ကွာရန်တင်းဝင်နေတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသမီး အဓမ္မပြုကျင့်ခံရ

ဒီဇင်ဘာ ၂၉-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ စွန်သိုက်ကျေးရွာအုပ်စု၊ ငါးကြီးဂရက်ကျေးရွာရှိ ကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်ထားတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အသက် ၂၀ အရွယ်အမျိုးသားက အဓမ္မပြုကျင့်မှု ဒီဇင်ဘာ ၂၇ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ မအူပင်မြို့မရဲစခန်းကနေ သိရပါတယ်။

”ငါးကြီးဂရက်ကျေးရွာက ရွှေပြည်အေးဘုရားကြီးကျောင်းမှာပဲ ကွာရန်တင်းဝင်နေတဲ့ အမျိုးသားက ကျူးလွန်တယ်လို့ ပြောပါတယ်။ ကောင်မလေးက ဒလမြို့နယ်ကနေပြန်လာပြီး မအူပင်မြို့ကို အလည်လာရောက်တာဖြစ်ပါတယ်။ တစ်ကြိမ်ပြုကျင့်ခံရတယ်လို့ပြောပါတယ်။ လက်ရှိ ပြစ်မှုကျူးလွန်သူလို့ဆိုသူကို အမှုဖွင့်ထားပါတယ်”လို့ မအူပင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။

ငါးကြီးဂရက်ကျေးရွာရှိ ရွှေပြည်အေးဘုရားကြီးကျောင်း ကွာရန်တင်းစင်တာအောက်ထပ်မှာ ရန်ကုန်တိုင် ၊ဒလမြို့နယ်၊ ရှမ်းကန်ကျေးရွာကနေပြန်လာပြီး ကွာရန်တင်းဝင်နေတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးဟာ အခြား အမျိုးသမီး ၃ ဦးတို့နဲ့ အိပ်နေချိန် တံခါးခေါက်သံကြားလို့ တံခါးကိုဖွင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို တံခါးဖွင့်ကြည့်ခဲ့ရာ ရွှေပြည်အေးဘုရားကြီးကျောင်းအပေါ်ထပ်မှာ ကွာရန်တင်းဝင်နေတဲ့ ငါးကြီးဂရက်ကျေးရွာအုပ်စုနေ အသက် (၂၀)နှစ်အရွယ် အမျိုးသားက အသက် ၁၅ နှစ်ရွယ် အမျိုးသမီးရဲ့ ရဲ့ပါးစပ်ကိုပိတ်ပြီး ခြင်ထောင်ထဲဆွဲခေါ်သွားကာ အဓမ္မ ၁ကြိမ်ပြုကျင့်ခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

အဲ့ဒီကိစ္စကို မိသားစုတွေက နောက်ကျမှသိရတဲ့အတွက် ဒီကနေ့ ဒီဇင်ဘာ ၂၉ရက်နေ့ မနက်ပိုင်းက မအူပင်မြို့မရဲစခန်းမမှာ လာရောက်တိုင်းကြားတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ Covid-19 ရောဂါဖြစ်ပွားနေတဲ့အချိန် ကွာရန်တင်းဝင်နေရတဲ့ အမျိုးသမီးတွေအတွက် လုံခြုံမှုတွေအရေးကြီးလာတယ်လို့ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ မိသားစုရဲ့တိုင်ကြားချက်အရ မိဘအုပ်ထိန်းမှုအောက်ရှိ အသက်မပြည့်သေးတဲ့အမျိုးသမီးငယ်ကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့ အသက် ၂၀ အရွယ် အမျိုးသားကို မအူပင်မြို့မရဲစခန်းမှ (ပ)၉၅၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မအူပင်မြို့နယ် #ကွာရန်တင်းဝင် #အသက်၁၅နှစ်အမျိုးသမီး #အဓမ္မပြုကျင့်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW