ကမ္ဘာ့အပူဆုံးနှစ်ဖြစ်ပြီး ရာသီဥတုပြောင်းလဲတာကြောင့် စားနပ်ရိက္ခာနဲ့ ရေရှားမှုတွေ ဖြစ်လာမယ်

ဒီဇင်ဘာ ၂၉-၂၀၂၀
ယဉ်ပပထွန်း (VOM)

၂၀၂၀ ခုနှစ်ဟာ ကမ္ဘာ့အပူဆုံး ဒုတိယနှစ်ဖြစ်တဲ့အတွက် ရာသီဥတု ပြောင်းလဲလာတာကြောင့် စားနပ်ရိက္ခာရှားပါးမှု ၊ ရေရှားပါးမှုတွေနဲ့ ကျန်းမာရေးဆိုင်ရာရောဂါတွေ ထူပြောလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောပါတယ်။

ပြီးခဲ့တဲ့၂၀၁၆ခုနှစ်က ကမ္ဘာ့ပထမဆုံး အပူဆုံးနှစ်ဖြစ်ခဲ့ပြီး အခု၂၀၂၀ က ဒုတိယ ကမ္ဘာ့အပူဆုံးနှစ် ဖြစ်တာကိုလည်း သိရပါတယ်။

“ ၂၀၁၆ မှာ ရာသီဥတုလျော့ချဖို့အတွက်ကို နိုင်ငံတွေ သဘောတူခဲ့တယ် ။ အခုလက်ရှိအခြေအနေထိတော့ အကောင်အထည်မဖော်နိုင်ခဲ့သေးဘူး ။ မဖော်နိုင်သေးတဲ့ ကြားထဲ ရာသီဥတုပြောင်းလဲမှုတွေက ဆက်ပြီးတော့ ပြောင်းလဲမယ့်အနေအထားမျိုးရှိတယ် ။ ဒီနှစ်ဆိုရင်လည်း လာနီညာ နှစ်တစ်နှစ်ဖြစ်ပေမယ့်လည်း ကမ္ဘာ့အပူချိန်က ဒုတိယအပူဆုံး နှစ်အနေနဲ့ ရှိနေခဲ့တယ်၊ ရာသီဥတုပြောင်းလဲဖို့က ကမ္ဘာနိုင်ငံမှာရှိတဲ့ လူတိုင်အားလုံးပူးပေါင်းပါဝင်ဖို့လိုပါတယ် ။ တနိုင်ငံထဲက ရာသီဥတုပြောင်းလဲ ဖို့လုပ်နေလို့မရဘူး၊ ကမ္ဘာနိုင်ငံတွေအကုန်လုံးက ပူးပေါင်းဆောင်ရွက်မှသာ ရာသီဥတုပြောင်းလဲလာမှု ကမ္ဘာကြီးပူနွေးလာမှုကို ဟန့်တားနိုင်မယ့် အနေအထားမျိုးရှိတယ်“လို့ ဒေါက်တာကျော်မိုးဦးကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ကလည်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ” အရင်ကလို အယ်နီညို ၊ လာနီညာဖြစ်ပေမယ့်လည်း လူတွေရဲ့ပြုပြင်ဆောင်ရွက်မှုတွေကြောင့် ရာသီဥတု ပြောင်းလဲလာပြီး ကမ္ဘာကြီးပူနွေးလာမှုတွေ ရပ်တန့်သွားအောင် အရင်ကလိုမျိုး မဆောင်ရွက်နိုင်တော့ဘဲ အယ်နီညို နဲ့ လာနီညာ သက်ရောက်မှုတွေက ရာသီဥတုပြောင်းလဲမှုတွေပေါ်မှာ အများကြီး သက်ရောက်မှုမရှိတဲ့ အနေအထားမျိုးဖြစ်တယ်”လို့ သုံးသပ်ထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မိုးလေဝသ

Related posts

Leave a Comment

VOM News

FREE
VIEW