ပြည်ထောင်စုနယ်မြေက အနိပ်ခန်းဝင်ဖမ်းတာ လယ်/ဆည် အရာရှိတဦးပါမိ

နေပြည်တော်-ဒီဇင်ဘာ ၃၁-၂၀၂၀

ကိုထွန်း(VOM)

 

ဒီဇင်ဘာ ၃၀ ည ၂နာရီဝန်းကျင်က ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၅၅-D)၊ သရဖီလမ်းနဲ့(၂၆)လမ်းထောင့်၊ အောင်သာယာရပ်ကွက်က မစန္ဒာ ရဲ့ နေအိမ်မှာရှိတဲ့ တရားမ၀င် အနှိပ်ခန်းကို သတင်းအရ ဝင်ဖမ်းတာမှာ နေပြည်တော် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဒုဦးစီးတယောက်နဲ့ အနိပ်သမ ၅ ဦးကို ဖမ်းဆီးခံခဲ့ရပါတယ်။

 

ပတ္တာနယ်မြေရဲစခန်း မှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇော်လင်းထက်နဲ့အဖွဲ့က နယ်မြေခံ အုပ်ချုပ်ရေးမှူး ဦးဌေးမင်း၊ ရာအိမ်မှူးဦးအောင်မြင့်စိုး တို့နဲ့အတူ မစန္ဒာရဲ့အိမ်ကို ဝင်ဖမ်းတာမှာ မစန္ဒာနဲ့ အနိပ်သမ ၄ဦး၊ အနိပ်ခံနေတဲ့ဧည့်သည် ၂ဦးကို အနိပ်ခန်းနဲ့ဆက်စပ်တဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ကနဦးသတင်းပေးပို့တိုင်ကြားချက်မှာ တွေ့ရှိရပါတယ်။ ဖမ်းဆီးရာမှာ ပါတဲ့ ရဲတပ်ဖွဲ့ဝင်တယောက်ပြောပြတာက

 

“သတင်းရလို့ဝင်ဖမ်းတာပါ၊ သတင်းရတဲ့အတိုင်း တရားမဝင်ဖွင့်ထားတယ်။ ဒါကြောင့်သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့အမှုဖွင့်ထားပါတယ်” လို့ ပြောပါတယ်။

 

ဖမ်းမိထားသူတွေကို ပတ္တာနယ်မြေရဲစခန်းမှာ (ပ) ၁၀၃/ ၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #VOM #နေပြည်တော်အနိပ်ခန်း #ပုပ္ဗသီရိ

Related posts

Leave a Comment

VOM News

FREE
VIEW