ကျိုက်ထိုက ဟိုတယ်နဲ့တည်းခိုခန်းတွေ ပြန်ဖွင့်ခွင့် စာထွက်ပေမယ့် ကျိုက်ထီးရိုးပြန်မဖွင့်နိုင်သေး

ဒီဇင်ဘာ ၂၆-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက ဟိုတယ်၊မိုတယ်နဲ့တည်းခိုခန်းတွေကို ပြန်ဖွင့်ခွင့်စာထွက်ပေမယ့်လည်း အထင် ကရဖြစ်တယ့် ကျိုက်ထီးရိုးစေတီကိုတော့ ပြန်မဖွင့်နိုင်သေးဘူးလို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ် ဟိုတယ်နဲ့ခရီးသွားလာရေးညွန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းနုဆိုသူရဲ့ လက်မှတ်နဲ့ Covid-19 ရောဂါကြောင့် အခုနှစ်ဩဂုတ်လ ၉ ရက်က ပိတ်ထားရတဲ့ ဟိုတယ်၊ မိုတယ်၊ Inn နဲ့ တည်းခိုခန်းတွေကို၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာပြန်လည်ပြီး ဧည့်သည်လက်ခံခွင့်ပေးသွားမယ်လို့ ရေးသားထားပေမယ့် ကျိုက်
ထီးရိုးစေတီကို‌ေ‌တာ့ ပြန်မဖွင့်နိုင်ဘူးလို့ တာဝန်ရှိသူတွေက ငြင်းဆိုထားပါတယ်။

” ‌ပြန်ဖွင့်ခွင့်ပေးမယ်ဆိုတာ အတည်ပြုချက် မရှိပါဘူး။ ကောလဟတွေထုတ်နေကြပုံရပါတယ်။ ကျိုက်ထီရိုးပြန်ဖွင့်မယ်ဆိုတာလည်း မဟုတ်ပါဘူး”လို့ မွန်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောပါတယ်။

လက်တစ်လော ကျိုက်ထိုမြို့နယ်အတွင်း ဟိုတယ်၊ မိုတယ်တွေ ပြန်ဖွင့်ခွင့်ပေးထားတယ်ဆိုတဲ့ အမိန့်ညွန်ကြားချက် တစ်စုံတစ်ရာမှ ရောက်ရှိခြင်းမရှိသေးသလို ခရစ္စမတ်ကာလ ကျိုက်ထီရိုးတောင်တက်
ခြေလျင်လမ်းပြန်ဖွင့်ဖို့ တောင်းဆိုမှုတွေ ရှိနေတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ခြေလျင်လမ်းပိတ်လိုက်ရတယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ ဦးစိုးလှိုင်က ပြောပါတယ်။

” ကျိုက်ထီးရိုးပြန်ဖွင့်မယ်ဆိုပြီး ဖွနေကြတာနေမှာပါ။ တောင်ပေါ် ဆိုင်ခန်းတွေဆိုရင် ကိုဗစ်ကာလ အခွန်အခ‌တွေကို ကောက်တောင်မကောက်ဘူး”လို့ ဦးစိုးလှိုင်ကပြောပါတယ်။

စီးပွားရေးနဲ့နိုင်ငံရေးရောယှက်နေတာဖြစ်လို့ သိပ်မကြာခင် ဟိုတယ်၊မိုတယ်၊ အင်းတွေကို ပြန်လည်ဖွင့်လှစ်ရတော့မှာဖြစ်ပြီး ကျိုက်ထိုမြို့နယ်ထဲမှာ ကျိုက်ထီးရိုးစေတီပါဝင်နေတယ်ဆိုပေမယ့် ဟိုတယ်၊ မိုတယ်က တောင်ပေါ်တစ်ခုထဲ ရှိ‌နေတာမဟုတ်ကြောင်း ကျိုက်ထိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်းကပြောပါတယ်။

” ဟိုတယ်တွေ မိုတယ်တွေ ပြန်ဖွင့်ဖို့ဆိုတာကလည်း ပြည်နယ်အစိုးရကခွင့်ပြုချက်ပေးမှ ရမယ်လေ”လို့ ဦးလှမြင့်သန်းက ပြောပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ကိုဗစ်ကာလအတွင်း ဟိုတယ်၊မိုတယ်၊တည်ခိုခန်းတွေနဲ့ နာမည်ကြီးစေတီပုထိုးတွေ ဝင်ထွက်သွားလာ‌ဖူးမျှော်ခွင့် ရပ်ဆိုင်းထားတာကြောင့် အဲ့ဒီလုပ်ငန်းတွေကို မှီခိုပြီး အသက်မွေးကြရသူတွေ ခက်ခဲစွာ ရုန်းကန်နေရတယ်လို့ဒေသခံအချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မွန် #တည်းခိုခန်းတွေ #ပြန်ဖွင့်ခွင့်စာကျပေမယ့် #ကျိုက်ထီးရိုးကိုမဖွင့်နိုင်

Related posts

Leave a Comment

VOM News

FREE
VIEW