြို့ကို အစိုးရတပ် ပြန်လည် ထိန်းချုပ်

မေ ၅ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက ‌ဒေသတွင်း လက်နက်ကိုင်တပ်တွေ နှစ်နှစ်နီးပါးကြာ နယ်မြေစိုးမိုးထားခဲ့တဲ့ မော်လူးမြို့ကို အစိုးရတပ်က ဒီကနေ့ ဧပြီ ၅ ရက်၊ မနက်ပိုင်းမှာ ပြန်လည် ထိန်းချုပ်လိုက်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့တဲ့ အစိုးရတပ် စစ်ကြောင်းဟာ မေ ၂ ရက်နေ့မှ စတင်ကာ မော်လူးမြို့ကို ဦးတည် ထွက်ခွာလာခြင်းဖြစ်ပြီး သုံးရက်အကြာမှာတော့ မြို့အတွင်း ဝင်ရောက်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ “ဒီမနက် ၈ နာရီလောက်ကျမှ အစိုးရတပ်တွေ မော်လူးကို ရောက်တာပါ။ မနေ့ကတည်းက သတင်းတွေထွက်နေပေမယ့် ဒီမနက်မှ ဝင်တာပါ။ စစ်ကြောင်းလာတဲ့ လမ်းတလျှောက်မှာ ပစ်ခတ်မှုတွေ အနည်းအကျဉ်းလောက်ပဲ ရှိခဲ့တယ်။ မော်လူးရပြီဆိုတော့…

Read More

ကျိုက္ခမီမှာ ရေလုပ်သားနဲ့မိသားစုဝင် ၄၀ ကျော် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်လို့ ဆေးရုံမှာ သီးခြားထားပြီး စောင့်ကြည့်ကုသပေးနေ

မေ ၅ ၊ ၂၀၂၆ CC ( VOM) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့မှာ ကူးစက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ အယောက် ၄၀ ကျော်အထိရှိထားပြီး ဆေးရုံမှာ သီးခြားကုသမှု ပေးနေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ ရောဂါဖြစ်ပွားသူတွေထဲက ၃၈ ယောက်ကို ကျိုက္ခမီဆေးရုံမှာ သီးခြားထားရှိပြီး ကူသမှုပေးနေကာ နောက်ထပ် လေးယောက်ကိုတော့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့် ကုသမှုပေးနေတယ်လို့ သိရပါတယ်။ ကူးစက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူတွေဟာ ကျိုက္ခမီမြို့ ၊ အောင်ချမ်းသာ ရပ်ကွက်က ရေလုပ်သားနဲ့ မိသားစုဝင်တွေ ဖြစ်ပြီး လက်ရှိမှာတော့ ရောဂါကူးစက်မှုကို အချိန်မီ ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ” လူနာတွေကိုခွဲပြီးကုသမှုပေးနေတယ်။ အခုအခြေအနေက အေးအေးဆေးဆေးငြိမ်သွားပြီ ။ အကုန်လုံးထိန်းနိုင်သွားပြီ ။ ဖြစ်ရတဲ့အကြောင်းအရင်းကိုမေးကြည့်တော့ အောင်သုခမှာ ရေရှားပါးမှုဖြစ်တယ်။ ရေလုပ်သားတွေများတယ်။ ပတ်ဝန်းကျင်…

Read More

မြစ်ကြီးနား – ရန်ကုန် လေယာဥ်လက်မှတ်ခ ၁၅ သိန်းကနေ ၂၀ ထိပေါက်ပြီး မြစ်ကြီးနား – မန္တလေးလက်မှတ်ခ ၁၀ သိန်းကနေ ၁၅ သိန်းထိ အဆမတန်မြင့်တက်လာ

မေ ၂၊ ၂၀၂၆ GG (VOM) မြစ်ကြီးနား – ရန်ကုန် – မြစ်ကြီးနား ၊ မြစ်ကြီးနား – မန္တလေး – မြစ်ကြီးနား ခရီးစဥ် လေယာဥ်လက်မှတ်ခစျေးနူန်းတွေ အဆမတန်မြင့်တက်လာတဲ့အပြင် ဝယ်ယူရခက်တဲ့ အခြေအနေပါ ကြုံတွေ့နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာ မြစ်ကြီးနား – ရန်ကုန် လေယာဥ်လက်မှတ်ခနူန်းထားက ပြင်ပလက်မှတ်အရောင်း စျေးကွက်မှာ ခရီးစဥ်တကြောင်းစာကို ၁၅ သိန်းကနေ သိန်း ၂၀ လောက်အထိ စျေးပေါက်နေပြီး မြစ်ကြီးနား – မန္တလေး လေယာဥ်လက်မှတ်ခက ၁၀ သိန်းကနေ ၁၅ သိန်းလောက်အထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။ အဲဒီလေယာဥ်လက်မှတ်စျေးနူန်းတွေဟာ ပြင်ပမှောင်ခိုစျေးနူန်းတွေဖြစ်ပြီး လေကြောင်းလိုင်းတွေရဲ့ တရားဝင် လက်မှတ်ခစျေးနူန်းထက် နှစ်ဆလောက်အထိမြင့်နေတာ ဖြစ်ပါတယ်။ ” လေကြောင်းလိုင်းတရားဝင်စျေးထက်ကို အဆမတန်တက်နေတာ ။ system ကလည်း…

Read More

ပျဥ်းမနား မြို့မစျေးကြီးတခုလုံး ပြန်ဆောက်မှာမို့ ပိုင်ရှင်တွေက မူလဆိုင်ခန်း​နေရာ မရမှာကို စိုးရိမ်နေ

နေပြည်တော် မေ ၅ – ၂၀၂၆ KKL(VOM) ပျဥ်းမနားမြို့ရဲ့အထင်ကရ စျေးကြီးတခုဖြစ်တဲ့ မြို့မစျေးကြီးကို အသစ်ပြန်လည်တည်ဆောက်သွားဖို့ရှိတယ်လို့ သိရပြီးတော့ ပျဥ်းမနား မြို့မစျေးမှာ လက်ရှိရောင်းချနေကြတဲ့ ဆိုင်ခန်းပိုင်ရှင်တွေကတော့ တည်ဆောက်ပြီးစီးလို့ သူတို့မူလနေရာပြန်ပေးတဲ့အခါမှာ ငွေကြေးဘယ်လောက်ထပ်မံပေးဆောင်ရမယ်ဆိုတဲ့အတွေး၊ ပြိုကျပျက်စီးခဲ့တဲ့စျေးရုံထဲက ဆိုင်ခန်းပိုင်ရှင်တွေဖက်ကလည်း သူတို့ရဲ့မူလစျေးဆိုင်ခန်းနေရာတွေ ပြန်မရမှာသေချာနေတဲ့အတွက် စိုးရိမ်မှုတွေ မကျေနပ်မှုတွေရှိနေခဲ့ကြတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ကို တာဝန်ရှိတဲ့လူကြီးတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ၈ လအတွင်းအပြီးပြန်ဆောက်ပေးမယ် ဆိုတာထည့်ပြောခဲ့ပါတယ် အဲ့ဒါကြောင့် ကျွန်တော်အပါအဝင် ရုံထဲမှာရောင်းချနေကြတဲ့ ဆိုင်ခန်းပိုင်ရှင်တွေအကုန်လုံး လက်မှတ်ထိုးပေးခဲ့ကြပါတယ်။ အခုတော့မူလနေရာမှာ အခြားအဆောက်အဦးဆောက်ဖို့လုပ်နေပြီး တဖက်မှာကျန်ရှိနေတဲ့ အခုအသစ်ဆောက်မယ့် စျေးအဟောင်းနေရာဖက်ကို ပေါင်းပြီးနေရာပြန်ပေးမယ်ဆိုတော့ ကျွန်တော်တို့ဆိုင်ခန်းနေရာကောင်းရှိခဲ့တဲ့သူတွေဖက်က နစ်နာပါတယ်” လို့ ပြိုကျပျက်စီးခဲ့တဲ့ စျေးရုံထဲက အမည်မဖော်ပြချင်တဲ့ အထည်ရောင်းချနေတဲ့ ဆိုင်ခန်းပိုင်ရှင်တယောက်က VOM ကိုပြောပါတယ်။ ပျဥ်းမနား မြို့မစျေးကြီး အသစ်တည်ဆောက်ပြီးစီးဖို့အတွက် အချိန်ကာလ ၃ နှစ်ကြာမြင့်မယ်လို့သိရပြီးတော့ အခုလက်ရှိ စျေးသည်တွေကို…

Read More

စလင်းမှာ တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကြောင်းထိုးနယ်မြေရှင်းလင်းမှုအကြား ကျေးရွာတချို့က နေအိမ်တွေ မီးရှို့ခံရ

မေ ၅ ၊ ၂၀၂၆ CC (VOM) မကွေးတိုင်း၊ စလင်းမြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီး အစိုးရတပ်ကလည်း မြေပြင်စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး ပြုလုပ်နေတာကြောင့် ကျေးရွာကိုးရွာထက်မနည်း စစ်ရှောင်နေကြရတယ်လို့ ဒေသခံဆီက စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာ တိုက်ပွဲ ဖြစ်ပွားတဲ့ကျေးရွာတွေဘက်မှာ နေအိမ်တွေ မီးလောင်မှုရှိသလို ကျန်တဲ့ ဧရာဝတီမြစ်ကမ်းဘေးတလျှောက်က ကျေးရွာတချို့မှာလည်း နေအိမ်တွေ မီးရှို့ခံရတာတွေ ဖြစ်ပေါ်နေပြီး အိမ်ခြေရာဂဏန်းလောက်အထိ မီးလောင်ပျက်စီးမှုရှိနေတယ်လို့ သိရပါတယ် ။ ထနှောင်းကုန်း ၊ကံဆွယ်ရွာ ၊ ကန်တိုင်ကွေ့ကျေးရွာ ၊ နတ်စဉ်ကုန်း၊ ကန်ဘောင်၊ ရှားတော၊ စဉ့်တုကန်၊ သီးကုန်းနဲ့ ပျိုးခင်းကုန်းကျေးရွာတွေက ဒေသခံတွေ စစ်ရှောင်နေကြရတာဖြစ်ပြီး အဲဒီထဲကမှ စဥ့်တုကန်နဲ့ ပျိုးခင်းကုန်းရွာ ဘက်မှာ အိမ်မီးလောင်ပျက်စီးမှု ပိုပြီးများတယ်လို့ သိရပါတယ်။ ” ဟုတ်တယ် ။ မနေ့က စဥ့်တုကန်ရွာနဲ့ ပျိုးခင်းကုန်း…

Read More
VOM News

FREE
VIEW